သမီးျဖစ္သူရဲ႕ မဂၤလာပြဲအတြက္ အံအားသင့္ဖြယ္ လက္ေဆာင္ခ်န္ထားခဲ့တဲ့ ကြယ္လြန္သူမိခင္

76
ty87
ty87

သမီးျဖစ္သူရဲ႕ မဂၤလာပြဲအတြက္ အံအားသင့္ဖြယ္ လက္ေဆာင္ခ်န္ထားခဲ့တဲ့ ကြယ္လြန္သူမိခင္

ျဗိတိန္ႏိုင္ငံမွာ ကြယ္လြန္သြားျပီျဖစ္တဲ့ မိခင္က သမီးျဖစ္သူရဲ႕ မဂၤလာေဆာင္ ေဒါက္ျမင့္ ဖိနပ္ေအာက္ဖက္မွာ လ်ိဳ႕၀ွက္စာသားေတြေရးျပီး လက္ေဆာင္ခ်န္ထားခဲ့တယ္လို႕ ဘီဘီစီ သတင္းမွာ ေဖာ္ျပထားပါတယ္။

ျဖစ္စဥ္ကေတာ့ အမ္မာအမည္ရွိ အမ်ိဳးသမီးဟာ သူ႕ရဲ႕ ခ်စ္သူနဲ႕ (၂၀၁၆)ခုႏွစ္က ေစ့စပ္ခဲ့တာျဖစ္ပါတယ္။ ေစ့စပ္ျပီး (၁)လအၾကာမွာေတာ့ သူ႕ရဲ႕မိခင္က အဆုတ္ကင္ဆာေရာဂါကို ခံစားခဲ့ရျပီး (၂၀၁၇)ခုႏွစ္မွာ ကြယ္လြန္ခဲ့ပါတယ္။

အမ္မာဟာ သူ႕ရဲ႕ မိခင္မကြယ္လြန္ခင္က မဂၤလာေဆာင္မွာ စီးဖို႕ ေဒါက္ျမင့္ဖိနပ္တစ္ရံကို အြန္လိုင္းက မွာယူခဲ့ပါတယ္။ ဒီအေၾကာင္းကို သူ႕ရဲ႕ မိခင္က သိရွိျပီး၊ သူကုိယ္တိုင္လည္း ကင္ဆာေရာဂါေၾကာင့္ သမီးျဖစ္သူရဲ႕ မဂၤလာေဆာင္အထိ အသက္မရွင္ႏိုင္ဘူးဆိုတာ နားလည္ခဲ့ပါတယ္။

အဲဒါေၾကာင့္ သူ႕သမီးမွာယူထားတဲ့ ဖိနပ္ဆိုင္ကို ဆက္သြယ္ျပီး ဖိနပ္ဖိုး ေပးခဲ့ပါတယ္။ အမ္မာဟာ သူ႕ဖိနပ္အတြက္ စရံေငြတစ္၀က္ေခ်ျပီးျဖစ္ေပမယ့္ သူ႕မိခင္ကေတာ့ ဖိနပ္ဖိုးအားလံုးေပးေခ်ခဲ့ျပီး စရံေငြကို သူ႕သမီးဆီ ျပန္ေပးဖို႕ ဖိနပ္ဆိုင္ကို ေတာင္းဆိုခဲ့ပါတယ္။

ဒါ့အျပင္ ဖိနပ္ရဲ႕ေအာက္ေျခမွာလည္း အမ္မာအတြက္ အံ့အားသင့္ဖြယ္ လ်ိဳ႕၀ွက္စာသားေတြေရးသားခဲ့ပါတယ္။ စာထဲမွာေတာ့ မဂၤလာေဆာင္အတြက္ သူ႕ဆီက လက္ေဆာင္တစ္ခုလိုခ်င္ေနမယ္ဆိုတာ သိတာေၾကာင့္ ဒီဖိနပ္ေလးကို မဂၤလာလက္ေဆာင္အျဖစ္ ေပးခဲ့တယ္ဆိုျပီး ေရးသားထားတာပါ။

ဒါ့အျပင္ အမ္မာဟာ ဖိနပ္ကို ရရွိခ်ိန္မွာလည္း စရံေပးထားတဲ့ ေငြတစ္၀က္ကိုလည္း ျပန္လည္ရရွိခဲ့တယ္လို႕ ဆုိပါတယ္။ အမ္မာဟာ ဒီဖိနပ္ကို ျပီးခဲ့တဲ့ အပတ္က လက္ခံရရွိခဲ့တာျဖစ္ျပီး ဒီအေၾကာင္းေတြအားလံုးကို သိရွိျပီးခ်ိန္မွာ သူ႕မိခင္ရဲ႕ ခ်စ္ျခင္းေမတၱာေၾကာင့္ ၀မ္းနည္း၊ ၀မ္းသာခံစားရျပီး ငိုေၾကြးခဲ့ရတယ္လို႕ ဆိုပါတယ္။

ဒါ့အျပင္ ဒီအေၾကာင္းေတြကို လူမႈကြန္ယက္ေပၚမွာ တင္ခဲ့ခ်ိန္မွာေတာ့ ကမာၻတစ္၀ွမ္းက သူ႕ကို အားေပးႏွစ္သိမ့္ခဲ့ၾကပါတယ္။ အမ္မာဟာ သူ႕ရဲ႕ ခ်စ္သူနဲ႕ အခုႏွစ္ ၾသဂုတ္လမွာ မဂၤလာေဆာင္သြားမယ္လို႕ ဘီဘီစီသတင္းမွာ ေဖာ္ျပထားပါတယ္။

5 PLUS NEWS

Unicode

သမီးဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အံအားသင့်ဖွယ် လက်ဆောင်ချန်ထားခဲ့တဲ့ ကွယ်လွန်သူမိခင်

ဗြိတိန်နိုင်ငံမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်က သမီးဖြစ်သူရဲ့ မင်္ဂလာဆောင် ဒေါက်မြင့် ဖိနပ်အောက်ဖက်မှာ လျို့ဝှက်စာသားတွေရေးပြီး လက်ဆောင်ချန်ထားခဲ့တယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

ဖြစ်စဉ်ကတော့ အမ်မာအမည်ရှိ အမျိုးသမီးဟာ သူ့ရဲ့ ချစ်သူနဲ့ (၂၀၁၆)ခုနှစ်က စေ့စပ်ခဲ့တာဖြစ်ပါတယ်။ စေ့စပ်ပြီး (၁)လအကြာမှာတော့ သူ့ရဲ့မိခင်က အဆုတ်ကင်ဆာရောဂါကို ခံစားခဲ့ရပြီး (၂၀၁၇)ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

အမ်မာဟာ သူ့ရဲ့ မိခင်မကွယ်လွန်ခင်က မင်္ဂလာဆောင်မှာ စီးဖို့ ဒေါက်မြင့်ဖိနပ်တစ်ရံကို အွန်လိုင်းက မှာယူခဲ့ပါတယ်။ ဒီအကြောင်းကို သူ့ရဲ့ မိခင်က သိရှိပြီး၊ သူကိုယ်တိုင်လည်း ကင်ဆာရောဂါကြောင့် သမီးဖြစ်သူရဲ့ မင်္ဂလာဆောင်အထိ အသက်မရှင်နိုင်ဘူးဆိုတာ နားလည်ခဲ့ပါတယ်။

အဲဒါကြောင့် သူ့သမီးမှာယူထားတဲ့ ဖိနပ်ဆိုင်ကို ဆက်သွယ်ပြီး ဖိနပ်ဖိုး ပေးခဲ့ပါတယ်။ အမ်မာဟာ သူ့ဖိနပ်အတွက် စရံငွေတစ်ဝက်ချေပြီးဖြစ်ပေမယ့် သူ့မိခင်ကတော့ ဖိနပ်ဖိုးအားလုံးပေးချေခဲ့ပြီး စရံငွေကို သူ့သမီးဆီ ပြန်ပေးဖို့ ဖိနပ်ဆိုင်ကို တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ဖိနပ်ရဲ့အောက်ခြေမှာလည်း အမ်မာအတွက် အံ့အားသင့်ဖွယ် လျို့ဝှက်စာသားတွေရေးသားခဲ့ပါတယ်။ စာထဲမှာတော့ မင်္ဂလာဆောင်အတွက် သူ့ဆီက လက်ဆောင်တစ်ခုလိုချင်နေမယ်ဆိုတာ သိတာကြောင့် ဒီဖိနပ်လေးကို မင်္ဂလာလက်ဆောင်အဖြစ် ပေးခဲ့တယ်ဆိုပြီး ရေးသားထားတာပါ။

ဒါ့အပြင် အမ်မာဟာ ဖိနပ်ကို ရရှိချိန်မှာလည်း စရံပေးထားတဲ့ ငွေတစ်ဝက်ကိုလည်း ပြန်လည်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အမ်မာဟာ ဒီဖိနပ်ကို ပြီးခဲ့တဲ့ အပတ်က လက်ခံရရှိခဲ့တာဖြစ်ပြီး ဒီအကြောင်းတွေအားလုံးကို သိရှိပြီးချိန်မှာ သူ့မိခင်ရဲ့ ချစ်ခြင်းမေတ္တာကြောင့် ဝမ်းနည်း၊ ဝမ်းသာခံစားရပြီး ငိုကြွေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီအကြောင်းတွေကို လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းက သူ့ကို အားပေးနှစ်သိမ့်ခဲ့ကြပါတယ်။ အမ်မာဟာ သူ့ရဲ့ ချစ်သူနဲ့ အခုနှစ် သြဂုတ်လမှာ မင်္ဂလာဆောင်သွားမယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

5 PLUS NEWS

Facebook Comments