ဇာတ်ကားရိုက်ရင်း အ​မောဖောက်လာလို့ ဆေးရုံတင်လိုက်ရတဲ့ မိုးဒီ

27
y66 76

y66 76

ဇာတ်ကားရိုက်ရင်း အမောဖောက်လာလို့ ဆေးရုံတင်လိုက်ရတဲ့ မိုးဒီ

ဇွန် – ၆၊၂၀၁၉

နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရိုက်ကူးရေးတွေ ကျဲနေတဲ့ သရုပ်ဆောင်အကယ်ဒမီမိုးဒီ ပုပ္ပါးမှာဇာတ်ကားရိုက်နေရင်း အမောဖောက်လာလို့ အရေးပေါ်ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။

77

သူနဲ့ဇာတ်ကားအတူရိုက်ကူးနေတဲ့ သရုပ်ဆောင်အေးသီတာရဲ့အမျိုးသားဖြစ်သူက ဒီကနေ့မနက်ပိုင်းက အွန်လိုင်းစာမျက်နှာပေါ်မှာ တင်ထားခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း စိုးရိမ်နေကြပါတယ်။

သရုပ်ဆောင်မိုးဒီဟာ အသက် ၁၄ နှစ်အရွယ်ကတည်းက အနုပညာကို ဝါသနာပါခဲ့ရာကနေ အငြိမ့်ဇာတ်စင်တွေရဲ့ မီးထိုးသမားဘဝကစကာ အနုပညာနယ်ပယ်အစုံမှာ ကျင်လည်ခဲ့တဲ့ စွယ်စုံရအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

a1 5

ပြီးခဲ့တဲ့နှစ်တွေတုန်းက နှလုံးသွေးကြောကျဉ်းရောဂါကြောင့် အနုပညာအလုပ်တွေကိုရပ်နားခဲ့တာပါ။

အခု ဒါရိုက်တာ ဇော်မြင့်ဦး ရိုက်ကူးနေတဲ့ ဆူးပန်းခွေသွယ်ဘယက် နှင့် ပေရွက်လိပ်နားထောင်းဆင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေရင်း ဖြစ်သွားခဲ့တာလို့ သိရပါတယ်။

သတင်း-အေးမြတ်

Facebook Comments