လူ(၂)ဦး နဲ့ ကျွဲ(၁၂)ကောင် မိုးကြိုးပစ်ခံရ လို့ သေဆုံး….

88
y666 87 2

မိုးကြိုးပစ်ခံရ လို့ လူ(၂)ဦး နဲ့ ကျွဲ(၁၂)ကောင် သေဆုံး

y666 87 1

၂၀၁၉ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ ည ၆ နာရီအချိန် ရှမ်းပြည်နယ်၊ မိုင်းခတ်မြို့နယ် ခမ်းနွဲ့ကျေးရွာနေ ဒေါ်အီနန်း(၃၃)နှစ်သည် ကျေးရွာအနီးရှိ ၎င်း၏လယ်တောသို့ သွားရောက်စဉ် မိုးကြိုးပစ်ခတ်ခံရမှုကြောင့် ဦးခေါင်း၊ လည်ပင်း၊ ဝဲ/ယာလက် မီးလေင်ဒဏ်ရာများဖြင့် သေဆုံးသွား ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ပေါက်တောမြို့နယ် ငှက်ချောင်းကယ်ဆယ်ရေးစခန်း(၂)နေ ဇော်နိုလ်အာဒိန်(၄၇)နှစ်သည် အသပြာကျွန်းရှိ ပုဇွန်တာ၌ငါးရှာဖွေနေစဉ် မိုးကြိုးပစ်ခတ်ခံရမှုကြောင့် ၎င်းတွင် ဝမ်းဗိုက်ညိုမဲပွန်းပဲ့ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားသဖြင့် အလောင်းအား ပေါက်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

y666 87 2

အလားတူ ဇွန်လ ၉ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် လှိုင်းဘွဲမြို့နယ်အတွင်း မိုးရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် ပိုင်ကျုံမြို့ ဒညင်းကုန်းကျေးရွာ၌ ကျွဲ ၁၂ ကောင်(ထီး ၃၊ မ ၉) မိုးကြိုးထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Facebook Comments