အမြန်လမ်းမှာ ၂၄ နာရီအတွင်းဖြစ်သွားတဲ့ ယာဉ်တိုက်မှုများ စုစည်းမှု

167
12 87
12 87

၂၄ နာရီအတွင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး စာမျက်နှာမှ အချိန်နဲ့ တပြေးညီဖော်ပြခဲ့သော ယာဉ်တိုက်မှုများကို အပန်းပြေမှ ပြန်လည်ဖော်ပြပေးလိုက်ပါသည်။ ယခုဖော်ပြသော ဖြစ်ရပ်များကို တွေ့မြင်ကြရခြင်းဖြင့် အမြန်လမ်းမပေါ်တွင် သွားလာမောင်းနှင်ကြသော ယာဉ်မောင်းများ ခရီးသွားများ သိရှိပြီး သတိရှိကြစေလိုသောကြောင့် သင်ခန်းစာအနေဖြင့် ဖော်ပြ အပန်းပြေမှ ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။

ယာဉ်မောင်းများ ခရီးသွားများ အနေဖြင့် အမြန်လမ်းမပေါ်ကို သွားရောက်ရပြီဆိုရင်ဖြင့် ဒီဖြစ်ရပ်များကို သတိရကြစေပြီး မိမိယာဉ်နှင့် မိမိရဲ့စိတ်ကို ပို၍ပို၍ သတိကြီးကြီးထားကြစေရန် နှိုးဆော်အပ်ပါသည်။ လေးစားစွာဖြင့်…ApannPyay

ဧပြီလ(၁၂)ရက်နေ့ ည(၀၈၅၀) နာရီအချိန် မန္တလေး-နေပြည်တော်လမ်း မိုင်တိုင်အမှတ် 260/5 အနီးတွင် ယာဉ်မောင်း ကို ဇော်မင်းခိုင်၊ (၃၃)နှစ်၊ ၃၄ လမ်း၊ ၈၄×၈၅ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် MDY 3E/7— Landcruiser အဖြူရောင်သည် ညာဘက်ရှေ့ဘီး ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းမကြီးပေါ်တွင် လိမ့်ကာ အတည့်ရပ်တန့်သွားခဲ့ရာ ယာဉ်ပေါ်ပါ ကျား(၃)ဦး မ (၂) ဦး ပေါင်း (၅) ဦးအနက်ကျား(၁)ဦး မ(၂)ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိသဖြင့်. အမြန်လမ်းမကြီးရဲတပ်ဖွဲ့  ပေပင်လေး စခန်းတပ်ဖွဲ့ ဝင်များနှင့်အထောက်အကူပြုအဖွဲ့  များ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်

ဧပြီလ(၁၂)ရက် ညနေ(၀၅၄၅)နာရီ အချိန် ရန်ကုန်-နေပြည်တော် လမ်း ဆွာချောင်း တံတားပေါ်တွင် ယာဉ်မောင်းကိုဇော်နိုင်ဦး(၄၀)နှစ်လှိုင်မြို့နယ်နေသူမောင်းနှင်လာသည့် ယာဉ်အမှတ်. YGN-CC/2—FIEIDER ခဲရောင် မော်တော်ယာဉ်မှ လားရာတူ ရှေ့မှ ယာဉ်မောင်းကိုခင်ဇော်ထွန်း(၃၄)နှစ် မင်္ဂလာတောင်ညွန့်မြို့နယ်နေသူမောင်းနှင်လာသည့် ယာဉ်အမှတ်YGN-3F/5— BELTAအပြာနုရောင်မော်တော်ယာဉ်အားနောက်မှဝင်ရောက်တိုက်မိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့  သိုင်းဝ ရဲကင်း မှတပ်ဖွဲ့ ဝင်များ ယာဉ်ကြောရှင်းလင်းရေး ကူညီဆောင်ရွက်လျက်ရှိပါသည်

ညနေ(၀၆၄၅) နာရီချိန်တွင် ယာဉ်ကြောရှင်းလင်းပြီးဖြစ်ကြောင်းဖော်ပြအပ်ပါသည်

ဧပြီလ(၁၃)ရက်နေ့  နံနက်(၁၀၃၀) နာရီချိန် ရန်ကုန်-နေပြည်တော် လမ်း မိုင်တိုင် ၇/၃မိုင်တိုင်အနီး တွင်. ယာဉ်မောင်း ဦးမျိုးမြင့်အောင် (၃၄)န/စ် အမှတ် ၁၄ အောင်ဆန်းလမ်း ရန်ကုန်မြို့ နေသူမောင်းနှင်ပြီး ၄င်း၏ဇနီး မနွယ်နီသွေး နှင့်အတူ (၅) နှစ်အရွယ် နှင့်(၂) နှစ်အရွယ် သားနှစ်ဦးလိုက်ပါလာသည့် ယာဉ်အမှတ် NPW 7L/8—ခဲရောင်ယာဉ်သည် ယာဉ်မောင်းမှ ရေသန့် ဘူးလှမ်းယူစဉ် စီယာတိုင်မထိန်းနိုင်ဘဲ လမ်းညာဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ မနွယ်နီသွေး. ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ . အမှတ်(၃)စခန်းမှတပ်ဖွဲ့ဝင်များ. ကူညီဆောင်ရွက်လျက်ရှိပါသည်

ဧပြီလ(၁၃) ရက်နေ့. နေ့ လည်(၁၀၀၀) နာရီအချိန်ရန်ကုန်-နေပြည်တော် လမ်း မိုင်တိုင်၁၅၇/၅-၁၅၇/၆. အကြား တွင် ယာဉ်မောင်း ကို ဇော်လင်းအောင်၄၃နှစ် ဗိုလ်ချို ၂ရပ်ကွက် ဗဟန်းနေသူမောင်းနှင်လာသည့် ယာဉ်အမှတ်1K/9— အဖြူရောင်ယာဉ် သည်လမ်းဖြတ်မှ ထွက်သောဆိုင်ကယ် ကို ရှောင်ရာမှလမ်းဘေးguard railတန်းတိုက်မိပြီးတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါကျား(၃)ဦး မ (၃)ဦး ကလေး ကျား(၂)ဦး အနက် ကျား(၁)ဦး မ(၃) ဦး မစိုးရိမ်ရ ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့  ဇီးပင်သာ စခန်း မှတပ်ဖွဲ့ ဝင်များနှင့် အထောက်အကူပြု အဖွဲ့ များ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်

 

ဧပြီလ(၁၃)ရက်နေ့. နံနက်(၀၆၀၀)နာရီအချိ အချိန် ရန်ကုန်-နေပြည်တော် လမ်းမိုင်တိုင်အမှတ် ၁၇၂/၂အနီးတွင် ယာဉ်မောင်းကိုအောင်ဝင်းထွန်း(၃၇)နှစ် မြောက်ဥက္ကလာပမြို့နယ်နေ သူမောင်းနှင်လာသည့်ယာဉ်အမှတ် YGN-5M/9—CARAVAN အဖြူရောင်ယာဉ်သည်ကားတာယာ အသံထွက်လာရ်ျ ယာဉ်အားလမ်းဘေး ချရပ်ပြီးယာဉ်ပေါ်ပါခရီးသည်ကိုဝင်းမြင့်အောင်(၄၂)နှစ် ကားပေါ်မှဆင်းစဉ်အမည်မသိ။ယာဉ်အမျီုးအစားမသိမော်တော်ယာဉ်ဝင်ရောက်တိုက်မိပြီး ထွက်ပြေးသွားကြောင်း သိရှိရသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့  သာဂရစခန်းမှ တပ်ဖွဲ့ဝင်များ ကူညီဆောင်ရွက်လျက်ရှိပြီး ကိုဝင်းမြင့်အောင်တွင်ဦးခေါင်းသွေးထွက်ဒဏ်ရာရှိသဖြင့် တပ်ဖွဲ့ပိုင်မော်တော်ယာဉ်ဖြင့်ဆွာဆေးရုံပို့ဆောင်ထားရှီပါသည်။

 

တိုက်ပြေးသွားသည့် ယာဉ်အား ပိတ်ဆို့ တားဆီး ရှာဖွေရာအခင်းဖြစ်စဉ်ဝင်ရောက်တိုက်မိသည့် မော်တော်ယာဉ်အမှတ်. MGY 9N/1198 အဖြူရောင်မော်တော်ယာဉ်အား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ သာဂရစခန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်

 

ဧပြီလ(၁၃)ရက်နေ့ နံနက်(၀၄၀၅) နာရီအချိန်ခန့် ရန်ကုန်-နေပြည်တော်လမ်း မိုင်တိုင်အမှတ် ၁၁၁/၂-၁၁၁/၃ အကြား တွင် ယာဉ်မောင်း ကိုကျော်လွင်ဦး(၃၆)နှစ် အောင်ဇေယျရပ်ကွက် မိတ္ထီလာမြို့နေသူမောင်းနှင်လာသည့် 9P/5—(ရွှေကြေးစည်) ရွှေစင်စင်္ကြာ Express ယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ လမ်းကြောပိတ် သဖြင့်ရှေ့၌ရပ်ထားသော ယာဉ်မောင်း ကိုခင်မောင်ထွေး(၄၇)နှစ် မိတ္ထီလာမြို့နေသူ မောင်းနှင်လာသည့် 4Q/5— မန္တလာမင်းExpress(ဖိုးချစ်)ဇာတ်အဖွဲ့လိုက်ပါ လာသည့်ယာဉ်အားတိုက်မိ၍ ၄င်းမှ တဆင့်ရှေ့၌ရပ်ထားသော ယာဉ်မောင်းကိုအေးမင်းလတ်(၄၃)နှစ် ပုဇွန်တောင်မြို့နယ်နေသူမောင်းနှင်လာသည့် YGN4I/5—Wish အနက်ရောင်ယာဉ်အား လည်းကောင်း. 4I/5—ယာဉ်မှတဆင့် ရှေ့၌ရပ်ထားသော ယာဉ်မောင်း ဦးကျော်ဟင်း(၅၈)နှစ် လသာမြို့နယ်နေသူ မောင်းနှင်သည့်YGN 5K/2—Passo အနက်ရောင်ယာဉ်အား လည်းကောင်း(၄)စီးဆင့်၍တိုက်မိခဲ့ရာ 4I/5—Wish ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် ကျား(၂)ဦးမ(၅)ဦး စုစုပေါင်း(၇)ဦးအနက် ကျား(၁)ဦး မ(၁)ဦး ဒဏ်ရာရရှိ သဖြင့်အမြန်လမ်းကြီးရဲတပ်ဖွဲ့  ဖြူးစခန်းမှတပ်ဖွဲ့ ဝင်များနှင့် အထောက်အကူပြု အဖွဲ့ များ ကူညီဆောင်ရွက်လျက်ရှိပြီး ယာဉ်ကို မဆင်မခြင်မောင်းနှင်သည့် 9P/—-ယာဉ်မောင်း ကိုကျော်လွင်ဦးအားဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိပါသည်

 

ဧပြီလ(၁၃)ရက် နံနက်(၀၇၁၅) နာရီချိန် နေပြည်တော်-မန္တလးလမ်း မိုင်တိုင်၃၂၇/၇-၃၂၇/၄ အကြားတွင် ယာဉ်မောင်းက်ုခင်ဇော်. မောင်းနှင်လာသည့်YGN 8D/1— light truck. ယာဉ်သည် ယာဘက်နောက်ဘီးကျွတ်ကာဝဲဘက်လမ်းလယ်ကျွန်းတွင်တိမ်းမှောက်သွားပြီး ယာဉ်ပေါ်ပါကျား၎ဦး မ ၅ ဦးအနက်ကျား၁ဦးမ၁ ဦး မစိုးရိမ်ရဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့  ပြင်စည်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့ များ ကူညီဆောင်ရွက်လျက်ရှိပါသည်

ဧပြီလ(၁၃)ရက်နေ့ နံနက်(၀၂၂၀) နာရီချိန်မန္တလေး-နေပြည်တော်. လမ်း မိုင်တိုင်အမှတ်(၂၉၃/၃-၂၉ ၃/၄)အကြားတွင်ယာဉ်မောင်း ကိုစိုးမိုးနိုင် မောင်းနှင်လာသည့် ယာဉ်အမှတ်-1N/2— Nissan အဖြူရောင်ယာဉ်သည့် မောင်းနှင်နေသောယာဉ်များအားမဆင်မခြင်ကျော်တက်နေစဉ် တဖက်ယာဉ်ကြောဘက်ရောက်ရှိပြီး အနောက်မှလားရားတူယာဉ်မောင်း ကိုဝင်းဇော်ထွန်း မောင်းနှင်လာသည့် ယာဉ် အမှတ်-1K/3— မိုး ထက်အာကာ ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲNissan- ယာဉ်အားဝင်ရောက်တိုက်မိသဖြင့်မိုးထက်အာကာယာဉ်ပေါ်ပါခရီးသည်များဒဏ်ရာရရှိခြင်းမရှိသော်လည်းNissan ယာဉ်ပေါ်ပါကျား(၄)မ(၄)ဦးဒဏ်ရာအသီးသီးရရှိခဲ့ကြသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ သီးကုန်းစခန်း မှတပ်ဖွဲ့ ဝင်များ ကူညီဆောင်ရွက်လျက်ရှိပြီး ပုဒ်မ ၃၃၇/၃၃၈ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်

Facebook Comments