သၾကၤန္မ႑ာပ္တြင္လူအုပ္စု ခန္႔မွန္းအင္အား ၆၀ ေက်ာ္တို႔မွ လာေရာက္ၿပီး အၾကမ္းဖက္ ရုိက္ႏွက္ေစာ္ကားမႈျဖစ္ပြား….

786
rt55
rt55

“ေကာ့ဘိန္းေက်းရြာအတြင္း လူအုပ္စု ခန္႔မွန္းအင္အား ၆၀ ေက်ာ္တို႔မွ လာေရာက္ၿပီး အၾကမ္းဖက္ ရုိက္ႏွက္ေစာ္ကားမႈျဖစ္ပြားျခင္း သၾကၤန္အက်ေန႔ကျဖစ္ပြားခဲ့”

(၁၄.၄.၂၀၁၉)ရက္ေန႔ ညေနမိုးခ်ဳပ္ ၆ နာရီခြဲခန္႔တြင္ လူငယ္အုပ္စု ၆၀ ေက်ာ္တို႔မွ ေကာ့ကရိတ္ၿမိဳ႕နယ္ ေကာ့ဘိန္းေက်းရြာ တံတားျဖဴမ႑ာပ္ (အင္ၾကင္းစံေဘာ္ဒါေဆာင္ေဘးခ်င္းကပ္လ်က္) တြင္ ေပ်ာ္ျမဴးကခုန္ေနၾကေသာ လူငယ္အုပ္စု ၂၀ ေက်ာ္တို႔အား လာေရာက္ရိုက္ႏွက္ေစာ္ကားမႈျပဳသြားသည္ဟု ကနဦးသိရွိရသည္။

ထိုလူငယ္စု ၆၀ ေက်ာ္တို႔သည္ ၄ ရြာေပါင္းၿပီးစုထားေသာအင္အားျဖင့္ ထိုမ႑ာပ္၌ရွိေနေသာလူငယ္တို႔အား တုတ္၊ ဓားျဖင့္လည္းေကာင္း ဆိုင္ကယ္မ်ားလည္းေကာင္း ရုိက္ႏွက္ဖ်က္စီးသြားသည္ဟု ေဘးပတ္၀န္းက်င္တို႔၏ ေျပာၾကားခ်က္အရသိရွိရသည္။ ၄င္းတို႔ထဲတြင္ အိမ္ေထာင္သည္အမ်ဳိးသားအခ်ဳိ႕လည္းပါ၀င္ေနသည္။

ထိုသို႔ရိုက္ႏွက္ဖ်က္စီးအၾကမ္းဖက္မႈေၾကာင့္ ဆိုင္ကယ္ ၁၀ စီး၊ လူငယ္တစ္ဦးမႈ ႏွာရိုးခ်ဳပ္ခ်က္ ၁၅ ခ်က္ျဖင့္လည္းေကာင္း၊ လူငယ္အခ်ဳိ႕မွ(၂-၃ ဦး) ျပင္းထန္ဒဏ္ရာျဖင့္လည္းေကာင္း ရရွိခဲ့သည္ဟု သိရွိရပါသည္။

ထိုထိုေသာအၾကမ္းဖက္မႈသည္ ယခုႏွစ္သႀကၤန္၌ ပထမဦးဆုံးျဖစ္ပြားခဲ့ၿပီး ၄င္းအက်ဳိးဆက္ေၾကာင့္ တစ္ရြာလုံးဆိတ္သုဥ္းသြားကာ ရြာသႀကၤန္အား လာေရာက္ဖ်က္စီးသည္ဟု ရြာသားမ်ားမွေျပာဆိုေနလ်က္ရွိသည္။

၄င္းျဖစ္ရပ္အတြက္ တရားဥပေဒအရ တရားမၽွတမႈရွိေစရန္ ကာယကံရွင္တို႔မွ လူသတ္မႈႏွင့္ဆက္ႏြယ္ေနေသာေၾကာင့္ ဌာနဆိုင္ရာ၊ တာ၀န္ရွိသူထံ တင္ျပၿပီး ဆက္လက္ေဆာင္ရြက္လ်က္ရွိသည္။

(မွတ္ခ်က္။ ။ ယခုသတင္းသည္ ၁၀၀ ရာခိုင္ႏႈန္း မွန္ကန္သည္ဟု အတည္ျပဳႏိုင္ျခင္းမရွိေပ။)

ပုံ – Min Aung Paing, Chan Loon

https://m.facebook.com/story.php?story_fbid=2350090981939225&id=100008150388789

unicode

“ကော့ဘိန်းကျေးရွာအတွင်း လူအုပ်စု ခန့်မှန်းအင်အား ၆၀ ကျော်တို့မှ လာရောက်ပြီး အကြမ်းဖက် ရိုက်နှက်စော်ကားမှုဖြစ်ပွားခြင်း သင်္ကြန်အကျနေ့ကဖြစ်ပွားခဲ့”

(၁၄.၄.၂၀၁၉)ရက်နေ့ ညနေမိုးချုပ် ၆ နာရီခွဲခန့်တွင် လူငယ်အုပ်စု ၆၀ ကျော်တို့မှ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာ တံတားဖြူမဏ္ဍာပ် (အင်ကြင်းစံဘော်ဒါဆောင်ဘေးချင်းကပ်လျက်) တွင် ပျော်မြူးကခုန်နေကြသော လူငယ်အုပ်စု ၂၀ ကျော်တို့အား လာရောက်ရိုက်နှက်စော်ကားမှုပြုသွားသည်ဟု ကနဦးသိရှိရသည်။

ထိုလူငယ်စု ၆၀ ကျော်တို့သည် ၄ ရွာပေါင်းပြီးစုထားသောအင်အားဖြင့် ထိုမဏ္ဍာပ်၌ရှိနေသောလူငယ်တို့အား တုတ်၊ ဓားဖြင့်လည်းကောင်း ဆိုင်ကယ်များလည်းကောင်း ရိုက်နှက်ဖျက်စီးသွားသည်ဟု ဘေးပတ်ဝန်းကျင်တို့၏ ပြောကြားချက်အရသိရှိရသည်။ ၄င်းတို့ထဲတွင် အိမ်ထောင်သည်အမျိုးသားအချို့လည်းပါဝင်နေသည်။

ထိုသို့ရိုက်နှက်ဖျက်စီးအကြမ်းဖက်မှုကြောင့် ဆိုင်ကယ် ၁၀ စီး၊ လူငယ်တစ်ဦးမှု နှာရိုးချုပ်ချက် ၁၅ ချက်ဖြင့်လည်းကောင်း၊ လူငယ်အချို့မှ(၂-၃ ဦး) ပြင်းထန်ဒဏ်ရာဖြင့်လည်းကောင်း ရရှိခဲ့သည်ဟု သိရှိရပါသည်။

ထိုထိုသောအကြမ်းဖက်မှုသည် ယခုနှစ်သင်္ကြန်၌ ပထမဦးဆုံးဖြစ်ပွားခဲ့ပြီး ၄င်းအကျိုးဆက်ကြောင့် တစ်ရွာလုံးဆိတ်သုဉ်းသွားကာ ရွာသင်္ကြန်အား လာရောက်ဖျက်စီးသည်ဟု ရွာသားများမှပြောဆိုနေလျက်ရှိသည်။

၄င်းဖြစ်ရပ်အတွက် တရားဥပဒေအရ တရားမျှတမှုရှိစေရန် ကာယကံရှင်တို့မှ လူသတ်မှုနှင့်ဆက်နွယ်နေသောကြောင့် ဌာနဆိုင်ရာ၊ တာဝန်ရှိသူထံ တင်ပြပြီး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

(မှတ်ချက်။ ။ ယခုသတင်းသည် ၁၀၀ ရာခိုင်နှုန်း မှန်ကန်သည်ဟု အတည်ပြုနိုင်ခြင်းမရှိပေ။)

ပုံ – Min Aung Paing, Chan Loon

https://m.facebook.com/story.php?story_fbid=2350090981939225&id=100008150388789

Facebook Comments