ကလေးကို အလိုလိုက်ပြီး ဖုန်းအလွန်အကျွံပေးသုံးတဲ့အခါ ကြုံတွေ့လာနိုင်တဲ့ ဆိုးကျိုးများ…

44
q22222 2

ကလေးကို အလိုလိုက်ပြီး ဖုန်းအလွန်အကျွံပေးသုံးတဲ့အခါ ကြုံတွေ့လာနိုင်တဲ့ ဆိုးကျိုးများ…

q22222 2

အခုခေတ်မိဘတွေအနေနဲ့ မိမိတို့သားသမီးတွေကိုအီလက်ထရောနစ်ပစ္စည်းတွေနဲ့မထိတွေ့ပေးဖို့ဆိုတာခက်ခဲလွန်းနေပါပြီ။ မိဘတစ်ယောက်အနေနဲ့ ကလေးကို မိုဘိုင်းဖုန်းပေးထားလိုက်တဲ့အခါ ထိန်းသိမ်းကြည့်ရှုရ အရမ်းလွယ်ကူသွားတာကို လက်ခံကြမှာပါ။ ဒါပေမယ့်လည်း ဖုန်းပေးထားလို့ ကလေးငြိမ်နေတယ်ဆိုပြီး ကလေးတွေကို မိုဘိုင်းဖုန်းတွေ အကြာကြီး မကြည့်စေသင့်ပါဘူး။ အချိန်အကန့်အသတ်နဲ့သာ ဖုန်းသုံးခွင့်ပေးထားသင့်ပြီး ကလေးဘာဝအလျှောက် ကစားခုန်စားနဲ့သာ သူတို့ကို ပျော်မွေ့စေသင့်ပါတယ်။ ကလေးတွေကို အလိုလိုက်ပြီး အီလက်ထရောနစ်ပစ္စည်းတွေ အချိန်အကြာကြီး ပေးသုံးတဲ့အခါ ဘယ်လိုအန ္တရာယ်မျိုးတွေ ရှိနိုင်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ဖုန်းစွဲလန်းလွန်းခြင်း

1 33

ဒေါက်တာအဲရစ်ဆစ်ခ်မန်းရဲ့သုတေသနပြုလုပ်ချက်အရအသက်(၃၄)နှစ်ကလေးတွေကိုမိုဘိုင်းဖုန်းအကြာကြီးပေးသုံးတဲ့အခါ Screen Dependency Disorder (SDD) လို့ခေါ်တဲ့ ဖုန်းအပေါ်မှီခိုစွဲလမ်းမှုမျိုး ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ SDD ဟာ ကလေးတွေရဲ့ အပြုအမူပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ ကလေးအနေနဲ့ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်းအပြင် စိတ်မငြိမ်မသက်ဖြစ်ခြင်း၊ အထီးကျန်ခြင်း၊ ဖုန်းစကရင်ပေါ်မှာ မှီခိုလွန်းခြင်းနဲ့ ပြင်ပအကြောင်းအရာတွေကို စိတ်မဝင်စားခြင်းတွေ ဖြစ်လာစေပါတယ်။ ရေရှည်မှာတော့ ဦးနှောက်ကိုပါ ပျက်စီးစေပါတယ်။

စကားပြောနောက်ကျခြင်း

2 31

ကလေးအယောက်(၉၀၀) ပါဝင်တဲ့ လေ့လာချက်တစ်ခုမှာတော့ ကလေးတွေဟာ တက်ဘလက်၊ စမတ်ဖုန်းစတဲ့ ပစ္စည်းတွေနဲ့ အချိန်ဖြုန်းတာများလေလေ၊ (၆) လကနေ (၁) နှစ်အရွယ်ရောက်လာတဲ့အခါမှာ စကားပြောနောက်ကျဖို့ အခွင့်အလမ်းပိုများလေဖြစ်ကြောင်း သိရပါတယ်။ သုတေသနရလဒ်အရတော့ နေ့စဉ် အနည်းဆုံး(၂၈) မိနစ်ခန့် ဖုန်းကြည့်တဲ့ကလေး (၂၀) ရာခိုင်နှုန်းဟာ စကားပြောနောက်ကျနိုင်ခြေ (၄၉) ရာခိုင်နှုန်း ပိုများနေတာကို တွေ့ခဲ့ရပါတယ်။

မိဘနဲ့ ဆက်ဆံရေး အားနည်းခြင်း

3 25

အိမ်ထောင်စုပေါင်း (၃,၇၀၀) ကျော်ပါတဲ့ ကတ်စပါစကီးလေ့လာချက်တစ်ခုမှာတော့ (၃၁) ရာခိုင်နှုန်းသော မိဘတွေက ခေတ်ပေါ်အီလက်ထရောနစ်ပစ္စည်းတွေကြောင့် အသက် (၈-၁၆) နှစ်အတွင်း ရှိကြတဲ့ သူတို့ရဲ့ ကလေးတွေနဲ့ ဆက်သွယ်စကားပြောဆိုရာမှာ အဆင်မပြေဖြစ်ကြကြောင်း ဆိုပါတယ်။ ဥပမာပြောရရင် မိဘ(၄) ဦးမှာ (၁) ဦးက သူတို့ရဲ့ သားသမီးတွေဟာ အခက်အခဲကြုံလို့ အကြံဉာဏ်လိုတဲ့အခါမျိုး၊ မေးမြန်းစရာတွေရှိတဲ့အခါမျိုးတွေမှာ မိဘကို မတိုင်ပင်ပဲ အွန်လိုင်းကိုသာ မှီခိုအဖြေရှာကြကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

အိပ်ရေးပျက်ခြင်း

4 14

Journal of the American Medical Association (JAMA) က ဆေးပညာရှင်တွေကတော့ ကလေးတွေ ညပိုင်းအချိန် ဖုန်းအသုံးပြုတာဟာ အိပ်ရေးပျက်ခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်ရေးမဝခြင်းတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။

သင်ယူလေ့လာမှုပိုင်း အားနည်းခြင်း

5 10

မိုဘိုင်းဖုန်း အသုံးပြုများတဲ့ ကလေးတစ်ယောက်အနေနဲ့ နည်းပညာပိုင်းမှာ အစစအရာရာ လူကြီးတွေထက် ပိုသိနေမှာပါ။ ဒါပေမယ့် ကလေးတွေအနေနဲ့ လက်တွေ့ဘဝမှာ နည်းပညာသိရုံနဲ့တင်မပြီးပဲ အခြားအခြေခံစွမ်းရည်တွေလည်း တိုးတက်အောင် လုပ်ဖို့ လိုပါသေးတယ်။ အင်ဒီယားနားတက္ကသိုလ်က ပရော်ဖက်ဆာတစ်ဦးဖြစ်တဲ့ ဒေါက်တာ ကာရင်းဂျိမ်းစ်ကတော့ ခဲတံကိုင်ပြီး စာရေးခြင်းဟာ စကရင်ပေါ်မှာ စာတွေရိုက်တာထက် ပိုပြီး ကလေးဦးနှောက်ကို အလုပ်ပေးကြောင်း ရှင်းပြခဲ့ပါတယ်။ စာရိုက်ခြင်းမှာ အက္ခရာတစ်လုံးနဲ့ ပတ်သက်လို့ ကလေးရဲ့ အသိအမြင်တွေ ဘာမှ မပါဝင်ပါဘူး။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို ဖုန်းထဲမှာ app တွေ ဒေါင်းပြီး စာရေးသင်ပေးမယ့်အစား ခဲတံ၊ ဘောပင်နဲ့ စာရွက်တွေပေးပြီး သင်ယူစေသင့်ကြောင်း ဒေါက်တာကာရင်းက ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

CRD-လင်းလင်း (ShweMom)

Facebook Comments