“ဘာသာစုံဂုဏ်ထူးနဲ့(၁၀)တန်းအောင်မြင်ခဲ့တဲ့ သမီးလေးရဲ့အမှတ်စာရင်းတွေကြောင့် ထပ်ပြီးပျော်ရွှင်ခဲ့ရတဲ့ နိုင်ဇော်။”

4874
e333 2

“ဘာသာစုံဂုဏ်ထူးနဲ့(၁၀)တန်းအောင်မြင်ခဲ့တဲ့ သမီးလေးရဲ့အမှတ်စာရင်းတွေကြောင့် ထပ်ပြီးပျော်ရွှင်ခဲ့ရတဲ့ နိုင်ဇော်။”

e333 2

(၁၀)တန်းကျောင်းသူ၊ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေအတွက် ရင်ခုန်စရာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းကြီးကတော့ဇွန်လ(၈)ရက်နေ့မှာ ထွက်ရှိခဲ့ပြီးပဲ ဖြစ်ပါတယ်။

ကျောင်းသားဘဝရဲ့ အရေးကြီးဆုံး အဆစ်အချိုးဖြစ်တဲ့ (၁၀) တန်း စာမေးပွဲကြီး အောင်ကြတဲ့ သူတွေတိုင်းကလည်း အမှတ်စာရင်းမှာ တစ်ဖန်ပြန်ပြီး ရင်ခုန်ခဲ့ကြပြန်ရတာပဲ ဖြစ်ပါတယ်။

Lazy Club ဂီတအဖွဲ့မှ ဂီတာပညာရှင် နိုင်ဇော်ရဲ့ သမီးလေးကလည်း (၁၀)တန်း စာမေးကွဲကို ဘာသာစုံ ခြောက်ဘာသာဂုဏ်ထူးအောင်မြင်ခဲ့တာဖြစ်ပြီး သမီးလေးရဲ့ အမှတ်စာရင်း ကောင်းမွန်ခဲ့တဲ့အတွက်လည်း တစ်ဖန်ပြန်လည် ဝမ်းစားခဲ့ပြန်ရတာပဲ ဖြစ်ပါတယ်။

နိုင်ဇော်က သူ့ရဲ့သမီးလေးအတွက် ဖခင်တစ်ယောက်အနေနဲ့ ဂုဏ်ယူရင်း မျက်ရည်တောင်ကျခဲ့ရတယ်လို့ မီဒီယာတွေအပေါ်မှာ ဖြေဆိုထားခဲ့ပါသေးတယ်။

ဘာသာစုံနဲ့ အောင်မြင်ခဲ့တဲ့ သမီးလေးရဲ့ အမှတ်စာရင်းတွေကိုကြည့်ပြီး တစ်ဖန်ပြန်လည်ဝမ်းသာပီတိဖြစ်ခဲ့ရတဲ့ နိုင်ဇော်ကတော့ ” သမီးအတွက် အမှတ်စာရင်းသွားထုတ်ပေးရင်း အမှတ်တွေသိရလို့ ထပ်ပျော်နိုင်ပါပြီ ” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့ပြန်တာပဲ ဖြစ်ပါတယ်။

နိုင်ဇော်ရဲ့သမီးလေးက အမှတ်စုစုပေါင်း (၅၂၁) မှတ်နဲ့ ဆယ်တန်းစာမေးပွဲကြီးကို ပေါက်ပေါက်မြောက်မြောက်နဲ့ နှစ်ချင်းပေါက် ဖြစ်ဖြစ်မြောက်မြောက် အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။

နိုင်ဇော်ရဲ့ သမီးချောလေး မိုးဖြူစင်ဇော်ကတော့ သူမရဲ့ ကြိုးစားမှုရလဒ်ကြောင့် ၁၀ တန်းစာမေးပွဲကို ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာဖြစ်ပြီး အမှတ်စာရင်းမှာလည်း (၅၂၁) မှတ်နဲ့ အောင်မြင်ခဲ့တာကြောင့် အားလုံးက မိဘတွေနဲ့ထပ်တူ ဝမ်းသာပီတိဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ပြီး အမှတ်အများကြီးနဲ့ အောင်မြင်ခဲ့တဲ့ သမီးလေး မိုးဖြူစင်ဇော်အတွက် ဂုဏ်ယူပါတယ်လို့ ပြောပါရစေနော်။

Kay Kay

Source:Naing Zaw’s fb

Facebook Comments