မိန်းကလေး က သင့်ကို ကြိုက်နေတယ် ဆိုတာ သိနိုင်မယ့် နည်းလမ်းလေးများ.

420
w2222 1

မိန်းကလေး တယောက်က သင့်ကို ကြိုက်နေတယ် ဆိုတာ သိနိုင်မယ့် နည်းလမ်းလေးများ

w2222 1

ယောက်ျားလေး တယောက်က မိန်းကလေး တယောက်ကို ကြိုက်နေပြီ ဆိုရင်တော့ အပြင်ထွက်ဖို့ ခေါ်ဒိတ်မှာပါ။ ဒါပေမဲ့ မိန်းကလေးတွေက ယောက်ျားလေးကို တိုက် ရိုက်မဖွင့် ပြောကြပါဘူး ။ (ဖွင့်ပြောတဲ့ မိန်းကလေး တော့ ကျွန်တော် တွေ့ဖူးပါတယ်) မိန်းကလေး အများစု ဟာ ယောင်္ကျားလေးတွေကို ရေလာမြောင်းပေး သွယ်ဝိုက် လုပ်တတ် ကြပါတယ်။

ယောက်ျားလေး အများစုကတော့ ဒီလိုမျိုးတွေ ရေလာမြောင်းပေးတွေကို အလို အလျောက် သိစိတ်နဲ့ကို နားလည်ကြ ပါတယ် ။ ဘာပဲဖြစ်ဖြစ် အခုဒီမှာတော့ သေချာအောင် မိန်းကလေး တယောက်က သင့်ကို စိတ်ဝင်စားနေပြီ ဆို လုပ်တတ်တဲ့ ရေလာမြောင်းပေး အချက်တွေကို ဖော်ပြပေးလိုက် ပါတယ်။

၁။ Social Media Post တွေကို သူအမြဲတမ်း ကြည့်ဖြစ်တယ်။

1q

သင့်က စာရေးကောင်းတဲ့ သူတစ်ဦး ၊ ဒါမှမဟုတ် စိတ်ဝင်စားစရာ တစ်ခုခု တင်ထားလို့ သူက Like ပေးသွား ရင်တော့ ရေလာမြောင်းပေး လုပ်တယ်လို့ ယူဆလို့ မရဘူးပေါ့။ ဒါပေမဲ့ ဘာမှ မဟုတ်တာက အစ စိတ်ဝင်စား နေတယ် ဆိုရင်တော့ မိန်းကလေး တယောက်က သင့်ကို စိတ်ဝင်စားနေ ပါတယ်။

၂။ သင့်ကို ချက်ခြင်း အရေးလုပ်တယ်။

2q

စာပို့တာပဲ ဖြစ်ဖြစ်၊ ဖုန်းခေါ်တာပဲ ဖြစ်ဖြစ်သင့်ကို ချက်ခြင်း ပြန်ပို့တယ် ဆိုရင် သင့်ကို ကြိုက်နေတယ် ဆိုတာ တော်တော် သေချာနေပါပြီ။

၃။ သင့်ကို အရင်ဆုံး စကားလာပြောမယ်။

3q

ဒီအချက်ကတော့ အသိသာကြီးပဲ။ ဘယ်လို Relationships ဖြစ်ဖြစ် ဆက်သွယ်မှု တစ်ခုကပဲ စရတာပါ။ အွန်လိုင်းမှာပဲ ဖြစ်ဖြစ် အပြင်မှာပဲ ဖြစ်ဖြစ် သင့်ကို စကား လာစပြောတာ ကတော့ အလွန်သိသာလှတဲ့ ရေလာ မြောင်းကြီးတစ်ခု ဖြစ်ပါတယ် ။

၄။ တခြားယောက်ျားလေးတွေ နဲ့ အဆက်အဆံ သိပ်မလုပ်ဘူး။

4q

မြန်မာကားတွေ မှာသာ ရည်းစားပြိုင်လုကြတာ ရှိပေမဲ့ အပြင်မှာ ယောက်ျားလေးတွေက ကောင်မလေးတစ်ယောက်ကို ပြိုင်လိုက်ခဲ ပါတယ်။ ဒါကြောင့် မိန်းကလေး တစ်ယောက်က သင့်ကို နှစ်သက်နေပြီဆို သင်အထင်လွဲမှာ ဆိုးတဲ့ အတွက်ကြောင့် သူ့ရည်းစားဟောင်း တွေပဲ ဖြစ်ဖြစ် ၊တခြား ယောက်ျားလေးတွေပဲ ဖြစ်ဖြစ် သိပ်မတွဲပြ ပါဘူး။

၅။ သင့်အကြောင်းတွေကို စိတ်ဝင်စား တတ်တယ်။

5q

ဒါကလည်း ရှင်းပါတယ်။သင့်ရဲ့ အကြိုက်ဆုံး အစားအစာ၊ ရုပ်ရှင်၊ သီချင်း စတဲ့ အသေးစိတ်တွေ မှတ်ထားမှတော့ သင့်ကို နှစ်သက်နေ လို့ပဲ ဖြစ်ပါတယ်။

၆။ သူမအကြောင်းတွေ ပြောပြတတ်တယ်။

သူမရဲ့ ဒုက္ခတွေ၊ အိပ်မက်တွေ၊ စတာတွေကို သင့်ကို ရင်ဖွင့်ပြတတ်တယ် ဆို သင့်ကို ယုံကြည်ပြီး သင်နဲ့ဆိုရင် သက်တောင့် သက်သာ ခံစားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ် ။

၇။ သင်ကို မျက်လုံးချင်း ဆိုင်ကြည့်ပြီး ကြည့်တယ်။

222 4

မျက်လုံးချင်းဆိုင်ဖို့ ကလည်း တယ်မလွယ်ပါဘူး။ ရုတ်တရက် မျက်လုံးချင်း ဆိုင်နေတာပဲ ဖြစ်ဖြစ် ၊တစ်ယောက်ယောက်က သင့်ကို စိုက်ကြည့်နေမှ ဆိုင်တတ်တာ မျိုးပါ။ လျှပ်တပြတ် ဆိုင်တာမျိုး မဟုတ်ဘဲ သူမက သင့်ကို စိုက်ကြည့်နေတယ် ဆိုရင်တော့ ။

Ref : Love Panky , SM

Facebook Comments