ပင်စင်လစာတွေနဲ လူထောင်ကျော်အတွက် အကျိုးပြုစေမယ့်တံတားကို့ဆောက်ပေးခဲ့တဲ့ သူ…

40
yu7777

ပင်စင်လစာတွေနဲ လူထောင်ကျော်အတွက် အကျိုးပြုစေမယ့်တံတားကို့ဆောက်ပေးခဲ့တဲ့ သူ…

yu7777

ကမ္ဘာပေါ်ကနေရာတိုင်းဟာ ဖွံ့ဖြိုးတိုးတက်ပြီး လမ်းပမ်းဆက်သွယ်ရေးလည်း ချောချောမွေ့မွေ့ဖြစ်နေဖို့ဆိုတာ အခုအချိန်အထိတော့မဖြစ်နိုင်သေးပါဘူး။ မမျှတဘူးပဲပြောပြော ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒေသတွေဟာဆိုရင်လည်း လူနေမှုကအစ အရမ်းမြင့်မားနေသလို မပြည့်စုံတဲ့ဒေသတွေကျပြန်တော့လည်း တစ်နေရာနဲ့တစ်နေရာကို သွားဖို့လာဖို့တောင် အနိုင်နိုင်ရယ်ပါ။ အစိုးရဖက်ကလည်း တတ်နိုင်သလောက် လမ်းပမ်းဆက်သွယ်ရေးချာမွေ့အောင် လမ်းတွေပြုပြင်၊ တံတားတွေတည်ဆောက်ပေးနေတယ်ဆိုပေမယ့်လည်း အခြေအနေအကြောင်းကြောင်းကြောင့် မပြီးမစီးနိုင်တာတွေ၊ လုပ်ငန်းမစနိုင်သေးတာတွေဖြစ်လို့နေပါတယ်။

အဲဒီလိုဒေသတွေထဲ အိန္ဒိယနိုင်ငံက အိုဒီရှာက ကန်ပွားရွာလေးလည်း ပါဝင်နေပါတယ်။ ကမ်ပွားရွာနဲ့အနီးအနားမှာရှိတဲ့ တခြားရွာ ၆ ရွာလောက်ဟာ စီးပွားရေးအရပဲဖြစ်ဖြစ် တခြားအခြေအနေတွေကြောင့်ပဲဖြစ် တစ်နေရာကတစ်နေရာသွားချင်ရင်ဒါမှမဟုတ် မြို့ပေါ်သွားချင်တဲ့အခါမျိုးတွေမှာဆို တောတွေချောင်းတွေထဲကဖြတ်ပြီး ခက်ခက်ခဲခဲ ခရီးသွားကြရပါတယ်။

2 4

လမ်းခရီးဟာ ကြမ်းတမ်းပြီး မတေ်ာတဆမှုတွေလည်း ဖြစ်နိုင်ပေမယ့်လည်း အဲဒီဖြတ်လမ်းကလွဲပြီး ကျန်တဲ့လမ်းက မပေါက်ပြန်တော့ အချိန်ပင့်စေမယ့် ဖြတ်လမ်းကိုသာ နှစ်ပေါင်းများစွာကြာအောင်အသုံးပြုခဲ့ကြရပါတယ်။ ဒီလိုအခက်အခဲတွေကြောင့် ရွာနားနီးစပ်တွေဆီက ငွေကြေးစုဆောင်းပြီး တံတားဆောက်ပေးနေခပမယ့်လည်း ငွေကြေးအခက်အခဲတွေကြောင့် တံတားကြီးဟာ ဆောက်လက်စအနေအထားမျိုးနဲ့ ၁၄ နှစ်ကြာတာတောင် မပြီးစီးခဲ့ပါဘူး။ အစိုးရနဲ့ပရဟိတအဖွဲ့အစည်းတွေကို ပြောခဲ့ပေမယ့်လည်း ပြန်လည်ဆက်သွယ်မလာခဲ့ကြတာကို ခံခဲ့ရပါတယ်။

အခက်အခဲတွေကိုထိုင်ကြည့်မနေနိုင်တော့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကတော့ သူ့ရဲ့ပင်စင်လစာတွေအကုန်လုံးကို စားဖို့သောက်ဖို့လောက်ပဲချန်ကာ ရသမျှအကုန်လုံးကို တံတားတည်ဆောက်ရေး ရံပုံငွေထဲ ထည့်ပေးခဲ့ပြီး အမြန်ဆုံးတံတားကြီးကို တည်ဆောက်မှုပြီးစီးအောင်တွန်းအားပေးခဲ့ပါတယ်။ သူ့နာမည်ကတော့ Gangadhar Rout ပါ။ အသက် ၇၆ နှစ်ရှိနေပြီဖြစ်ပြီး လူချမ်းသာတစ်ဦး မဟုတ်ပါဘူး။ အများပြည်သူအတွက် လိုအပ်တဲ့ တံတားဆောက်လုပ်ဖို့ကိုတော အိုစာမင်းစာအဖြစ် တစ်ဘဝလုံး စုဆောင်းလာတဲ့ အိန္ဒိယရူပီး ၁၂ သိန်းကျော်လောက်(သိန်း ၂၆၀ ခန့်)ကို တစ်ခါတည်းလှူပစ်ခဲ့ပါတယ်။

1 4

မိုးရာသီရောက်ရင် ဖြတ်လမ်းအဖြစ် အသုံးပြုနေတဲ့ မြစ်ဟာ အခုအချိန်မှာ ခမ်းနေပေမယ့် မိုးကြီးပြီဆို ရေကြီးတတ်တာမလို့ လူအသေအပျောက်တွေလည်း ရှိလျက်နေပါတယ်။ ဒါကြောင့် Rout ဟာ တံတားကိုတာဝန်ယူတည်ဆောက်လျက်ရှိနေတဲ့ Hatadihi ဆောက်လုပ်ရေးကို မိုးတွင်းအမီဆောက်ပေးဖို့အတွက်ပါ တောင်းဆိုခဲ့ပါသေးတယ်။

အဖိုးဟာ အစကတော့ပင်စင်လစာလေးနဲ့ မိသားစုစားသောက်ရေးအတွက် ကားလေးတစ်စီးလောက်ဝယ်ပြီး ငှားပဲစားစား၊ ကိုယ်တိုင်အမောင်းပဲလိုက်လိုက် လုပ်မယ်လို့စိတ်ကူးထားခဲ့ပေမယ့်လည်း တံတားအကြောင်း ကြားမိတိုင်း စိတ်မချမ်းမြေ့ဖြစ်ရတဲ့အတွက် လှူလိုက်ဖို့စိတ်ပိုင်းဖြတ်ခဲ့တာဖြစ်ပြီး အခုဆိုရင် စိတ်ချလက်ချမျက်လုံးမှိတ်နိုင်ပါပြီဆိုပြီး ပြောခဲ့ပါတယ်။

Credit to Shwemom

Facebook Comments