( ၆ ) ဘာသာဂုဏ်ထူး မရသဖြင့် ၁၀ တန်း ကျောင်းသူတစ်ဦး အဆိပ်သောက်သေဆုံးမှု့ ဖြစ်ပွား…

960
56 09

၁၀ တန်း ကျာင်းသူတစ်ဦး ၆ဘာသာဂုဏ်ထူး မရသဖြင့်အဆိပ်သောက်သေဆုံးမှု့ ဖြစ်ပွား

56 09

၆ဘာသာဂုဏ်ထူး မရသဖြင့် ဆယ်တန်း ကျောင်းသူတစ်ဦး အဆိပ်သောက်သေဆုံးမှု့ ဖြစ်ပွားမှု့ သတင်း အပြည့်အစုံ

သေဆုံးသည့် တက္ကသိုလ်ဝင်တန်းကျောင်းသူမပွင့်ဖြူစိုးသည် ဘာသာစုံဂုဏ်ထူးကို မျှော်မှန်းထားသူဖြစ်ပြီး သူမ၏ရည်မှန်းချက် မပြည့်မှီခဲ့လို့ အဆိပ်သောက်သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း မိခင်ဖြစ်သူက သုံးသပ်ကြောင်း မိခင်ဖြစ်သူက ပြန်လည်ပြောပြခဲ့ပါသည်။

မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၊ မန်ရွက်ကျေးရွာနေ တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး ဇွန်လ (၈) ရက်က အဆိပ်သောက်သေဆုံးမှု ဖြစ်ပွားကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။ သေဆုံးသည့် တက္ကသိုလ်ဝင်တန်းကျောင်းသူမပွင့်ဖြူစိုးသည် ဘာသာစုံဂုဏ်ထူးကို မျှော်မှန်းထားသူဖြစ်ပြီး ရည်မှန်းချက် မပြည့်မှီခဲ့လို့ အဆိပ်သောက်သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း မိခင်ဖြစ်သူကသုံးသပ်ပြောဆိုထားပါသည်။

13

မပွင့်ဖြူစိုး မသေဆုံးချိန်က တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်လျှင် ၆ ဘာသာ ဂုဏ်ထူးကို ရရှိမည်ဖြစ်ကြောင်း မိဘများနှင့် သူငယ်ချင်းများအား အကြိမ်ကြိမ် ပြောပြခဲ့သေးသည် ၊သေဆုံးသည့်နေ့၌လည်း ၆ ဘာသာ ဂုဏ်ထူးမပါရှိပဲ ၂ ဘာသာ သာ ပါရှိသောကြောင့် မိဘများကို တောင်းပန်ကာ အခန်းထဲတွင် တစ်ယောက်တည်း နေပါရစေ ဟု ပြောဆိုကာ အခန်းသော့ခက်ပြီး ငိုနေပါသေးသည်။

မိဘများကလဲ ၆ဘာသာ ဂုဏ်ထူး မရရှိသည်ကို ဘာမှ မဖြစ်ကြောင်း ၊ ရသသည့် ဂုဏ်ထူးဖြင့်သာ အမှတ်မှီရာ တက္ကသိုလ်ကို တက်လှမ်းရန် ဖြောင့်ဖြပေးပြီး တစ်စုံတစ်ရာဆူပူကြိမ်းမောင်းခြင်းများမရှိဘဲ ချော့မော့ပြောဆို ပါသော်လည်း သူမက အခန်းတံခါးကို မဖွင့်ပေးပါ။ ဘာသာစုံ ဂုဏ်ထူးမရ၍ ယခုလို အဆိပ်သောက်သေဆုံးခြင်းဖြစ်နိုင်ကြောင်း ၎င်း၏မိခင် ဒေါ်တင်မြင့်ပြောပြချက်အရ သိရသည်။

12

သေဆုံးသူမပွင့်ဖြူစိုးသည် ဇွန်လ(၈)ရက်၊ နေ့လည်(၁)နာရီခွဲအချိန်တွင် ကွန်ပျူတာ သင်တန်းသို့ မသွားဘဲ ခေါင်းမူး/ဗိုက်နာကြောင်း အခန်းထဲတွ အော်နေပါသဖြင့် ၎င်း၏မိဘများက အခန်းတံခါးကို ဖျက်ကာ နေ့လည်(၂)နာရီအချိန်၌ မိုးကောင်းပြည်သူ့ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ပေးခဲ့ရာ အလှည့်ကျဆရာဝန်ဒေါက်တာ ချောစုစုစော၏ မေးမြန်းရာတွင် မပွင့်ဖြူစိုးက မိဘများမသိအောင် ယင်ကောင်သတ်ဆေးနှင့် ပရုပ်လုံးတွဲ၍သောက်ထားတယ်ဟု ပြောပြချက်အရသိရပြီး ဆေးကုသနေစဉ်ညနေ(၅)နာရီအချိန်၌ သေဆုံးသွားကြောင်း ရဲမှတ်တမ်းအရသိရသည်။

မိုးကောင်းမြို့နယ်၊ မန်ရွက်ကျေးရွာ၊ အထက(ခွဲ)တက္ကသိုလ်ဝင်တန်းကျောင်းသူ မပွင့်ဖြူစိုး အသက်(၁၅)နှစ်၊ (ဘ)ဦးဝင်းဖေသည် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်၊ မဟုတ်စစ်ဆေးနိုင်ရန် သေမှုသေခင်း အမှတ်စဉ် ၂၃/၂၀၁၈ ဖြင့်မိုးကောင်းမြို့မရဲစခန်းက အမှုရေးဖွင့်ထားကြောင်း သိရသည်။

Facebook Comments