အန်ကယ့်ကို သတိရကြောင်းတွေ ရင်ဖွင့်လာတဲ့ တင်ဇာမော်

693
65t

တင်ဇာမော်က Myanmar Idol Season 4 မှာ အကဲဖြတ်ဒိုင်အဖြစ်ပါဝင်တော့မှာ မဟုတ်တဲ့ မြန်မာပြည်သိန်းတန်ကို သတိရတဲ့အကြောင်းတွေပြောပြလာပါတယ်။ အကဲဖြတ်ဒိုင် အသစ် ၂ ယောက်ဆီကလည်း ပညာတွေ ယူရမယ်လို့ ဆိုပါတယ်။

65t

Myanmar Idol Season 4 မှာလည်း အကဲဖြတ်ဒိုင်တစ်ဦးအနေနဲ့ ပါဝင်လျှက်ရှိဦးမယ့် တင်ဇာမော်က အကဲဖြတ်ဒိုင်အဖြစ်ပါဝင်လာခြင်းမရှိတော့တဲ့ မြန်မာပြည်သိန်းတန်ကို လွမ်းတဲ့အကြောင်း မီဒီယာ အင်တာဗျူးတွေကနေတဆင့်ဖြေဆိုခဲ့ပါတာ်။

z 2

‘’အန်ကယ်က တုတ်ထိုးအိုးပေါက်ပြောတတ်တဲ့ လူတစ်ဦးပေါ့နော်။ အန်ကယ်က တကယ့်ကို ဝါရင့်သမ္မာရင့် ဂီတမှူးကြီးလေ။ သီချင်းလည်းရေးနိုင်တယ်၊ ဆိုနိုင်တယ်၊ တီးနိုင်တယ်။ ဒါတကယ့်ကို တန်ဖိုးကြီးတဲ့ ဂီတပညာရှင်ပေါ့။ အစ်မအနေနဲ့ လွမ်းနေပါတယ်။ ဒိုင်တစ်ယောက်အဖြစ်နဲ့လည်း သတိရနေပါတယ်’’ ဆိုပြီးတော့ ဇွန်လ ၁၁ ရက်နေ့က Myanmar Idol Season 4 စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

လက်ရှိမှာတော့ တင်ဇာမော်ဟာ ဝါရင့်အဆိုတော် တစ်ဦးဖြစ်တဲ့ ဦးအောင်ကိုလတ် နဲ့ Myanmar Idol Season 4 မှာ အကဲဖြတ်ဒိုင်အဖြစ်အတူတူဆောင်ရွက်ရမှာပါ။ ဦးအောင်ကိုလတ်ဆီက အနုပညာအရည်အချင်းတွေကိုလည်း သင်ယူရဦးမယ်လို့ ဆိုပါတယ်။

‘’ အခုပြောင်းလာတဲ့ ဒိုင်အသစ် ၂ ဦးမှာလည်း ဆရာဦးအောင်ကိုလတ်ဆိုရင် ဂီတမှူးပါပဲ။ သူလည်း သီချင်းရေးနိုင်တယ်၊ ဆိုနိုင်တယ်။ ဒါရိုက်တာလည်းဖြစ်တယ်။ အရမ်းတော်ပါတယ်။ အစ်မအနေနဲ့ အခု အလုပ်အတူတူလုပ်ရမယ်ဆိုတော့ သူ့ဆီက ဘယ်လိုပညာတွေ ယူရမလဲဆိုတာကို ရင်ခုန်စွာနဲ့ စိတ်ဝင်စားနေပါတယ်’’ လို့ ပြောပါတယ်။

အဲဒီနောက် Myanmar Idol Season 4 မှာ အကဲဖြတ်ဒိုင်အဖြစ်ပါဝင်လာမယ့် ဖြူဖြူကျော်သိန်းဖြစ်ပါတယ်။ ဖြူဖြူကလည်း အရမ်းတော်တဲ့အဆိုတော် တစ်ယောက်ဖြစ်တဲ့အကြောင်း တင်ဇာမော်က ပြောပြခဲ့ပါသေးတယ်။

‘’ ဖြူဖြူဆိုရင်လည်း အစ်မရဲ့ ညီမလေးပါပဲ။ သူဆိုရင်လည်း ဆိုတဲ့အသံကိုက သူ့ပုံစံကို တသီးတခြားစီဖြစ်အောင် သူက ထူထောင်ထားတာလေ။ သူ့မှာ ပညာတွေရှိတယ်၊ အသိတွေရှိတယ်၊ ဉာဏ်တွေရှိတယ်။ အတုယူရမယ့်အချက်အလက်တွေ သူ့မှာ အများကြီးရှိတယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

တင်ဇာမော်ဟာ Myanmar Idol Season 1 ကနေ အခုလာမယ့် Season 4 အထိ အကဲဖြတ်ဒိုင်တစ်ဦးအဖြစ်ပါဝင်လာတဲ့ အဆိုတော် တစ်ယောက်ပါ။ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေ အနေနဲ့ Seven Concert လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကိုလည်း ၂၀၁၇ ခုနှစ်အတွင်း မှာ ကျင်းပခဲ့ပါသေးတယ်။ ဒီနေ့အချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေအတွက်ကိုလည်း အမြဲတမ်းကြိုးစားနေပါ့မယ်ဆိုတဲ့ အကြောင်း ကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

credit- celeyatkwat

Facebook Comments