သားဖြစ်သူမင်းသွေးအတွက်ချထားတဲ့ ရေစက်ခွက်လေးကြည့်ပြီး ဝမ်းနည်းစွာငိုကြွေးနေတဲ့ အရီးဒေါ်သန်းမြိုင်

44
rhejyt
rhejyt

နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုး ဟာဆိုရင် ကျရာဇာတ်ရုပ်မျိုးစုံကနေ ပီပီပြင်ပြင် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် ပြသပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ် ။

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူကတော့ မွေးရပ်မြေကို မပြန်ဖြစ်တာ နှစ် (၂၀)ကျော် ကြာလာခဲ့ပြီတာကြောင့် မွေးရပ်မြေမှာ ညီလေးမင်းသွေးနဲ့အတူ တည်ထားတဲ့ ဘုရားထီးတင်ရန်အတွက် မာန်အောင်မြို့ကို ပြန်ရောက်နေတာပဲဖြစ်ပါတယ် ။

မွေးရပ်​မြေ သို့ ပြန်​လည်​ရောက်​ရှိနေသော နေတိုးတို့မိသားစုသည်​ မင်းသွေးတည်​ထားခဲ့သောရခိုင်ပြည်နယ်၊ မာန်အောင်မြို့၊ သံကျောက်တောင်တွင်​ ရှိသည့်” မဟာဇေယျသိဒ္ဓိ မဟာမုနိရှင်တော်မြတ်ဘုရားကြီး” ဘုရားအနေကဇာတင် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့  ကျင်းပပြုလုပ်​ခဲ့ပါတယ် ။

မင်းသွေးရဲ့ မိခင်ကတော့ မင်သွေးအတွက် ရေစက်ခွက်လေးကြည့်ပြီး သားဖြစ်သူကို သတိရလို့ စိတ်မကောင်းစွာ ငိုကြွေးနေခဲ့ပါတယ်။ အရီးဒေါ်သန်းမြိုင် ထပ်တူ ကျွန်တော်တို့လဲ စိတ်မကောင်းဖြစ်မိပါတယ် ။

ပရိသတ်ကြီးအတွက် မဟာဇေယျသိဒ္ဓိ မဟာမုနိရှင်တော်မြတ်ဘုရားကြီး ဘုရားအနေကဇာတင်ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်…

Source : Popular Journal

Facebook Comments