က်ေနာ္ မဆဲတတ္ေတာ့ပါဘူး – ဇာဏ္ခီ

3048
 1
1

ဇာဏ္ခီရဲ႕ ကိုယ္တိုင္သိရွိသြားမႈ (Self-realization) က်ေနာ္ေရးထားတဲ့ Power of One essay ထဲမွာပါတဲ့တစ္ေၾကာင္းက “က်ေနာ္ငယ္ငယ္က မိုးမႊန္ေအာင္ဆဲခဲ့ဖူးတယ္” တဲ့။ အဲ့ဒါကိုေျပာျပရင္ေတာ္ေတာ္မ်ားမ်ားကမယံုၾကဘူး။ ဒါေပမယ့္ တကယ္ပါ။

ဘယ္ေလာက္ထိလဲဆိုရင္ ျမန္မာျပည္ကို Rap music မေရာက္ခင္ဟိုးအေစာႀကီးမွာကတည္းက Rap Battle ေတြလိုပဲ အဆဲ Battle ေတြ က်ေနာ္တို႔ရပ္ကြက္မွာရွိခဲ့တယ္။ ဘယ္သူပိုဆဲႏိုင္လဲဆိုတာၿပိဳင္ၾကတာ။ ေတာ္ေတာ္ကို ၾကံၾကံဖန္ဖန္ အယုတ္တကာ့အယုတ္ဆံုး အၾကမ္းတကာ့အၾကမ္းဆံုးေတြကိုေတြးေတာၾကံဆၿပီး ပက္ပက္စက္စက္ ဆဲၾကရတယ္။

ေတာ္ေတာ္လဲ creative ျဖစ္ၾကတယ္။ အေဖေတြ အေမေတြ ေမာင္ေတြႏွမေတြ ရွိသမွ်အမ်ိဳးေတြ တိရိစၧာန္ေတြ အကုန္ပါတယ္။ All inclusive ေပါ့ေလ။ တဖက္ကဘာမွျပန္မဆဲႏိုင္ေလာက္ေအာင္ ပါးစပ္အေဟာင္းသားျဖစ္သြားတာတို႔ ရယ္ခ်လိုက္တာတို႔ျဖစ္သြားရင္ ႏိုင္ၿပီ။ အခု FB မွာဆဲၾကတယ္ဆိုတာေတြက မူလတန္းအဆင့္ေလာက္ပါ။ အဲ့ေလာက္ထိ ဆိုးခဲ့ၾကပါတယ္။

ျပန္ေတြးၿပီးအေျဖရွာၾကည့္တယ္။ ငါဘာလို႔ဒီေလာက္ေတာင္ အရွက္မဲ့ခဲ့ရသလဲေပါ့။အဓိကအေျဖကေတာ့ အေပါင္းအသင္းပါပဲ။ က်ေနာ္တို႔က ေမာင္ႏွမႏွစ္ေယာက္ဆိုေပမယ့္ အသက္ကြာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္အေဖာ္မျဖစ္ခဲ့ၾကဘူး။ ဆိုေတာ့ က်ေနာ္အေပါင္းအသင္းမက္ခဲ့တယ္။

အေပါင္းအသင္းမက္ေတာ့ Peer Pressure လို႔ေခၚတဲ့ အဖြဲ႕ထဲဝင္ဆံ့ဖို႔အတြက္ ေပါင္းဘက္ေတြကိုယ့္ကိုႀကိဳက္ႏွစ္သက္ဖို႔အတြက္ ကိုယ့္ကိုယ္ကိုေပးတဲ့ pressure ရွိခဲ့တယ္။ က်ေနာ္တို႔အဖြဲ႕မွာ ဆဲတဲ့ယဥ္ေက်းမႈေလးရွိေတာ့ ပါသြားတယ္ေပါ့ဗ်ာ။ အဲ့ဒီ့အက်င့္ဘယ္လိုေပ်ာက္သြားလဲဆိုတဲ့အေၾကာင္းကေတာ္ေတာ္ေလးစိတ္ဝင္စားဖို႔ေကာင္းတယ္။

အခုထိလဲေတြးတိုင္း ကိုယ္တိုင္အံ့ၾသေနတုန္း။ ကိုယ့္ကိုယ္ကိုလည္းေက်းဇူးတင္မိတယ္။က်ေနာ္တို႔က မႏၲေလးမွာစားေသာက္ဆိုင္ဖြင့္ခဲ့တယ္။ အပတ္တိုင္းက်ေနာ္တို႔ဆီကို ဘုန္းႀကီးတစ္ပါးရဲ႕ ကပၸိယကဆြမ္းခ်ိဳင့္နဲ႔လာၿပီး ဆြမ္းခံတယ္။ သာမွန္အားျဖင့္သူနဲ႔မဆံုျဖစ္ဘူး။ ဘာလို႔လဲဆိုေတာ့သူလာတဲ့အခ်ိန္ကေစာတယ္။

၆-၆:၃၀ ေလာက္။ က်ေနာ္က ၇:၀၀ ေက်ာ္မွႏိုးေနက်။ ဒါေပမယ့္ ျဖစ္ခ်င္ေတာ့တစ္ရက္မွာ က်ေနာ္အေစာႀကီးႏိုးၿပီး ပ်င္းေနေတာ့ ဆြမ္းခ်ိဳင့္ေစာင့္ေနတဲ့ ကပၸိယနဲ႔ ဇယ္ေတာက္ျဖစ္သြားတယ္။

ကပၸိယကဇယ္ေတာက္တာအသင့္အတင့္ကၽြမ္းတယ္။ က်ေနာ္က အဲ့ဒီ့မနက္ကလံုးဝလက္မေကာင္းေတာ့ အကုန္လြဲ။ ေဒါသေတြ တစ္လိပ္လိပ္နဲ႔ထြက္လာၿပီး စဆဲတယ္။ လြဲတိုင္းဆဲ။ တစ္ပြဲလံုးဆဲ။ ၁၀ႏွစ္ ၁၁ႏွစ္သားေလာက္ပဲရွိဦးမယ္။

ကပၸိယကေတာ့ဘာမွမေျပာပါဘူး။ ပြဲၿပီးေတာ့ဆြမ္းခ်ိဳင့္ရတာနဲ႔ထထြက္သြားတယ္။ သူလည္းနားမခံႏိုင္တာနဲ႔အေတာ္ေလာက္ျဖစ္သြားတယ္ထင္ပါရဲ႕။ (ပြဲၿပီးသြားတာကိုပဲ သူေတာ္ေတာ္ဝမ္းသာေနမွာ) က်ေနာ္ ဇယ္ေတာက္ခံုမွာထိုင္ၿပီးက်န္ခဲ့တယ္။ ခ်က္ျခင္းမထပဲေတြးေနမိတယ္။

ရွက္တဲ့စိတ္ႀကီးကဖုန္းလႊမ္းထားတယ္။ ဇယ္ေတာက္တာရံႉးလို႔မဟုတ္ဘူး။ ကိုယ္ဆဲသမွ်အကုန္လံုးျပန္ၾကားမိၿပီး ကိုယ့္ကိုယ္ကိုရွက္တာ။ အဲ့ဒီ့ ဇယ္ေတာက္ခံုကထလိုက္တဲ့အခ်ိန္ကေနစၿပီး က်ေနာ္အခုထိမဆဲတတ္ေတာ့ဘူး။ ဆဲလို႔လဲမရေတာ့ဘူး။

Self-realization ရဲ႕တန္ခိုးကဘာနဲ႔မွမတူဘူး။ လွ်ပ္တျပက္အတြင္းမွာျဖစ္သြားႏိုင္သလို ကမာၻတစ္သိန္းေလာက္လဲၾကာသြားႏိုင္တယ္။Zenn Kyi (ဇဏ္ခီ) The Lifestyle Myanmar

Unicode

ဇာဏ်ခီရဲ့ ကိုယ်တိုင်သိရှိသွားမှု (Self-realization) ကျနော်ရေးထားတဲ့ Power of One essay ထဲမှာပါတဲ့တစ်ကြောင်းက “ကျနော်ငယ်ငယ်က မိုးမွှန်အောင်ဆဲခဲ့ဖူးတယ်” တဲ့။ အဲ့ဒါကိုပြောပြရင်တော်တော်များများကမယုံကြဘူး။ ဒါပေမယ့် တကယ်ပါ။

ဘယ်လောက်ထိလဲဆိုရင် မြန်မာပြည်ကို Rap music မရောက်ခင်ဟိုးအစောကြီးမှာကတည်းက Rap Battle တွေလိုပဲ အဆဲ Battle တွေ ကျနော်တို့ရပ်ကွက်မှာရှိခဲ့တယ်။ ဘယ်သူပိုဆဲနိုင်လဲဆိုတာပြိုင်ကြတာ။ တော်တော်ကို ကြံကြံဖန်ဖန် အယုတ်တကာ့အယုတ်ဆုံး အကြမ်းတကာ့အကြမ်းဆုံးတွေကိုတွေးတောကြံဆပြီး ပက်ပက်စက်စက် ဆဲကြရတယ်။

တော်တော်လဲ creative ဖြစ်ကြတယ်။ အဖေတွေ အမေတွေ မောင်တွေနှမတွေ ရှိသမျှအမျိုးတွေ တိရိစ္ဆာန်တွေ အကုန်ပါတယ်။ All inclusive ပေါ့လေ။ တဖက်ကဘာမှပြန်မဆဲနိုင်လောက်အောင် ပါးစပ်အဟောင်းသားဖြစ်သွားတာတို့ ရယ်ချလိုက်တာတို့ဖြစ်သွားရင် နိုင်ပြီ။ အခု FB မှာဆဲကြတယ်ဆိုတာတွေက မူလတန်းအဆင့်လောက်ပါ။ အဲ့လောက်ထိ ဆိုးခဲ့ကြပါတယ်။

ပြန်တွေးပြီးအဖြေရှာကြည့်တယ်။ ငါဘာလို့ဒီလောက်တောင် အရှက်မဲ့ခဲ့ရသလဲပေါ့။အဓိကအဖြေကတော့ အပေါင်းအသင်းပါပဲ။ ကျနော်တို့က မောင်နှမနှစ်ယောက်ဆိုပေမယ့် အသက်ကွာတော့ တစ်ယောက်နဲ့တစ်ယောက်အဖော်မဖြစ်ခဲ့ကြဘူး။ ဆိုတော့ ကျနော်အပေါင်းအသင်းမက်ခဲ့တယ်။

အပေါင်းအသင်းမက်တော့ Peer Pressure လို့ခေါ်တဲ့ အဖွဲ့ထဲဝင်ဆံ့ဖို့အတွက် ပေါင်းဘက်တွေကိုယ့်ကိုကြိုက်နှစ်သက်ဖို့အတွက် ကိုယ့်ကိုယ်ကိုပေးတဲ့ pressure ရှိခဲ့တယ်။ ကျနော်တို့အဖွဲ့မှာ ဆဲတဲ့ယဉ်ကျေးမှုလေးရှိတော့ ပါသွားတယ်ပေါ့ဗျာ။ အဲ့ဒီ့အကျင့်ဘယ်လိုပျောက်သွားလဲဆိုတဲ့အကြောင်းကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။

အခုထိလဲတွေးတိုင်း ကိုယ်တိုင်အံ့သြနေတုန်း။ ကိုယ့်ကိုယ်ကိုလည်းကျေးဇူးတင်မိတယ်။ကျနော်တို့က မန္တလေးမှာစားသောက်ဆိုင်ဖွင့်ခဲ့တယ်။ အပတ်တိုင်းကျနော်တို့ဆီကို ဘုန်းကြီးတစ်ပါးရဲ့ ကပ္ပိယကဆွမ်းချိုင့်နဲ့လာပြီး ဆွမ်းခံတယ်။ သာမှန်အားဖြင့်သူနဲ့မဆုံဖြစ်ဘူး။ ဘာလို့လဲဆိုတော့သူလာတဲ့အချိန်ကစောတယ်။

၆-၆:၃၀ လောက်။ ကျနော်က ၇:ဝ၀ ကျော်မှနိုးနေကျ။ ဒါပေမယ့် ဖြစ်ချင်တော့တစ်ရက်မှာ ကျနော်အစောကြီးနိုးပြီး ပျင်းနေတော့ ဆွမ်းချိုင့်စောင့်နေတဲ့ ကပ္ပိယနဲ့ ဇယ်တောက်ဖြစ်သွားတယ်။

ကပ္ပိယကဇယ်တောက်တာအသင့်အတင့်ကျွမ်းတယ်။ ကျနော်က အဲ့ဒီ့မနက်ကလုံးဝလက်မကောင်းတော့ အကုန်လွဲ။ ဒေါသတွေ တစ်လိပ်လိပ်နဲ့ထွက်လာပြီး စဆဲတယ်။ လွဲတိုင်းဆဲ။ တစ်ပွဲလုံးဆဲ။ ၁၀နှစ် ၁၁နှစ်သားလောက်ပဲရှိဦးမယ်။

ကပ္ပိယကတော့ဘာမှမပြောပါဘူး။ ပွဲပြီးတော့ဆွမ်းချိုင့်ရတာနဲ့ထထွက်သွားတယ်။ သူလည်းနားမခံနိုင်တာနဲ့အတော်လောက်ဖြစ်သွားတယ်ထင်ပါရဲ့။ (ပွဲပြီးသွားတာကိုပဲ သူတော်တော်ဝမ်းသာနေမှာ) ကျနော် ဇယ်တောက်ခုံမှာထိုင်ပြီးကျန်ခဲ့တယ်။ ချက်ခြင်းမထပဲတွေးနေမိတယ်။

ရှက်တဲ့စိတ်ကြီးကဖုန်းလွှမ်းထားတယ်။ ဇယ်တောက်တာရှူံးလို့မဟုတ်ဘူး။ ကိုယ်ဆဲသမျှအကုန်လုံးပြန်ကြားမိပြီး ကိုယ့်ကိုယ်ကိုရှက်တာ။ အဲ့ဒီ့ ဇယ်တောက်ခုံကထလိုက်တဲ့အချိန်ကနေစပြီး ကျနော်အခုထိမဆဲတတ်တော့ဘူး။ ဆဲလို့လဲမရတော့ဘူး။

Self-realization ရဲ့တန်ခိုးကဘာနဲ့မှမတူဘူး။ လျှပ်တပြက်အတွင်းမှာဖြစ်သွားနိုင်သလို ကမ္ဘာတစ်သိန်းလောက်လဲကြာသွားနိုင်တယ်။Zenn Kyi (ဇဏ်ခီ) The Lifestyle Myanmar

Facebook Comments