ကမ္ဘာက အားကျရတဲ့ ဂျပန်နိုင်ငံရဲ့ ပညာရေး စနစ်များ…

62
ew333 66

ကမ္ဘာက အားကျရတဲ့ ဂျပန်နိုင်ငံရဲ့ ပညာရေး စနစ်များ…

ew333 66

ဂျပန်လူမျိုးတွေဟာ သူတို့ရဲ့ညဏ်ရည်မြင့်မားမှု၊ကျန်းမာကြံ့ခိုင်မှု၊ယဉ်ကျေးပျူငှာမှုတို့ကြောင့် နာမည်ကြီးပါတယ်။ဒါပေမယ့် တခြားနိုင်ငံတွေနဲ့မတူပဲ ဘာလို့တမူထူးခြားစွာ ကွဲထွက်နေရတာလဲ?တစ်ခုတည်းသောအဖြေက သူတို့ရဲ့တန်ဖိုးဖြတ်မရနိုင်တဲ့ ပညာရေးစနစ်ကြောင့်ပါ။

1.Manners before knowledge

1 3

ဂျပန်ကျောင်းတွေမှာ အသက်10နှစ်အရွယ် 4တန်းမရောက်ခင်အချိန်ထိ စာမေးပွဲတစ်ခုမှမဖြေရပါဘူး။သေးငယ်တဲ့ စမ်းသပ်ချက်တွေကိုပဲ လုပ်ဆောင်ရပါတယ်။4တန်းမရောက်ခင် ကျောင်းရဲ့ပထမပိုင်း3နှစ်ကို ကလေးတွေရဲ့ဗဟုသုတ၊သင်ယူခြင်းနည်းစဉ်တွေကို ဝေဖန်အကဲဖြတ်နေတာထက် သူတို့ရဲ့အကျင့်တွေ တိုးတက်ကောင်းမွန်လာအောင် အကျင့်ကောင်းတွေပျိုးထောင်ပေးဖို့ပဲ ပိုအသားပေးကြပါတယ်။ကလေးတွေဟာ အခြားသူတွေကိုလေးစားတတ်ဖို့နဲ့ သဘာဝနဲ့တိရစ္ဆာန်များအပေါ် နူးညံ့ကြင်နာတတ်ဖို့ သင်ကြားခံရပါတယ်။သနားကြင်နာတတ်ဖို့၊စာနာနားလည်တတ်ဖို့နဲ့ရက်ရောစွာပေးကမ်းတတ်ဖို့လည်း သင်ကြားပေးကြပါတယ်။ထို့အပြင် ဇွဲရှိဖို့၊ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိဖို့နဲ့တရားမျှတတတ်ဖို့လည်း သင်ကြားပေးကြပါသေးတယ်။

2.The Academic year starts on April 1st

2 3

ကမ္ဘာပေါ်က ကျောင်းတိုင်း၊တက္ကသိုလ်တိုင်းလိုလို Sep(သို့)Octမှာ ကျောင်းဖွင့်ရက်စပေမယ့် ဂျပန်မှာတော့Aprilကို သတ်မှတ်ထားပါတယ်။ကျောင်းစဖွင့်တဲ့ရက်လေးကို အလှပဆုံးသဘာဝဖြစ်စဉ်တွေထဲက တစ်ခုဖြစ်တဲ့ ချယ်ရီပန်းပွင့်ချိန်လေးနဲ့ စဖွင့်လိုက်တာပါ။April1 to July20,Sep1 to Dec26,Jan7 to Mar25ဆိုပြီး semester3ခု ခွဲထားပါတယ်။

3.The students clean their school themselves

3 2

ဂျပန်စာသင်ကျောင်းတွေမှာ သန့်ရှင်းရေးသမားမထားပါဘူး။စာသင်ခန်း၊ကျောင်းပတ်လည်၊အိမ်သာကအစ ကျောင်းသားတွေ အုပ်စုခွဲပြီး အစဉ်လိုက်သန့်ရှင်းရေးလုပ်ရပါတယ်။သူတို့ကိုယ်တိုင်သန့်ရှင်းရေးလုပ်ပေးခြင်းဖြင့် အသင်းအဖွဲ့စိတ်ဓာတ်တိုးလာပြီး အချင်းချင်းကူညီတတ်စေပါတယ်။နောက် ဒီလိုအားလပ်ချိန်မှာ ကြမ်းတိုက်၊တံမြက်စည်းလှုဲ။ဖုန်သုတ်၊သန့်ရှင်းရေးလုပ်ပေးခြင်းအားဖြင့် မိမိအလုပ်ကိုတင်မက သူတစ်ပါးအလုပ်ကိုပါလေးစားတတ်စေပါတယ်။

4.School lunch is provided on a standardized menu & eaten in the classroom

4 2

ဂျပန်နိုင်ငံပညာရေးစနစ်ဟာ ကျောင်းသားတွေအာဟာရမျှတပြီး ကျန်းမာရေးနဲ့ဆီလျော်တဲ့ အစားအစာများစားနိုင်ဖို့ကိုလည်း သေချာအလေးထားပါတယ်။ကျောင်းများတွင် ကျောင်းသားများစားဖို့ စံချိန်စံညွန်းနဲ့ကိုက်ညီတဲ့အစားအစာများကို ကျွမ်းကျင်တဲ့စားဖိုမှူးးတွေက ကျန်းမာရေးအဖွဲ့ရဲ့အထောက်အပံ့ယူပြီး ကျန်းမာရေးနဲ့ဆီလျော်အောင် ချက်ပြုတ်ပေးရပါတယ်။ကျောင်းသားတိုင်းဟာ စာသင်ခန်းထဲမှာပဲ ဆရာမနဲ့အတူစားရပါတယ်။ဒါဟာ ကျောင်းသားနဲ့ဆရာမကြား ရင်းနှီးချစ်ခင်စွာဆက်ဆံနိုင်ဖို့ ခြေလှမ်းအစဖြစ်ပါတယ်။

5.Students also learn Shodo & Haiku

5

Shodoလို့ခေါ်တဲ့ ဝါးစုတ်တံလေးကိုအသုံးပြုပြီး မင်နဲ့ရေးရတဲ့ ဂျပန်စာအရေးအသားအပြင် စာဖတ်သူတွေကို နက်ရှိုင်းတဲ့ခံစားချက်တွေပေးဖို့ ရိုးရှင်းတဲ့ဖော်ပြချက်များနဲ့ ဖွဲ့သီထားတဲ့ Haikuလို့ခေါ်တဲ့ ကဗျာပုံစံတစ်မျိုးကိုလည်း ရှေးအစဉ်အလာဓလေ့များကို မမေ့မလျော့လေးစားတတ်အောင် အတန်းတိုင်းမှာ သင်ကြားပေးပါတယ်။

6.ကျောင်းသားတိုင်းနီးပါး သတ်မှတ်ထားတဲ့ဝတ်စုံကို ဝတ်ဆင်ပေးရပါတယ်။

6

7.School Attendance rate in Japan is about 99.99%

7

အားလုံးရဲ့ဘဝမှာ အနည်းဆုံးတစ်ကြိမ်တစ်ခါတော့ ကျောင်းလစ်ဖူးကြမှာပါ။ဒါပေမယ့် ဂျပန်ကျောင်းသားတွေဟာ ကျောင်းဘယ်တော့မှမပျက်ကြပါဘူး။ကျောင်းလည်းမနောက်ကျကြပါဘူး။

8.A single test decides the student’s future

8

အထက်တန်းကျောင်းပြီးဆုံးသွားချိန် သူတို့ရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးမယ့် အလွန်အရေးကြီးတဲ့စာမေးပွဲတစ်ခုကိုဖြေရပါတယ်။ကျောင်းသားတွေဟာ သူတို့တက်လိုတဲ့ကောလိပ်ကိုရွေးချယ်နိုင်သလို သတ်မှတ်ထားတဲ့အမှတ်လည်းပြည့်မီရပါမယ်။သတ်မှတ်ထားတဲ့အမှတ်မပြည့်မီပါက တက်ရောက်ခွင့်မရှိပါ။အထက်တန်းကျောင်းပြီးနောက် 76%ခန့်သာ အမှတ်ပြည့်မီပြီး ဆက်တက်ခွင့်ရခဲ့ပါတယ်။မြင့်မားတဲ့ပညာရေးစနစ်ကိုခုန်ကူးဖို့ ပြင်ဆင်ရတဲ့ဒီအခိုက်အတန့်လေးကို “Examination Hell”လို့လည်း နာမည်ပြောင်ခေါ်ကြပါတယ်။

9.College Years are the best holidays in a person’s life

9 1

“Examination Hell”ကို ဖြတ်ကျော်အပြီးမှာတော့ အနားယူချိန်ပိုလာပြီး ဂျပန်လူမျိုးတွေအတွက်တော့ ကောလိပ်ဟာ ဘဝရဲ့ပျော်စရာအကောင်းဆုံးအချိန်တွေပါ။လုပ်ငန်းခွင်မဝင်ခင် အလည်အပတ်ခရီးလို့တောင် တင်စားကြပါသေးတယ်။crd

Facebook Comments