၈ ပေအရှည်ရှိတဲ့ စပါးအုံးမြွေကြီးကို ပိုက်ထင်ပြီး လက်နဲ့ဆွဲဖယ် ဖို့ကြိုးစားတဲ့ မျက်မမြင်အဖိုးရဲ့ အဖြစ်

100
q2222 1

၈ ပေအရှည်ရှိတဲ့ စပါးအုံးမြွေကြီးကို ပိုက်ထင်ပြီး လက်နဲ့ဆွဲဖယ် ဖို့ကြိုးစားတဲ့ မျက်မမြင်အဖိုးရဲ့ အဖြစ်

q2222 1

အသက်(၆၀)နှစ်အရွယ် မျက်မမြင်အဖိုးကြီးတစ်ဦးဟာ အိမ်သာကမုတ်ကနေတစ်ဆင့် အိမ်သာရေချိုးခန်းအတွင်းကို ဝင်ရောက်လာတဲ့ စပါးအုံးမြွေကြီးကို ရာဘာပိုက်အထင်နဲ့ လက်နဲ့ခပ်တင်းတင်း ဆွဲခဲ့မိတယ်လို့ ဆိုပါတယ်။ အဖုးိရဲ့အမည်ကတော့ Stuart Saunders ဖြစ်ပြီး၊ မျက်မမြင်ဘဝနဲ့ ဒုက္ခရောက်နေသူပါ။

သူဟာ (၈)ပေအရှည်ရှိ စပါးအုံးမြွေကြီးကို လျှပ်ကာအတွက်တပ်ဆင်ထာတဲ့ ရာဘာပိုက်ကြီးလို့ထင်နေပြီး လက်နဲ့ခပ်တင်းတင်း ဆွဲမိခဲ့တယ်လို့ ပြောပါတယ်။ သူဟာ မြွေကြီးကို ပိုက်အထင်နဲ့ ဆွဲဖယ်ဖို့ အကြိမ်ရေများစွာ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မြွေကြီးကလည်း သူ့ကိုရန်ရှာတိုက်ခိုက်ခြင်းတော့ မရှိပါဘူး။

a4

ဒီအဖြစ်အပျက်ကို Stuart ရဲ့ အကူအမျိုးသားက မြင်လိုက်ပါတယ်။ ချက်ချင်းပဲ Stuart ရှိရာကို အဆိုပါအမျိုးသားက ပြေးသွားပြီး ဒါက အလွန်ကြီးမားတဲ့မြွေကြီးဖြစ်ကြောင်း ပြောဆိုက Stuart ကို ဘေးကင်းရာသို့ ဆွဲခေါ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ အင်္ဂလန်နိုင်ငံ၊ Exeter, Devon မှာ ဖြစ်ခဲ့တာပါ။

Stuart ဟာ မွေးကတည်းက မျက်မမြင်အဖြစ်နဲ့ မွေးဖွားလာခဲ့သူဖြစ်ပါတယ်။ သူဟာ သီးချင်းနားထောင်ရင်း ဧည့်ခန်းထဲမှာ ပတ်လက်ကုလားထိုင်နဲ့ လဲလျှောင်းအနားယူနေစဉ် ရေချိုးခန်းထဲကနေ ပစ္စည်းတွေပြုတ်ကျတဲ့ ထူးဆန်းတဲ့အသံတွေ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူဟာ ရေချိုးခန်းထဲကို စူးစမ်းတဲ့သဘောနဲ့ သွားရောက်ခဲ့တာပါ။

a3

ရေချိုးခန်းထဲမှာ ခေါင်းလျှော်ရည်ဘူးတွေနဲ့ ဆပ်ပြာခွက်တွေဟာ အောက်ကို ပြုတ်ကျနေပါတယ်။ ဒါကြောင့် ကနဦးဆုံး အဲဒီရေချိုးခန်းသုံးပစ္စည်းတွေကို ပြန်ကောက်တင်ပြီး ဘေးဘီဝဲယာကို လက်နဲ့စမ်းကြည့်တဲ့အခါမှာ မြွေကြီးကိုစမ်းမိခဲ့ပါတယ်။ ဒါကို Stuart လျှပ်ကာအဖြစ်အသုံးပြုထားတဲ့ ရာဘာပိုက်ကြီးဟာ ပြူတင်းပေါက်ကနေ အတွင်းကိုလေကြောင့် ဝင်ရောက်နေတယ်လို့ ထင်ခဲ့ပါတယ်။

a2 3

၎င်းပိုက်ကြီးကိုဖယ်ရှားဖို့ လက်နဲ့ဆွဲယူတဲ့အခါ အလွန်ကို လေးနေလို့ သူတစ်ဖက်တည်း မ,မနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ လက်နှစ်ဘက်နဲ့မ,တဲ့အခါမှာ သူရဲ့အိမ်အကူအမျိုးသား Jason စိုးရိမ်တကြီးနဲ့ရောက်လာကာ သူ့ကိုဆွဲခေါ်ခဲ့ပြီး ဒါက မြွေကြီးဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

ယင်းနောက် တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုကာကွယ်ရေးအဖွဲ့ကို အကြောင်းကြားကာ မြွေကြီးကို ဖယ်ရှားခဲ့ရပါတယ်။ အခုတော့ မြွေကြီးကို RSPCA က စောင့်ရှောက်ထားပါတယ်။

a1 6

Crd

Facebook Comments