ရုပ်ကြမ်းပေမယ့် စိတ်ထားလှတဲ့ လူကြမ်းကြီးထင်ကျော်ရဲ့ စိတ်ဓာတ်ကို ချီးကျူးခဲ့တဲ့ ပရိသတ်

140
ty555

ty555

လူကြမ်းသရုပ်ဆောင်ကြီး ထင်ကျော်က ကျရာဇာတ်ရုပ်မှာ တိတိကျကျနဲ့ အရည်အချင်းရှိရှိ သရုပ်ဆောင်နိုင်တာကြောင့် ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ လူကြမ်းသရုပ်ဆောင်ပေမယ့် စိတ်ထားလှတဲ့ သရုပ်ဆောင်ထင်ကျော်ရဲ့ အကြောင်းအရာတစ်ခုက အခုဆိုရင် လူမှုကွန်ယက်မှာ တော်တော်လေး နာမည်ကြီးနေတာ ဖြစ်ပါတယ်။ လူကြမ်းကြီး ထင်ကျော်နဲ့ ဘက်စ်ကားဂိတ်မှာ ဆုံတွေ့ခဲ့တဲ့ လူငယ်လေးတစ်ယောက်က အခုလိုပဲ မျှဝေထားပါတယ်။

11
” ပုံမှာပါတဲ့ ဦးလေးကြီးကို ကျွန်တော်တို့ တော်တော်များများမြင်ဖူးသိဖူးကြမှာပါ ကျွန်တော်တို့ ငယ်ငယ်က ဖိုက်တင်ခန်း အက်ရှင်ခန်းတွေမှာ သရုပ်ဆောင်ခဲ့တဲ့ ဦးလေးကြီးပေါ့ ဒီနေ့ ကျောင်းကိုပြန်ဖို့ မှတ်တိုင်မှာ ကားစောင့်နေတုန်း အဲ့ဒီ ဦးလေးကြီးနဲ့စတွေ့ပါတယ်။ မြင်မြင်ချင်း အော် ဒါရုပ်ရှင်ထဲက ဦးလေးကြီးပဲ ဆိုပြီး ကျနော်လည်း ဒီတိုင်းပဲကြည့်ပြီး ကားကိုပဲ ဆက်စောင့်နေလိုက်ပါတယ် ကျနော်တို့စောင့်တဲ့ ကားမှတ်တိုင်နားမှာ လမ်းပြင်နေတာမို့ လမ်းပြင်နေတဲ့ ဆောက်လုပ်ရေးဝန်ထမ်းတွေ၊ဘတ်စ်စောင့်နေတဲ့သူတွေ ကားတွေ ဆိုင်ကယ်တွေနဲ့ ရှုပ်ယှက်ခတ်နေတာပါ အဲ့အချိန်မှာပဲ ကားတစ်စီးက လမ်းပြင်တဲ့နေရာမှာ သုံးတဲ့ ဘလော့တုံးတစ်တုံးကို မတော်မတဆတိုက်မိသွားပြီး ဘလော့တူံးက လမ်းမဘက်ကိုရောက်သွားပါတယ် တကယ်လို့သာ ဘလော့တုံးကို တခြားကားတွေဆက်ပြီးတိုက်မိမယ်ဆိုရင် ယာဉ်ကြောတွေအကုန်ရှုပ်သွားနိုင်ပါတယ်။

22
ဒါပေမယ့် အဲ့ဘလော့တုံးကို ကျနော်အပါအဝင်ရပ်စောင့်နေတဲ့သူတော်တော်များများ အမှုမဲ့ အမှတ်မဲ့ပဲ သဘောထားလိုက်ပါတယ် ဒါပေမယ့် ဦးလေးကြီးက လမ်းဘက်ထွက်ပြီး ဘလော့တုံးကို လမ်းနဲ့လွတ်ရာပို့လိုက်ပါတယ် အဲ့ဒီမြင်ကွင်းကို မြင်မြင်ချင် အမှုမဲ့အမှတ်မဲ့ပြုမူမိလိုက်တာအတွက် ကိုယ့်ကိုကိုယ် အရမ်းပဲရှက်မိသွားပါတယ် ဒါက ပထမတခုပါ။”

33” ဒုတိယတခုက ကျနော်တို့ကားစောင့်နေတဲ့အချိန်က နေအရမ်းပူနေတဲ့အချိန်ပါ ဒါပေမယ့်ကျနော့်မှာထီးမပါလာတော့ ဒီတိုင်းပဲ နေပူကြားထဲမှာ ရပ်စောင့်နေခဲ့တာပါ မကြာပါဘူး အဲ့ဦးလေးကြီး ကျနော့်နားမှာလာရပ်ပြီး သူ့မှာပါလာတဲ့ထီးလေးနဲ့ အပူကာပေးပြီး ကားတူတူစောင့်နေကြပါတယ် ဒါနဲ့ကျနော်လည်း ဦးလေး ကျေးဇူးတင်ပါတယ် လို့ပြောပြီး ဦးလေးက ရုပ်ရှင်ထဲက ဦးလေးကြီးမလားလို့မေးတော့ အေး ဟုတ်တယ် လို့ပြန်ဖြေပြီး ကျနော်တို့ စကားနည်းနည်းပြောရင်းဘတ်စ် လာတာနဲ့ နှုတ်ဆက်ခဲ့ပါတယ်။ ကျနော်ကြုံခဲ့ရတာက ရိုးရိုးလေးပါ ဘာမှမဆန်းပါဘူး။ ဒါပေမယ့် ရင်ထဲမှာ ခံစားမိလိုက်ရတာက အများကြီးပါ။ ကျနော်တို့ အပြင်မှာ နာမည်ကျော်မင်းသား မင်းသမီးကြီးတွေကိုမြင်ရင် တခုတ်တရနဲ့ သွားပြီး အပြေးအလွှားနှုတ်ဆက်ကြ ဓာတ်ပုံရိုက်ကြ အမှတ်တရလက်မှတ်တွေ ထိုးပေးခိုင်းကြဖူးမှာပါ ဒါပေမယ့် အဲ့လို ဝမ်းပန်းတသာနှုတ်ဆက် ချစ်ခင်ခံရတာတွေဟာ လူကြမ်းမင်းသားကြီးတွေ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တွေ အတွက်တော့ ရှားရှားပါးပါး ပါပဲ။”

44
” သူတို့တွေ အကောင်းဆုံး သရုပ်ဆောင်ခဲ့ကြပါတယ်။ သူတို့တွေ ကျရာဇာတ်ရုပ်အတွက် အကောင်းဆုံးဆေးစက်ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့အတွက် အကယ်ဒမီဆုဆိုတာတွေ၊ သူတို့အတွက် အောင်မြင်ကျော်ကြားမှုဆိုတာတွေ၊ သူတို့အတွက် ပရိသတ်တွေရဲ့မေတ္တာဆိုတာတွေကတော့ တကယ်ကို အိပ်မက်တခုလိုပါ။ ပုံထဲက ဦးလေးကြီးနဲ့ကျနော်နဲ့က ဘာမှတော်စပ်ခြင်းမရှိသလို ပုဂ္ဂိုလ်ရေးအရလည်း ခင်မင်ခြင်းမရှိပါဘူး။ ဒါပေမယ့် ဒီနေ့သိလိုက်ရတာက လူတယောက်ရဲ့ စိတ်ဓာတ် အဆင့်အတန်းဆိုတာ ဂုဏ်ပကာသနတွေ ငွေကြေးတွေနဲ့ မဆိုင်ဘူးဆိုတာပါပဲ။ ရဲနောင်ရဲ့ သီချင်းလိုပြောရရင် သူတို့ဟာ မင်းသားမဟုတ်တဲ့ ဗီလိန်တွေပါ ပရိသတ်တွေ မုန်းတီးစက်ဆုပ်လောက်အောင် ပိတ်ကားထက်မှာ သရုပ်ဆောင်ခဲ့ကြရပေမယ့် ပြင်ပလောကမှာတော့ သူတို့လည်း လူတွေထဲက လူတဦးပါပဲ။ ပရိသတ်တွေရဲ့ ဗီလိန်ဆိုတဲ့ မုန်းတီးမှုတွေကို သူတို့သိနိုင်ပေမယ့် ဗီလိန်ကြီးတယောက်ရဲ့ နူးညံ့တဲ့နှလုံးသားထဲက မွန်မြတ်တဲ့ စိတ်ထားတွေကိုတော့ ဘယ်သူမှသိနိုင်မယ်မထင်ပါဘူး။ ” ဆိုပြီး ရေးထားပါတယ်။

ရေးသားထားတဲ့ အရေးအသားလေးကတော့ တကယ်ကို ဝမ်းနည်းစရာပါပဲနော်။ ပရိသတ်ကြီးလဲ ဒီစာစုလေးကို ဖတ်ပြီး ရင်ထဲမှာ တစ်ခုခု ခံစားနေရမယ်လို့ မျှော်လင့်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ်။

Rowena

Source: Saw Lu’s fb

Facebook Comments