ဖ​ယောင်းတိုင်(​ ၉ ) တိုင်း နှင့် ကိုတင်ရွှေ

74
q111 9

q111 8

တစ်နေ့မှာ ကျွန်ုပ်ဆီကို ရုပ်ရှင်ဇာတ်ကားတွေ ကန်ထရိုက် ယူပြီး ငှားပြတဲ့ ကိုတင်ရွှေဆိုတဲ့ လူတစ်ယောက် ရောက်လာ တယ်။ သူက ကျွန်ုပ်နှင့် အတော်ပဲ ရင်းနှီးတယ်။ ကျွန်ုပ်နှင့် တွေ့လျှင်တွေ့ချင်းပဲ ၄င်းက

“ဆရာရေ… ကျွန်တော်တော့ ရုပ်ရှင်ကန်ထရိုက် ဇာတ်ကား ကန်ထရိုက်လုပ်တာ အရှုံးကြီးရှုံးပြီး အကြွေးတွေ တင်နေလို့ အိမ်မှာတောင် မအိပ်ရဲတော့ဘူး…၊ တခြားရှောင်ပြီး အိပ်နေရ တယ်၊ ပိုက်ဆံလည်း တစ်ပြားမှမရှိလို့ တစ်အိမ်လုံးလည်း ငတ်ကုန်ကြပြီ၊ အမြင်မတော်တဲ့ အိမ်နီးနားချင်းတွေက ဝိုင်းကျွေးကြလို့ပေါ့. .. ၊ အဲဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ သေတာကြာပြီ…” | ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း ရတနာဒီပံ မီးထွန်း အင်း စာရွက်ကိုးရွက်ကို ဖယောင်းတိုင်မှာပတ်ပြီး ပေးလိုက်တယ်။ အဲဒီမှာ လွတ်နေတဲ့ ကွက်လပ်လေးတစ်ခုမှာ လည်း သူ့ရဲ့မွေးနံကို ရေးထည့်ပေးလိုက်တယ်။

a11

 

မင်းသိင်္ခ “တစ်နေ့ တစ်တိုင်ထွန်းရမယ်…၊ ကိုးရက်ထွန်းရ မယ်…၊ ကိုးရက်လုံးလည်း ဥပုသ်စောင့်ရမယ်၊ ကိုးရက် အတွင်းမှာလည်း မေတ္တာပို့တဲ့အလုပ်ကို လေးလေးနက်နက် လုပ်ရမယ်…” လို့ မှာကြားလိုက်တယ်။ ကိုတင်ရွှေဟာ အားရဝမ်းသာ ပြန်သွားတယ်။ ကျွန်ုပ်မှာလိုက်တဲ့အတိုင်းလည်း လုပ်မယ့်ပုံပါ ပဲ။ နှစ်ပတ်လောက်ကျော်တော့ ကျွန်ုပ်ထံ ပြန်ရောက်လာတယ်။

“ဆရာလေးလုပ်ပေးလိုက်တာ အဆင်ပြေသွားပြီ၊ ကျွန်တော်ကလည်း ဆရာမှာတဲ့အတိုင်း အတိအကျကို လုပ်ပါ တယ်၊ ကျွန်တော်နဲ့ အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီဟောင်း တစ်ခုက လည်း စပေါ်ငွေ မယူဘဲ ကားထုတ်တစ်ထုတ် အလကားပေး လိုက်တယ်။

အဲ ဒီကားက ထပြီးပေါက်တော့တာပဲ၊ ကျွန်တော့် အနေနဲ့ ဆပ်စရာရှိတဲ့ အကြွေးတွေကိုလည်း အကုန်ဆပ်နိုင် ပါပြီ၊ အခုတော့ အိမ်မှာ အေးအေးဆေးဆေး အိပ်လို့ရပါပြီ။

ကြွေးရှင်တွေကိုလည်း ရှောင်နေစရာ မလိုတော့ပါဘူး…။ အလုပ်ကလည်း ပြန်ပြီး လည်ပတ်သွားပြီ၊ အဲဒါကြောင့် ဆရာက ဆီးချိုရှိတယ်ဆိုလို့ မန္တလေးက အလွန်ချိုတဲ့ လမုန့် တွေ ဆရာ့အတွက် ဝယ်လာတယ်၊ မြေနီကုန်း တို့မိတ်တွေ ဆိုင်က ကုလားမလိုင်လုံးတွေ ဝယ်လာတယ်…”

ဟု ဆိုကာ ဆီးချိုတက်မည့် လမုန့်များ၊ မလိုင်လုံးများကို ကျွန်ုပ်အား လက်ဆောင်ပေးလေ၏။

ထို့နောက် ကိုတင်ရွှေက “အဲဒီစာရွက်ကလေးက ဖယောင်းတိုင်မှာပတ်ပြီး မီးထွန်း – ရတာ ကျွန်တော်တစ်ယောက်တည်းအတွက်လား၊ စီးပွားရေး ဦးမမော့တဲ့ လူတိုင်းအတွက် လုပ်လို့ရသလား …” ဟု မေးလေ၏။ …” “လူတိုင်းနဲ့ ဆိုင်တာပေါ့ဗျာ…၊ ခင်ဗျားတစ်ယောက် တည်းအတွက် ဘယ်ဟုတ်မလဲ…၊ ရှေးက ဆရာတွေ လုပ်ခဲ့ တာဗျ…၊ ကျုပ်ထင်ထားတာ.ဘယ်ဟုတ်မလဲဗျာ” ဟု ကျွန်ုပ်က ပြောလိုက်လျှင် ၄င်းကိုတင်ရွှေက“လမ်းထဲမှာ ကျွန်တော့် မိတ်ဆွေတစ်ယောက်ရှိတယ်၊ ကျွန်တော့်လိုပဲ ဒုက္ခရောက်နေတယ်၊ သူ့ကို ကျွန်တော် လုပ်ပေး လိုက်မယ်…” ဟု ပြောသဖြင့် ကျွန်ုပ်က“သာဓုဗျာ… အဲဒီလို စိတ်ကောင်းမွေးမှပေါ့…” ဟု ပြောလိုက်ရလေတော့သတည်း။

Facebook Comments