998
ew33 98
ew33 98
MyanmarNote
Unicode
တကယ်လို့ မင်းအလုပ်သွားဖို့ကားထုတ်ဖို့ပြင်နေတုန်း ကျောက်တုံးကြီးပိတ်နေရင် ဘယ်လိုလုပ်မလဲ။ တချို့က ကျောက်တုံးကို နေရာရွေ့ပစ်ကြမှာဖြစ်ပြီး အခြားသူတွေကတော့ အလုပ်နောက်မကျအောာင် အငှားကားနဲ့သွားကြမှာပါ။ ဒါပေမယ့် ဘူမိဗေဒပညာရှင် တစ်ယောက်ကတော့ သူရဲ့ကားရှေ့မှာ ကျောက်တုံးကြီးထားပြီး ပိတ်ခဲ့တဲ့သူကို လှလှပပ ပညာပေးခဲ့ပါတယ်။
မိမိကားရှေ့ ကျောက်တုံးကြီးနဲ့ပိတ်ပြီး ယုတ်မာတဲ့အိမ်နီချင်းကို ပညာသားပါပါတုံပြန့်လိုက်တဲ့ ဘူမိဗေဒပညာရှင် 2
Melissa Scruggs အမည်ရှိအမျိုးသမီးတစ်ဦးက မီးတောင်ဆိုင်ပညာရပ်နှင့် Ph.D ရခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက Melissa ဟာ အမြဲဆူညံ စည်းကမ်းမရှိတဲ့ အိမ်နီချင်းနဲ့ပြသာနာတက်ခဲ့ဘူးပါတယ်။ ထိုအိမ်နီချင်းက ပါတီတစ်ခုလုပ်ပြီး မူးရူးနေကာ ခြံစည်ရိုးခိုင်ဖို့ ထားတဲ့ ကျောက်တုံးကြီးကို ဘူမိဗေဒပညာရှင်ရဲ့ ကားအရှေ့သို့ သူရဲ့အပေါင်းအပါတွေနဲ့အတူ မပြီး ရွေ့ခဲ့ပါတယ်။
ဒါကြောင့် မနက်ခင်း အလုပ်သွားဖို့ ကားအနားရောက်လာခဲ့ရာမှာ Melissa သိလိုက်ရတာက သူ(မ)ကားထွက်လို့မရအောင် ကျောက်တုံးကြီးပိတ်နေတာကိုတွေ့ခဲ့ရပါတယ်။ သူ(မ)အရမ်းကို စိတ်မပျော်မရွှင်ဖြစ်ခဲ့ရတယ်။ ဒါကြောင့် သူ(မ)ရဲ့တစ်နေ့တာ အလဟဿအကုန်စေမယ့််အစား ထိုအိမ်နီးချင်းကို ပညာပြန်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။
မနက်် ၇ နာရီခွဲ အချိန်ကစပြီး Melissa က ကျောက်တုံးကြီးကို လွန်ဖြင့်ဖောက်ဖျက်ပြီး စတင်ဖျက်ဆိးခဲ့ပါတယ်။ ကျောက်အမာနှင့် လွန် ရဲ့ပွတ်တိုက်ရိုက်ခတ်မှုတွေကြောင့် အသံရမ်းကိုကျယ်လောင်ပြီး (၄) နာရီကြာတဲ့အထိ ဖျက်ဆီးခဲ့ရတာပါ။ ကျောက်တုံးနဲ့ပိတ်ပြီး ရန်စခဲ့တဲ့ အိမ်နီးချင်းကို Melissa က ၄ နာရီကြာကြာ နားဒုက္ခပေးနိုင်ခဲ့ပါတယ်။ သူ(မ)၈တော့ အသံအလုံပိတ်နားကြပ်တပ်ပြီး ကျောက်တုံးကိုဖျက်ဆီးခဲ့တာပါ။
MyanmarNote
Facebook Comments