ပထွေးဖြစ်သူမှ ကိုယ်ဝန်အရင့်အမာနှင့် မယားပါသမီးအား ရက်စက်စွာ တူဖြစ်ထုသတ်ပြီးထွက်ပြေး….

931
vbb
vbb

ပထွေးဖြစ်သူမှ ကိုယ်ဝန်အရင့်အမာနှင့် မယားပါသမီးအား ရက်စက်စွာ တူဖြစ်ထုသတ်ပြီးထွက်ပြေးလွတ်မြောက်နေရာမှဖမ်းဆီးရမိ။

ဧပြီ ၁၃…..ထိုင်းနိုင်ငံဘန်ကောက်မြို့ ခမ်းနားယောင်းမြို့နယ် ၊ ရာမင်ထရာရပ် လမ်းအမှတ် (၁၀၉)ရှိ နှစ်ထပ်တိုက်တန်းလျား Apartment တွင် ဧပြီလ ၁၁ ရက်နေ့ ၁၃:၄၀ ချိန်ခန့် ကအမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း ခမ်းနားယောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ၊ ရဲမှူးကြီး ဆင်ဒေခ်ျ့အားတိုင်ကြားလာခဲ့ ။

အခင်းဖြစ်ပွားရာသို့သွားရောက်ကြည့်ရှု့စစ်ဆေးရာ သေဆုံးနေသူအမျိုးသမီးမှာ မစ္စနတ်ထချား အသက် ၂၉ နှစ်ဖြစ်ပြီးကိုယ်ဝန် ၇ လလွယ်ထားရကြောင်းသိရှိရပြီးဦးခေါင်းတစ်ခုလုံးကြေမွနေပြီးအလောင်း၏ဘေးတွင် တူတစ်ချောင်းကိုသက်သေခံအဖြစ်သိမ်းဆည်းရမိခဲ့ပါသည် ။

ပြစ်မှုကျူးလွန်သူပထွေးမှာ မစ္စတာဖုမ်ကျိုင် ( ခေါ် ) အိုက်ထောင်း အသက် ၅၇ နှစ်သည် ဆိုင်ကယ်တက္ကစီဆွဲသူဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေပြီးရဲတပ်ဖွဲ့မှ ၇ ရက်အတွင်းကြည်ဖြူစွာလာရောက်အဖမ်းမခံပါကအသေပစ်ခတ်ဖမ်းဆီးမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားကာ ပြည်သူများအနေဖြင့်…..

၎င်းအားတွေ့ရှိပါကအချိန်မှီနီးစပ်ရာရဲတပ်ဖွဲ့ဝင်များအားချက်ချင်းသတင်းပေးကြရန်ကြေညာချက်အမိန့်ထုတ်ပြန်ခဲ့ပါသည် ။ဧပြီလ ၁၃ ရက်နေ့တွင် အဝေးပြေးဘတ်စ်ကားများပြုပြင်ထိန်းသိမ်းရေး Happy Land ဝပ်ရှော့အနီး ၁၂၂ လမ်းမကြီးဘေးရှိ ခြုံစပ်ထဲလူတစ်ဦးလဲကျကာလူးလွန့်နေသည်ကိုမြင်တွေ့ရာမှ …..

ကယ်ဆယ်ရေးအဖွဲ့များနှင့်ရဲတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးရာ လူသတ်မှုဖြင့်ထွက်ပြေးနေသောတရားခံဖြစ်နေပြီး မိမိကိုယ်မိမိကြွက်သတ်ဆေး ( ပိုးသတ်ဆေး ) သောက်ကာ အဆုံးစီရင်ခဲ့သဖြင့်ပါးစပ်မှအမြုပ်များထွက်နေသောကြောင့် ဆေးရုံသို့ပို့ဆောင်ကုသပေးခဲ့ရ ။

ရဲမှူးကြီး ဆင်ဒေ့ခ်ျ က တရားခံအား ၂၄ နာရီလုံးလုံးစောင့်ကြပ်ကြည့်ရှူ့ထားပြီးလိုအပ်သည့်စစ်ဆေးချက်များပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းအား လူမဆန်စွာရက်စက်စွာသတ်ဖြတ်မှုကြောင့် ရာဇသတ်ကြီးပုဒ်မ၂၈၉ အရ အမြင့်ဆုံးပြစ်ဒဏ်မှာ သေဒဏ်အထိစီရင်ချက် ချမှတ်နိုင်ကြောင်းသတင်းထောက်များအားပြောကြားသွားပါသည် ။

ဒီနေ့မှာတော့အသတ်ခံရသူအမျိုးသမီး၏ဈာပနဘေးတွင် ကိုယ်ဝန် ၇ လသားအရွယ် ရင်သွေးငယ်ရုပ်အလောင်းနှင့်မိခင်အလောင်းတို့ကိုယှဉ်ကာ ခင်ပွန်းဖြစ်သူနှင့်မိဘဆွေမျိုးများမှ တရားခံအားဖမ်းဆီးရမိပြီဖြစ်ကြောင်း ဝိဉာဉ်အားအသိပေးပြောကြားနေကြကြောင်းသတင်းများတွင်ဖော်ပြထားပါသည် ။

သတင်းစည်သူမောင် / Photo Ejan

Facebook Comments