ပြည်တွင်းက ပရိတ်သတ်တွေက အစွဲနဲ့ကြည့်ကြတာ၊ အနုပညာကို ကြည့်တာမှ မဟုတ်တာကိုး၊ ကျွန်တော်တို့က စေတနာနဲ့ရိုက်တယ်

182
ddwww
ddwww

အကယ်ဒမီ ဒါရိုက်တာ ဝိုင်းသည် ရုပ်ရှင်လောက ကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည် ။

“လှပ်၍လပ်သော” ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြီးနောက် ကြည့်ရှုသူမရှိဘဲ ဝက်ဝက်ကွဲအရှုံးပေါ်ခဲ့သောကြောင့် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ရကြောင်း ၎င်းကဆိုသည် ။

“ပြည်တွင်းက ပရိတ်သတ်တွေက အစွဲနဲ့ကြည့်ကြတာ၊ အနုပညာကို ကြည့်တာမှ မဟုတ်တာကိုး၊ ကျွန်တော်တို့က စေတနာနဲ့ရိုက်တယ်၊ ပရိတ်သတ်အကြိုက်မရိုက်ဘူး၊ ဒါကြောင့် အကယ်ဒမီပေးတဲ့အချိန်မှာ စေတနာနဲ့ရိုက်ကြောင်းပြောတယ်”ဟု ဒါရိုက်တာဝိုင်းက ရှင်းပြသည် ။

မြန်မာပရိတ်သတ်အများစုက မြန်မာကားများ မကြည့်ရန် ဆော်သြနေမှုများကြောင့် မြန်မာ့ရုပ်ရှင်ပြသသော နေ့များတွင် လူမလာခြင်းများ ဖြစ်ပေါ်နေသည် ။

ဒါရိုက်တာ ဝိုင်းကမူ ”ကျွန်တော့်အနေနဲ့ ရုပ်ရှင်မရိုက်တော့ဘူးဆိုပေမယ့် ပြည်တွင်းမှာ မရိုက်တာကို ပြောတာပါ၊ ဥရောပမှာတော့ ကျွန်တော့်ကိုကမ်းလှမ်းထားတာတွေရှိတယ်၊ အဲ့မှာတော့ သွားရိုက်ဖြစ်မှာပါ” ဟု ဆိုသည် ။

လက်ရှိတွင် ဒါရိုက်တာဝိုင်းကို ဟောလိဝုဒ်က မင်းသားကြီး တွမ်ဟန့်၊ လီယိုနာဒို၊ ဂျွန်နီဒက် စသည့်သရုပ်ဆောင်များပါဝင်သည့် ”Pawlawka” အမည်ရ ဒရမ်မာဇာတ်လမ်းကို ရိုက်ကူးရန် ကမ်းလှမ်းထားပြီးဖြစ်ကြောင်း သိရသည် ။

ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေပြုထားသော အဆိုပါဇာတ်ကားကို ငါးနှစ်ခန့် အချိန်ယူ ရိုက်ကူးရမည်ဖြစ်ပြီး ခန့်မှန်းချေ ကန်ဒေါ်လာ သန်းနှစ်ရာခန့် အသုံးပြုသွားမည်ဟုဆိုသည် ။

အဆိုပါရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးရန် ဒါရိုက်တာဝိုင်းက လက်ခံခဲ့မည်ဆိုပါက မြန်မာနိုင်ငံသား တစ်ဦးအနေဖြင့် ဟောလိဝုဒ်တွင် ပထမဆုံးဒါရိုက်တာ တစ်ယောက် ဖြစ်လာမည် ။

Happy April fool Day

Facebook Comments