မြောင်းမြ အကျဉ်းထောင်တွင် ထောင်ဝင်စာပို့သည့် ကြက်သွန်နီများကို မသင်္ကာလို့ စစ်ကြည့်လိုက်ရာ….

5178
121 2

မြောင်းမြအကျဉ်းထောင်တွင် မူးယစ်ဆေးဝါးအမှုဖြင့်ထောင်ဒဏ်(၂၄)နှစ်ကျခံနေသူအား ထောင်ဝင်လာတွေ့သူအမျိုးသမီးတစ်ဦးကထောင်ဝင်စာပို့သည့်ပစ္စည်းထဲသို့ မူးယစ်ဆေးများထည့်သွင်းပို့ဆောင်သည်ကို ဖမ်းဆီးရမိခြင်း

121 2

Wednesday, June 12, 2019

ဧရာဝတီတိုင်းဒေသကြီးမြောင်းမြမြို့. အကျဉ်းထောင်တွင် ၁၁.၆.၂၀၁၉.ညနေ.၅.နာရီခန့်တွင် မူးယစ်ဆေးဝါးမှုဖြင့်ထောင်ဒဏ်(၂၄)နှစ်ကျခံနေသော.မြတ်လင်းစံအား .ထောင်ဝင်စာတွေ့ရန်လာရောက်သည့်. မညွန့်ညွန့်စန်း(ခ)မသဇင်ယူဆောင်လာသော ထောင်ဝင်စာပစ္စည်းများကို ရှာဖွေရေးတာဝန်ကျ. လ/ထကြီးကြပ်ရေးမှူး.၁. ညီညီထက်နှင့် အဖွဲ့မှ ရှာဖွေစစ်ဆေးစဉ် .ကြက်သွန်နီဥများအားမသင်္ကာဖွယ်တွေ့ရှိကြောင်း အကြောင်းကြားသဖြင့်. မြောင်းမြရဲစခန်းမှနယ်ထိန်းခေါင်းဆောင် .ဒုရဲအုပ်တင်ကိုကိုလင်းနှင့်တပ်ဖွဲ့ဝင်များ.

5 12

အမှတ်.၄.ရပ်ကွက်အုပ်မှူး. ဦးသန်းဆွေဦးအမှတ်. ၂.ရပ်ကွက်ရာအိမ်မှူးဦးနိုင်ဝင်းတို့သွားရောက်ခဲ့ပြီး အကျဉ်းထောင်ဝန်ထမ်းများနှင့်အတူ သက်သေများရှေ့တွင်မညွန့်ညွန့်စန်းယူဆောင်လာသည့် .မြတ်လင်းစံ(ဘ)ဦးလှဝင်းအမည်ပါသည့် အဖြူရောင်ကျွတ်ကျွတ်အိတ်တွင်းမှ ကြက်သွန်နီဥခွံ(၂၄)လုံးအတွင်းပလပ်စတစ်.၁.ထပ် ခဲရောင်စက္ကူ.၁.ထပ်တို့ဖြင့်လုံး၍ထုပ်ထားသော.

4 18

WY.စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား.ပန်းရောင်(၁၄၀၀)ပြားအလေးချိန်(၁၄၀)ဂရမ်.အစိမ်းရောင် (၁၀)ပြားအလေးချိန်. ၁.ဂရမ်.စုစုပေါင်း(၁၄၁၀)ပြားတန်ဘိုးငွေ.(၄၂၃၀၀၀၀)နှင့်ICE. ဟုယူဆရသော.အဖြူရောင်ပုံဆောင်ခဲ. အလေးချိန်(၂၄)ဂရမ်. တန်ဖိုးငွေ(၁၂၀၀၀၀၀)တို့အားတွေ့ရှိခဲ့ပြီးမညွန့်ညွန့်စန်းထံမှ ဘေးလွယ်အိတ်တစ်လုံး .လက်ကိုင်ဖုန်း.၂.လုံး.မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်း.ငွေစက္ကူရောရာ.၁၅၈၀၅၀ိ/ကျပ်တို့အား ရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့ပြီး. စိတ်ကြွရူးသွပ်ဆေးပြားနှင့် ICE.ဟုယူဆရသောအဖြူရောင်ပုံဆောင်ခဲတို့အား

3 30

တရားမဝင်လက်ဝယ်ထားရှိ သယ်ဆောင်သူ .မညွန့်ညွန့်စန်း(ခ)မသဇင်(၃၃)နှစ်(ဘ)ဦးခင်ညွန့်.အမှတ်.၃၈၁.ယမုံနာ.၂.ရပ်ကွက်.ဒေါပုံမြို့နေသူနှင့် .အကျဉ်းကျနေသူ.မြတ်လင်းစံ(ခ)မြတ်စံ(ခ) လင်းလင်း(၃၇)နှစ်(ဘ)ဦးလှဝင်း.တိုက်.၅.အခန်း(၂၀၈)အေဘလောက်.၈၄. ရပ်ကွက်.ယုဇနဥယာဉ်မြို့တော်. ဒဂုံဆိပ်ကမ်းမြိုနယ်.ရန်ကုန်တို့အားမြောင်းမြမြို့မရဲစခန်းမှ(ပ)၇/၂၀၁၉ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောပုဒ်မ.၁၉(က)/၂၀(က)/၂၁.အရအရေးယူဖွင့်လှစ်ထားကြောင်းသတင်းရရှိပါသည်…‌ ရဝေမောင်(မြောင်းမြ)

2 36

 

1 37

Facebook Comments