နမ့်ခမ်းမြို့မှာ မိသားစုလိုက် ရောင်းစားခံရတဲ့ ဖြစ်ရပ်

251
er555

er555

နမ့်ခမ်းမြို့မှာ မိသားစုလိုက် လူကုန်ကူးမူအဖြစ်ရောင်းစားခံရ…..

မေ ၁၇ မူဆယ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်၊မိုင်းယုလေးရွာတွင်နေထိုင်သည့် သားမိလေးယောက်ကို နမ့်ခမ်းမြို့နယ်တွင်နေထိုင်သည့် လီမိန်းကျိန်းဆိုသည့် အမျိုးသမီးမှဦးဆောင်ပြီး တရုတ်ပြည်သို့လူကုန်ကူး အဖြစ်ရောင်းစားခဲ့တာကြောင့် ……

q4

ကျူးလွန်သူလေးဦးကို မိသားစုဝင်များက သတင်ရရှိပြီး ပြည်သူစစ်များအကူအညီနှင့် ဖမ်းဆီရမိကြောင်း မိသားစုဝင်များထံမှသိရသည်။ “ကလေးနှစ်ယောက်နဲ့သူအမေကို ရောင်းစားလိုက်တာ …..

ဒီနှစ် နှစ်လပိုင်းကပါ သူအဖေကအလုပ်သွားနေတာ အိမ်မှာ မရှိဘူး ….အခုရောင်းစားခံရတဲ့ သားမိသုံးယောက်က ကျနော် တူရဲ့ မိန်းမနဲ့ကလေးတွေပါ။

q3 2

ရောင်းတာတော့ သားမိလေးယောက်လုံး ရောင်းတာ သားအငယ်နှစ်ယောက်နဲ့ သူအမေကိုပဲ တရုတ်တွေက၀ယ်တယ်တဲ့ သမီးအကြီးလေးကို မ၀ယ်တော့ ရောင်းစားတဲ့ သူတွေက နမ့်ခမ်းပြန်ပို့ထားလို့ အခုလိုဖမ်းမိတာပါ” ဟု ရောင်းစားခံသူ၏ ဦးလေးဖြစ်သူကပြောသည်။

ရောင်းမရလို့ ကျန်ခဲ့တဲ့ ကလေးကို ရောင်းစားသူတွေရဲ့အိမ်မှာထားပြီး ၀ယ်သူမရှိသေးလို့ အခုလိုကျန်နေတာ ပါသွားတဲ့ ကလေးနှစ်ယောက်ကတော့ သေလားရှင်လား စုံစမ်းမရသေးဘူး …..

q2 2

ကျန်ခဲ့တဲ့ ကလေးက စိတ်ဒဏ်ရာရပြီး ကြောက်လန့်နေတယ် ….ပြီးတော့ နည်းနည်းလည် ကြောင်သလိုဖြစ်နေတယ် သူတို့ ဆေးတွေဘာတွေ တိုက်ထားလားလည်းမသိဘူး။ ဟု ၎င်းကဆက်ပြောသည်။

ရောင်းစားခံရသည့် ကလေးအမေမှာ အသက် (၃၀) ၀န်ကျင်ရှိပြီဖြစ်ပြီး ကလေး ယောက်ကျာင်္းလေး နှစ်ယောက်မှာတော့ လေးနှစ်ကျော် တစ်ယောက် တစ်နှစ်ကျော်တစ်ယောက်နဲ့ မရောင်းရသေးပဲကျန်နေခဲ့ သမီးအကြီးမှာ ခုနှစ်နှစ်ဖြစ်သည်။

q1 3

လူကုန်ကူးခံရသူများကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ထိန်ချုံးမြို့မှာ ရောင်းစားခဲ့ကြောင်း ဖမ်းဆီးရမိသည့် လူကုန်သူမူကျူးလွန်သူများက ၀န်ခံပြောဆိုသည်။

ယခု ပြစ်မူကျူးလွန်များကို ပန်းဆေးပြည်သူ့စစ်ဌာနချုပ်၏လက်အောက်ခံ နမ့်ခမ်းမြို့ပေါ်မှ ပြည်သူ့စစ်ကသုံးရက်ကြာ ထိန်းသိမ်းထားသည့် အချိန်တွင် ကျူးလွန်သူ အမျိုးသမီး တစ်ဦးထွက်ပြေးသွားပြီး …..

ကျန်ရှိသည့် သုံးဦးကို ယနေ့မေလ (၁၇)ရက်တွင် နမ့်ခမ်း မြို့မ ရဲစခန်းကိုသွားရောက်အပ်နှံမည်ဖြစ်ကြောင်း သိရပြီး ပစ်မူကျူးလွန်သူများသည်။ အမျိုးသမီး သုံဦး အမျိုးသားတစ်ဦးဖြစ်သည်။

သတင်း/ဓာတ်ပုံ / by- လီရှောမျိုးဆက် #Kan Baw Za

Facebook Comments