အခိုးခံလိုက္ရတဲ့ ၂လခြဲသားကေလးငယ္တစ္ဦး ျပန္လည္ေတြ႕ရွိ

387

မတ္လ ၁၃ ရက္ေန႔က အခိုးခံလိုက္ရတဲ့ ၂ လခြဲအ႐ြယ္ ကေလးငယ္တစ္ဦးရဲ႕ သတင္းကေတာ့ ပရိသတ္ေတြၾကားမွာေရပန္းစားခဲ့တာေတြ႕ရပါတယ္။ အဆိုပါ ကေလးငယ္ေလးကေတာ့ မိုးကုတ္ၿမိဳ႕ေနအိမ္မွ မနက္ ၉နာရီအခ်ိန္ခန႔္က အခိုးခံလိုက္ရတာျဖစ္ၿပီး ကေလးငယ္ရဲ႕ ဂုတ္မွာ အနီေရာင္အမွတ္သားတစ္ခုပါရွိေၾကာင္း မိဘမ်ားက သက္ဆိုင္ရာကို တန္းခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါ ကေလးငယ္ေလးကို မိုးကုတ္ရဲစခန္းမႉးႏွင့္တကြ ရဲတပ္သားမ်ား သက္ဆိုင္ရာေဆြမ်ိဳးမ်ားရဲ႕ ဝိုင္းဝန္းရွာေဖြမႈေၾကာင့္ ဒီကေန႔ မတ္လ ၁၄ရက္ေန႔ မၾကာေသးမီေလာက္က ျပန္လည္ရွာေတြ႕ခဲ့ေၾကာင္း သိရပါတယ္။ အဆိုပါ ကေလးငယ္ေလးကေတာ့ ကေလးခိုးသူရဲ႕ အိပ္ေဆးတိုက္ထားမႈေၾကာင့္ မႏႈိးေသးပဲ အိပ္ေမာၾကေနေၾကာင္း ေတြ႕ရပါတယ္။

သားသမီးကို ျပန္လည္ေတြ႕ရွိခဲ့ရသျဖင့္ ဝမ္းနည္းမ်က္ရည္ေတြနဲ႔အတူေပ်ာ္႐ႊင္ခဲ့တဲ့ မိဘႏွစ္ပါးရဲ႕ ျဖစ္စဥ္ကိုေတာ့ ပရိသတ္ေတြလည္းေတြ႕ရွိမွာပဲျဖစ္ပါတယ္။ ေက်းဇူးရွိေသာ ရဲမႉးႀကီးကိုလည္း ကိုယ္တိုင္လက္အုပ္ခ်ီကန႔္ေတာ့ခဲ့ၾကတာလည္းေတြ႕ရပါတယ္။ မၾကာခဏၾကားသိေနရတဲ့ ကေလးခိုးမႈေတြကို ခ်စ္ပရိသတ္ေတြလည္း ေရွာင္ရွားႏိုင္ဖို႔ ဒီကေန႔ ျဖစ္စဥ္ဗီဒီယိုဖိုင္ေလးကို မွ်ေဝေပးလိုက္ပါတယ္။

မာံသုခ

UNICODE

မတ်လ ၁၃ ရက်နေ့က အခိုးခံလိုက်ရတဲ့ ၂ လခွဲအရွယ် ကလေးငယ်တစ်ဦးရဲ့ သတင်းကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ အဆိုပါ ကလေးငယ်လေးကတော့ မိုးကုတ်မြို့နေအိမ်မှ မနက် ၉နာရီအချိန်ခန့်က အခိုးခံလိုက်ရတာဖြစ်ပြီး ကလေးငယ်ရဲ့ ဂုတ်မှာ အနီရောင်အမှတ်သားတစ်ခုပါရှိကြောင်း မိဘများက သက်ဆိုင်ရာကို တန်းခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ကလေးငယ်လေးကို မိုးကုတ်ရဲစခန်းမှူးနှင့်တကွ ရဲတပ်သားများ သက်ဆိုင်ရာဆွေမျိုးများရဲ့ ဝိုင်းဝန်းရှာဖွေမှုကြောင့် ဒီကနေ့ မတ်လ ၁၄ရက်နေ့ မကြာသေးမီလောက်က ပြန်လည်ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကလေးငယ်လေးကတော့ ကလေးခိုးသူရဲ့ အိပ်ဆေးတိုက်ထားမှုကြောင့် မနှိုးသေးပဲ အိပ်မောကြနေကြောင်း တွေ့ရပါတယ်။

သားသမီးကို ပြန်လည်တွေ့ရှိခဲ့ရသဖြင့် ဝမ်းနည်းမျက်ရည်တွေနဲ့အတူပျော်ရွှင်ခဲ့တဲ့ မိဘနှစ်ပါးရဲ့ ဖြစ်စဉ်ကိုတော့ ပရိသတ်တွေလည်းတွေ့ရှိမှာပဲဖြစ်ပါတယ်။ ကျေးဇူးရှိသော ရဲမှူးကြီးကိုလည်း ကိုယ်တိုင်လက်အုပ်ချီကန့်တော့ခဲ့ကြတာလည်းတွေ့ရပါတယ်။ မကြာခဏကြားသိနေရတဲ့ ကလေးခိုးမှုတွေကို ချစ်ပရိသတ်တွေလည်း ရှောင်ရှားနိုင်ဖို့ ဒီကနေ့ ဖြစ်စဉ်ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

မာံသုခ

Facebook Comments