အစိုးရစစ္တပ္မွ ဂ်က္တိုက္ေလယာဥ္အသံုးျပဳျပီး AA ကုိ တစ္ညဥ့္လံုးတိုက္

886
.jpg
.jpg

ရခိုင္ျပည္နယ္၊ ပုဏၰားကၽြန္းျမဳိ႕နယ္၊ ေတာဖ်ားေခ်ာင္းေဒသ၊ ဗုေဒါၶေက်းရြာအနီး၀န္းက်င္တြင္ ျမန္မာ့ အစုိးရတပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္မေတာ္ (AA) တို႕အၾကား ျဖစ္ပြားေနသည့္ တို္က္ပြဲအတြင္း မတ္လ ၁၃ ရက္ ညဥ့္အခ်ိန္တြင္ အစုိးရစစ္တပ္မွ ဂ်က္တိုက္ေလယာဥ္မ်ားကို အသံုးျပဳျပီး တိုက္ခိုက္ခဲ့သည္ဟု ေဒသခံမ်ား ျပည္သူမ်ားက နိရဥၥရာ သတင္းဌာနသို႕ ေျပာဆိုသည္။

“ တိုက္ေလယာဥ္နဲ႕ စတိုက္တာက ညဥ့္ ၁၀ နာရီေက်ာ္ေလာက္က စတယ္။ ဗုေဒါၶေက်းရြာအနီးက ေတာင္တန္းေတြကို တိုက္တာပါ။ ေလယာဥ္ကိုေတာ့ မျမင္ရဘူး။ အသံၾကားတာနဲ႕ ေရာက္လာတယ္။ ပစ္ခ်တဲ့ ဗံုးေတြ၊ က်ည္ဆံေတြကို နီရဲျပီး အေမွာင္ထဲမွာ ျမင္ရတယ္။ ထပ္ပ်ံလာတယ္။

ထပ္ခ်တယ္။ ဂ်က္တိုက္ေလယာဥ္လို႕ ေျပာႏိုင္တာက အသံၾကားရပါတယ္။ ေခါင္းကင္တစ္ခုလံုး ေလယာဥ္ပ်ံသံ၊ ဗံုးေပါက္ကြဲသံ၊ လက္နက္ၾကီးေတြနဲ႕ ဆူညံေနပါတယ္” ဟု အနီးအနားရွိ ေဒသခံတစ္ဦးက ေျပာၾကားသည္။

ယခုလို တိုက္ပြဲမ်ိဳးယခင္က တစ္ၾကိမ္မွ မၾကံဳဖူးေၾကာင္း၊ ယခင္ စစ္ရဟတ္ယာဥ္မ်ားျဖင့္သာ တိုက္ခိုက္ေသာ္လည္း ယမန္ေန႕ ညဥ့္က တိုက္ေလယာဥ္ျဖင့္ ဗံုးၾကဲတိုက္ခိုက္သည္မွာ စိုးရိမ္ ထိတ္လန္႕စရာေကာင္းေၾကာင္း၊ ရြာသားမ်ားအေနျဖင့္ တစ္ညဥ့္လံုး ေၾကာက္၍ မအိပ္ရဘဲ မိုးလင္းခဲ့ရေၾကာင္း ေျပာၾကားသည္။

အနီးအနားရွိ ဆင္သီေက်းရြာ ေဒသခံ တစ္ဦးကမူ “ ေက်ာက္ေတာ္ျမိဳ႕နယ္ ေတာင္ေစာက္ အေျမာက္တပ္က အေျမာက္ၾကီးေတြနဲ႕ အဲဒီေနရာဗုေဒါၶေက်းရြာ အေနာက္ဘက္ေတာင္ေၾကာ ေတြကို လွမ္းထုတယ္။ အဆက္မျပတ္ထုတယ္။ နည္းနည္းရပ္သြားရင္ ေလယာဥ္လာတယ္။

လာတာနဲ႕ ဗံုးေတြခ်ေတာ့တာပါဘဲ။ ေျမၾကီးေတြ တုန္သြားသလို ခံစားရပါတယ္။ ေလယာဥ္ျပန္သြားရင္ ကန္ေစာက္ အေျမာက္တပ္ အေျမာက္ေတြ ဆက္လွမ္းထုတယ္။ ရပ္သြားရင္ ေလယာဥ္လာတယ္။ ဒီလိုဘဲ ခ်ေနၾကတာပါဘဲ။ ဂ်ိ္မ္း ဂ်ိမ္း ၾကားရပါတယ္” ဟု ေျပာၾကားသည္။

မတ္လ ၁၃ ရက္ေန႕ ညေန ၄ နာရီေက်ာ္မွ စစ္ရဟတ္ယာဥ္မ်ားျဖင့္ AA ကို တိုက္ခိုက္ေၾကာင္း၊ ည ၈ နာရီေက်ာ္၊ ၁၀ နာရီေက်ာ္တြင္လည္း ရဟတ္ယာဥ္မ်ားျဖင့္ အၾကိမ္ၾကိမ္ လာပစ္ခတ္ေၾကာင္း၊ ညဥ့္ ၁၀ နာရီေက်ာ္တြင္ ရဟတ္မ်ား မလာေတာ့ဘဲ တိုက္ေလယာဥ္ျဖင့္ စတင္ တိုက္ခိုက္ေၾကာင္း၊ တစ္ညဥ့္လံုး တိုက္ခိုက္ေၾကာင္း၊ ညဥ့္ ၁၂ နာရီေက်ာ္ ၁ နာရီထိ တိုက္ခိုက္ေၾကာင္း၎က ေျပာၾကားသည္။

ယခုလို တိုက္ခိုက္မႈေၾကာင့္ ဆင္သီရြာသားမ်ားမွာ ယမန္ေန႕ ညဥ္႕က ဘုန္းေတာ္ၾကီးေက်ာင္းေအာက္တြင္ ပုန္းေအာင္းျပီး ေနၾကေၾကာင္း၊ ရြာသားမ်ား အၾကား အထူး စိုးရိမ္ ထိတ္လန္႕ေနၾကျပီး မည္သုိ႕ဆက္လက္ လုပ္ေဆာင္ရမည္ကို မသိဘဲ ျဖစ္ေနၾကရေၾကာင္း၊ အထူးသျဖင့္ သက္ၾကီးရြယ္အိုမ်ား၊ မိန္းမမ်ားႏွင့္ ကေလးငယ္ ဒုကၡေရာက္ေနၾကရေၾကာင္း ၎က ေျပာၾကားသည္။

မတ္လ ၁၄ ရက္ နံနက္ ၇ နာရီေက်ာ္ကလည္း ရဟတ္ယာဥ္မ်ားျဖင့္ လာေရာက္ ပစ္ခတ္မႈမ်ား ရွိေနေၾကာင္း၊ ၎ေနရာမွာ ဆင္သီႏွင့္ ဗုေဒါၶေက်းရြာအၾကား ေတာင္တန္းမ်ား ျဖစ္ျပီး ၎ေတာင္တန္းမ်ားတြင္ အစိုးရ စစ္တပ္ႏွင့္ AA အၾကား တိုက္ပြဲျဖစ္ပြားေနေသာ ေနရာ ျဖစ္ေၾကာင္း၊ ယမန္ေန႕ ညေနကပါ ယေန႕နံနက္ထိ ၁၂ ၾကိမ္ထက္ မနည္း ရဟတ္ယာဥ္၊ တိုက္ေလယာဥ္မ်ားျဖင့္ တိုက္ခိုက္ခဲ့ေၾကာင္း ၎က ေျပာၾကားသည္။

အဆိုပါ တုိက္ခိုက္မႈႏွင့္ ပတ္သက္ျပီး ဗုေဒါၶေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္ေက်ာ္လိႈင္အား ယေန႕ နံနက္က ဆက္သြယ္ရာ ၎မွာ ရြာမွ စစ္ေဘးေရွာင္မ်ားႏွင့္ အတူ ယိုးတရုပ္ေက်းရြာသို႕ ေရာက္ရွိေနသျဖင့္ ေက်းရြာအေျခအေနကို ေလာေလာဆယ္တြင္ မသိရွိရေသးေၾကာင္း၊ တစ္ညဥ့္လံုး ဂ်က္ေလယာဥ္မ်ား တိုက္ခိုက္ေနသည္ကို ျမင္ေတြ႕ရေၾကာင္း၊ ဗံုးကြဲသံ လက္နက္ၾကီးသံမ်ားကို ၾကားေနခဲ့ရေၾကာင္း ေျပာၾကားသည္။

အဆိုပါ တိုက္ခိုက္မႈႏွင့္ ပတ္သက္၍ အစိုးရ တာ၀န္ရွိသူမ်ားထံမွ အတည္ျပဳခ်က္ ရယူႏိုင္ေရး အတြက္ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးၾကီး ၀င္းေဇာ္ဦးႏွင့္ ေက်ာက္ေတာ္ျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးသီဟေအာင္တို႕အား ယေန႕ နံနက္ ၉ နာရီ ၃၀ မိနစ္ခန္႕က ဆက္သြယ္ရာ ဖုန္းလက္ခံ ေျဖဆိုျခင္း မရွိပါ။

လက္ရွိ ရရွိေသာ သတင္းအရ ေဆာင္းတူရြာသားမ်ားမွာ ေၾကာက္လန္႕စုိးရိမ္ျပီး ေဘးလြတ္ရာသို႕ ထြက္ေျပးေနၾကသည္ဟု သိရသျဖင့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ေသာင္းသို႕ ယေန႕ နံနက္ ဆက္သြယ္ရာ သူက “ တစ္ရြာလံုး ထြက္ေျပးေနၾကပါတယ္။ ဘယ္ရြာလို႕ မဟုတ္ဘူး။ ျပင္လ်ားရွည္၊ သဲေတာ္၊ နီးစပ္ရာရြာေတြကို ထြက္ေျပးေနၾကပါတယ္” ဟု ေျပာၾကားသည္။(ဓာတ္ပံု- မတ္လ ၁၄ ရက္ နံနက္က ထြက္ေျပးေနၾကသည့္ ေဆာင္းတူ ရြာသားမ်ား / Photo by Than Zaw )နိရဥၥရာ၊ မတ္လ ၁၄/ ၂၀၁၉

Unicode

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသ၊ ဗုဒ္ဓေါကျေးရွာအနီးဝန်းကျင်တွင် မြန်မာ့ အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား ဖြစ်ပွားနေသည့် တိ်ုက်ပွဲအတွင်း မတ်လ ၁၃ ရက် ညဉ့်အချိန်တွင် အစိုးရစစ်တပ်မှ ဂျက်တိုက်လေယာဉ်များကို အသုံးပြုပြီး တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများ ပြည်သူများက နိရဉ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

“ တိုက်လေယာဉ်နဲ့ စတိုက်တာက ညဉ့် ၁၀ နာရီကျော်လောက်က စတယ်။ ဗုဒ္ဓေါကျေးရွာအနီးက တောင်တန်းတွေကို တိုက်တာပါ။ လေယာဉ်ကိုတော့ မမြင်ရဘူး။ အသံကြားတာနဲ့ ရောက်လာတယ်။ ပစ်ချတဲ့ ဗုံးတွေ၊ ကျည်ဆံတွေကို နီရဲပြီး အမှောင်ထဲမှာ မြင်ရတယ်။ ထပ်ပျံလာတယ်။

ထပ်ချတယ်။ ဂျက်တိုက်လေယာဉ်လို့ ပြောနိုင်တာက အသံကြားရပါတယ်။ ခေါင်းကင်တစ်ခုလုံး လေယာဉ်ပျံသံ၊ ဗုံးပေါက်ကွဲသံ၊ လက်နက်ကြီးတွေနဲ့ ဆူညံနေပါတယ်” ဟု အနီးအနားရှိ ဒေသခံတစ်ဦးက ပြောကြားသည်။

ယခုလို တိုက်ပွဲမျိုးယခင်က တစ်ကြိမ်မှ မကြုံဖူးကြောင်း၊ ယခင် စစ်ရဟတ်ယာဉ်များဖြင့်သာ တိုက်ခိုက်သော်လည်း ယမန်နေ့ ညဉ့်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည်မှာ စိုးရိမ် ထိတ်လန့်စရာကောင်းကြောင်း၊ ရွာသားများအနေဖြင့် တစ်ညဉ့်လုံး ကြောက်၍ မအိပ်ရဘဲ မိုးလင်းခဲ့ရကြောင်း ပြောကြားသည်။

အနီးအနားရှိ ဆင်သီကျေးရွာ ဒေသခံ တစ်ဦးကမူ “ ကျောက်တော်မြို့နယ် တောင်စောက် အမြောက်တပ်က အမြောက်ကြီးတွေနဲ့ အဲဒီနေရာဗုဒ္ဓေါကျေးရွာ အနောက်ဘက်တောင်ကြော တွေကို လှမ်းထုတယ်။ အဆက်မပြတ်ထုတယ်။ နည်းနည်းရပ်သွားရင် လေယာဉ်လာတယ်။

လာတာနဲ့ ဗုံးတွေချတော့တာပါဘဲ။ မြေကြီးတွေ တုန်သွားသလို ခံစားရပါတယ်။ လေယာဉ်ပြန်သွားရင် ကန်စောက် အမြောက်တပ် အမြောက်တွေ ဆက်လှမ်းထုတယ်။ ရပ်သွားရင် လေယာဉ်လာတယ်။ ဒီလိုဘဲ ချနေကြတာပါဘဲ။ ဂျိ်မ်း ဂျိမ်း ကြားရပါတယ်” ဟု ပြောကြားသည်။

မတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီကျော်မှ စစ်ရဟတ်ယာဉ်များဖြင့် AA ကို တိုက်ခိုက်ကြောင်း၊ ည ၈ နာရီကျော်၊ ၁၀ နာရီကျော်တွင်လည်း ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ် လာပစ်ခတ်ကြောင်း၊ ညဉ့် ၁၀ နာရီကျော်တွင် ရဟတ်များ မလာတော့ဘဲ တိုက်လေယာဉ်ဖြင့် စတင် တိုက်ခိုက်ကြောင်း၊ တစ်ညဉ့်လုံး တိုက်ခိုက်ကြောင်း၊ ညဉ့် ၁၂ နာရီကျော် ၁ နာရီထိ တိုက်ခိုက်ကြောင်း၎င်းက ပြောကြားသည်။

ယခုလို တိုက်ခိုက်မှုကြောင့် ဆင်သီရွာသားများမှာ ယမန်နေ့ ညဉ့်က ဘုန်းတော်ကြီးကျောင်းအောက်တွင် ပုန်းအောင်းပြီး နေကြကြောင်း၊ ရွာသားများ အကြား အထူး စိုးရိမ် ထိတ်လန့်နေကြပြီး မည်သို့ဆက်လက် လုပ်ဆောင်ရမည်ကို မသိဘဲ ဖြစ်နေကြရကြောင်း၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ မိန်းမများနှင့် ကလေးငယ် ဒုက္ခရောက်နေကြရကြောင်း ၎င်းက ပြောကြားသည်။

မတ်လ ၁၄ ရက် နံနက် ၇ နာရီကျော်ကလည်း ရဟတ်ယာဉ်များဖြင့် လာရောက် ပစ်ခတ်မှုများ ရှိနေကြောင်း၊ ၎င်းနေရာမှာ ဆင်သီနှင့် ဗုဒ္ဓေါကျေးရွာအကြား တောင်တန်းများ ဖြစ်ပြီး ၎င်းတောင်တန်းများတွင် အစိုးရ စစ်တပ်နှင့် AA အကြား တိုက်ပွဲဖြစ်ပွားနေသော နေရာ ဖြစ်ကြောင်း၊ ယမန်နေ့ ညနေကပါ ယနေ့နံနက်ထိ ၁၂ ကြိမ်ထက် မနည်း ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဗုဒ္ဓေါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်လှိုင်အား ယနေ့ နံနက်က ဆက်သွယ်ရာ ၎င်းမှာ ရွာမှ စစ်ဘေးရှောင်များနှင့် အတူ ယိုးတရုပ်ကျေးရွာသို့ ရောက်ရှိနေသဖြင့် ကျေးရွာအခြေအနေကို လောလောဆယ်တွင် မသိရှိရသေးကြောင်း၊ တစ်ညဉ့်လုံး ဂျက်လေယာဉ်များ တိုက်ခိုက်နေသည်ကို မြင်တွေ့ရကြောင်း၊ ဗုံးကွဲသံ လက်နက်ကြီးသံများကို ကြားနေခဲ့ရကြောင်း ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အစိုးရ တာဝန်ရှိသူများထံမှ အတည်ပြုချက် ရယူနိုင်ရေး အတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟအောင်တို့အား ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

လက်ရှိ ရရှိသော သတင်းအရ ဆောင်းတူရွာသားများမှာ ကြောက်လန့်စိုးရိမ်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးနေကြသည်ဟု သိရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သောင်းသို့ ယနေ့ နံနက် ဆက်သွယ်ရာ သူက “ တစ်ရွာလုံး ထွက်ပြေးနေကြပါတယ်။ ဘယ်ရွာလို့ မဟုတ်ဘူး။ ပြင်လျားရှည်၊ သဲတော်၊ နီးစပ်ရာရွာတွေကို ထွက်ပြေးနေကြပါတယ်” ဟု ပြောကြားသည်။(ဓာတ်ပုံ- မတ်လ ၁၄ ရက် နံနက်က ထွက်ပြေးနေကြသည့် ဆောင်းတူ ရွာသားများ / Photo by Than Zaw )နိရဉ္စရာ၊ မတ်လ ၁၄/ ၂၀၁၉

Facebook Comments