“လမ်းဆုံး” ရောက်မှ လေးလေးပင်ပင်ကြီးနဲ့ သယ်လာတာက အမှိုက်ကြီးဖြစ်နေမှန်း အသိနောက်မကျပါစေနဲ့

40
aw21 1
aw21 1

လမ်းဆုံးရောက်မှ လေးလေးပင်ပင်ကြီးနဲ့ သယ်လာတာက အမှိုက်ကြီးဖြစ်နေမှန်းသိလိုက်ကြတယ်။

သုံးသင့်သလောက်သုံး

ရှာသင့်သလောက်ရှာ

ပိုက်ဆံရှာရင်း ပျော်တတ်ပါစေ။

ငွေဆိုတာ ပျော်ရွှင်မှုအတွက် ကြားခံပစ္စည်းတခုပါ။

ငွေကို နတ်ဘုရားလို ကိုးကွယ်သွားရင်တော့

အရူးတယောက်လို အလုပ်လုပ်ပေတော့. . ။

ငွေကြောင့်လူဖြစ်လာတယ်လို့ ယူဆရင် ငွေကနတ်ဘုရား။

လူကြောင့်ငွေဖြစ်လာတယ် လို့ယူဆရင် ကိုယ်ကငွေ ရဲ့အရှင်သခင်။

ဂျပန်နိုင်ငံမှာ အလုပ်ကြိုးစားလွန်းလို့ သေတဲ့သူတွေရှိပါတယ်။

စင်္ကာပူမှာလည်း နေ့ညမအား ဘဝပျောက်နေတဲ့ ခွဲစိတ်ဆရာဝန်တွေရှိပါတယ်။

ဒေါ်လာသန်းချီတန်တဲ့ ကွန်ဒိုဝယ်ပြီး ညအိပ်ချိန်သာ အိမ်ပြန်အိပ်ရသူတွေရှိပါတယ် ။

အိမ်ဖော်လေးတွေ ကသာ ကွန်ဒိုမှာနေ ၊ ဒေါ်လာသောင်းချီတဲ့ ဆိုဖာပေါ်ထိုင် ၊ လက္မ၁၀၀ Ultra HD တီဗွီနဲ့ အဲကွန်းအောက်မှာ နှပ်နေရတာတွေ ရှိပါတယ် ။

ဘယ်လောက်ငွေကြေးချမ်းသာ နေပါစေ

မကျန်းမာရင် ကျန်းမာသူ သူဆင်းရဲထက် ဘဝဆိုးပါတယ်။

မကျန်းမာတဲ့ ခန္ဓာကိုယ်ဟာ ဘယ်အရာကိုမှ သာသာယာယာ ခံစားနိုင်စွမ်းမရှိပါဘူး။

ကျန်းမာတဲ့ခန္ဓာကိုယ်ကသာ အရာရာကိုခံစားနိုင်စွမ်းရှိတာပါ။

ဒါကြောင့် ငွေကြေးဘယ်လောက်ချမ်းသာပါစေ ။

ကိုယ့်ကျန်းမာရေးအတွက်ကတော့ တနေ့ကို အနည်းဆုံးအချိန် တစ်နာရီ လောက်တော့ ပေးရမှာပါ။

မိသားစုအတွက် အချိန်ပေးပါ။

ချစ်သောသူတွေအတွက် အချိန်ပေးပါ။

မိတ်ဆွေတွေအတွက် အချိန်ပေးပါ။

ပျော်ရွှင်ကျေနပ်စရာ ဘဝကို ပိုင်ဆိုင်ရပါလိမ့်မယ် ။

ငွေနောက်လိုက်ရင်း လမ်းပျောက်သူတွေ မဖြစ်ကြစေဖို့ . . ။

#သုဝဏ္ဏနည်းပညာ

သန့်ဇင်ရှိန် (မော် ဖီး ရပ်စ်)

Facebook Comments