ဖခင္ျဖစ္သူ၏ တတိယေျမာက္ဇနီးျဖစ္သူ မိေထြးအား ဓားနဲ႔ ရက္ရက္စက္စက္ ခုတ္သတ္မႈ

99

ဖခင္ျဖစ္သူ၏ တတိယေျမာက္ဇနီးျဖစ္သူ မိေထြးအား ဓားနဲ႔ ရက္ရက္စက္စက္ ခုတ္သတ္မႈ

တနသၤာရီတိုင္း၊ တနသၤာရီၿမိဳ႕ေပၚတြင္ ဖခင္၏ တတိယေျမာက္ဇႏွီးျဖစ္သူ မိေထြးအား အၿငိဳးထားၿပီး သတ္ျဖတ္သည့္ လူသတ္မႈတစ္ခု ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

၂၀၁၉ မတ္လ ၁၀ ရက္ေန႔ နံနက္ပိုင္းအခ်ိန္တြင္ တမုတ္ခ်ဳံးေက်းရြာအုပ္စု ေရျဖဴေက်းရြာ၌ ေနထိုင္သည့္ ေဒၚရီရီခ်ိဳ (ခ) မံႈေရႊရည္(၄၆)နွစ္မွာ ေနအိမ္အနီး ေခ်ာင္းနံေဘးရွိ ကြမ္းသီးပ်ိဳးတဲတြင္ ပ်ိဳးပင္မ်ား ထုပ္ပိုးေနစဥ္ ခင္ပြန္းသည္၏သား ထြန္းမင္းနိုင္(ခ) အႀကီးေကာင္ ဆိုသူေရာက္ရွိလာကာ ပါလာသည့္ဓားျဖင့္ ခုတ္သတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

“ေသဆံုးသူတြင္ ျပစ္မႈက်ဴးလြန္သူအႀကီးေကာင္ ဖခင္ရဲ႕ တတိယေျမာက္ဇနီး မိေထြးလို႔ သိရတယ္။ တရားခံရဲ႕ဖခင္၌ မိန္းမ ၃ ေယာက္ရွိတဲ့သေဘာေပါ့။ တရားခံအႀကီးေကာင္ကလည္း၊ဒုတိယေျမာက္ဇနီးရဲ႕သား ျဖစ္ပါတယ္။ ယခင္ကေျမယာကိစၥနဲ႔ ရန္ၿငိဳးေတြ ရွိခဲ့ၾကတယ္။

အခင္းျဖစ္ေနခ်ိန္မွာ တရားခံလက္ထဲမွာ ေသနတ္လည္းပါတယ္။ ဒါေပမဲ့ ဓားနဲ႔ပဲ ရက္ရက္စက္စက္ သတ္သြားတာပါ။၃/၄ခ်က္ေလာက္ခုတ္သတ္လိုက္တယ္လုိ႔ သိရပါတယ္။ တရားခံကိုလည္းဖမ္းဆီးႏိုင္ပါတယ္” ဟု တနသၤာရီၿမိဳ႕နယ္ရဲတပ္ဖြဲ႔ရံုးက တာ၀န္ရွိသူတစ္ဦးမွ ေျပာသည္။

ေသဆံုးသူမွ မလုပ္ရန္ေတာင္းပန္ျခင္းျပဳလုပ္ခဲ့သည့္ ၾကားမွ တရားခံအႀကီးေကာင္က လက္မခံဘဲ ခုမိေထြးေဒၚရီရီခ်ိဳ၏ လက္ေကာက္၀တ္ႏွစ္ဖက္စလံုးကို ခုတ္ျဖတ္သည့္အျပင္ ဦးေခါင္းႏွင့္ ေမးေစ့အထက္ရွိ လည္ဂုတ္ကိုလည္း ဓားျဖင့္ခတ္ထစ္ခဲ့ကာ သတ္ျဖတ္သြားျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သတ္၍ ျပစ္မႈက်ဴးလြန္သည့္ ထြန္းမင္းနိုင္(ခ)အႀကီးေကာင္(၃၂)ႏွစ္ကို ဖမ္းဆီးကာ လူသတ္မႈပုဒ္မ-၃၀၂ အျပင္ လက္နက္မႈပုဒ္မ-၁၉(စ) တို႔ျဖင့္ တနသၤာရီၿမိဳ႕မရဲစခန္း၌ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။သာခိုင္(မုနိၿမီ)

Unicode

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ပေါ်တွင် ဖခင်၏ တတိယမြောက်ဇနှီးဖြစ်သူ မိထွေးအား အငြိုးထားပြီး သတ်ဖြတ်သည့် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

၂၀၁၉ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်တွင် တမုတ်ချုံးကျေးရွာအုပ်စု ရေဖြူကျေးရွာ၌ နေထိုင်သည့် ဒေါ်ရီရီချို (ခ) မှုံရွှေရည်(၄၆)နှစ်မှာ နေအိမ်အနီး ချောင်းနံဘေးရှိ ကွမ်းသီးပျိုးတဲတွင် ပျိုးပင်များ ထုပ်ပိုးနေစဉ် ခင်ပွန်းသည်၏သား ထွန်းမင်းနိုင်(ခ) အကြီးကောင် ဆိုသူရောက်ရှိလာကာ ပါလာသည့်ဓားဖြင့် ခုတ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“သေဆုံးသူတွင် ပြစ်မှုကျူးလွန်သူအကြီးကောင် ဖခင်ရဲ့ တတိယမြောက်ဇနီး မိထွေးလို့ သိရတယ်။ တရားခံရဲ့ဖခင်၌ မိန်းမ ၃ ယောက်ရှိတဲ့သဘောပေါ့။ တရားခံအကြီးကောင်ကလည်း၊ဒုတိယမြောက်ဇနီးရဲ့သား ဖြစ်ပါတယ်။ ယခင်ကမြေယာကိစ္စနဲ့ ရန်ငြိုးတွေ ရှိခဲ့ကြတယ်။

အခင်းဖြစ်နေချိန်မှာ တရားခံလက်ထဲမှာ သေနတ်လည်းပါတယ်။ ဒါပေမဲ့ ဓားနဲ့ပဲ ရက်ရက်စက်စက် သတ်သွားတာပါ။၃/၄ချက်လောက်ခုတ်သတ်လိုက်တယ်လို့ သိရပါတယ်။ တရားခံကိုလည်းဖမ်းဆီးနိုင်ပါတယ်” ဟု တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့ရုံးက တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

သေဆုံးသူမှ မလုပ်ရန်တောင်းပန်ခြင်းပြုလုပ်ခဲ့သည့် ကြားမှ တရားခံအကြီးကောင်က လက်မခံဘဲ ခုမိထွေးဒေါ်ရီရီချို၏ လက်ကောက်ဝတ်နှစ်ဖက်စလုံးကို ခုတ်ဖြတ်သည့်အပြင် ဦးခေါင်းနှင့် မေးစေ့အထက်ရှိ လည်ဂုတ်ကိုလည်း ဓားဖြင့်ခတ်ထစ်ခဲ့ကာ သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ပြစ်မှုကျူးလွန်သည့် ထွန်းမင်းနိုင်(ခ)အကြီးကောင်(၃၂)နှစ်ကို ဖမ်းဆီးကာ လူသတ်မှုပုဒ်မ-၃၀၂ အပြင် လက်နက်မှုပုဒ်မ-၁၉(စ) တို့ဖြင့် တနင်္သာရီမြို့မရဲစခန်း၌ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။သာခိုင်(မုနိမြီ)

Facebook Comments