ဇာတ်ကားရိုက်ကူးနေစဉ် ငါးမိနစ်အတွင်းမှာပဲ ကွယ်လွန်ခဲ့သူအတွက် ယူကြုံးမရဖြစ်နေတဲ့ မအေးသောင်း

41
q11 1
q11 1




Photo – အောင်မိုးဆွေ

Credit – myanmarload

Unicode

မအေးသောင်းတစ်ယောက် ရုပ်ရှင်ဇာတ်ကားရိုက်ကူးနေစဉ်မှာ ရုတ်တရက်ကွယ်လွန်ခဲ့ရ တဲ့ စက်အဖွဲ့သားတစ်ဦးဖြစ်တဲ့ ဦးမျိုးကျော် အတွက် အတော်လေးစိတ်မကောင်းဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။ မနေ့က မနက်ခင်းပိုင်းလေးမှာတင်ကွယ်လွန်ခဲ့ပြီး နေ့မြင်ညပျောက်ဆိုတဲ့ စကားလေးအတိုင်းပဲ ဘယ်သူမှထင်မှတ်မထားတဲ့အချိန်မှာပဲ အားလုံးကိုနှုတ်ဆက် ထွက်ခွာသွားပြီဖြစ်တဲ့ ပရိသတ်တွေသတိမထားမိတဲ့ စက်အဖွဲ့သား တစ်ဦးပဲဖြစ်ပါတယ်။ ဒီလိုစိတ်မကောင်းစရာအဖြစ်အပျက်အတွက် မအေးသောင်းက ငွေကျယ်ငါးသိန်း မ တည်ပြီး နောက် ဒါရိုက်တာသားညီ အကယ်ဒမီမင်းမော်ကွန်း /မန်နေဂျာကိုဆွေတို့နှင့်အတူ အဖွဲ့ သားများစုပေါင်းပြီး ဦးမျိုးကျော်ရဲ့မိသားစုထံသို့ကျပ်၁ဝသိန်းတိတိ ကူညီထောက်ပံ့ပေးခဲ့ပါ တယ်။ မွန်မြတ်တဲ့ အလှူလေးမို့ သာဓုအကြိမ်ကြိမ်ခေါ်ဆိုပါတယ်နော်။

အဖွဲ့သားတစ်ဦးဆုံးရှုံးမှုအတွက် စက်အဖွဲ့ဝင်တစ်ဦးက ” ကျွန်တော်တို့နဲ့အတူ၆ရက်အတူ တူလက်တွဲကာရိုက်ကူးရေးဆောင်ရွက်နေရင်း ၆ရက်နေ့မြောက်နိုက်ဆင်းအပြီးမှာ မမျှော် လင့်ဘဲချက်ချင်းကိုမျိုးကျော်(စက်မှု)၅မိနစ်တာမြင်တွေ့ရပြီးဘဝတပါးသို့ကူးပြောင်သွားခဲ့ သည့်အတွက်မိသားစုနဲ့အတူထပ်တူ ထပ်မျှဝမ်းနည်းကြေကွဲခဲ့ရပါတယ်ကိုမျိုးကျော်။ ကိုမျိုး ကျော်ကောင်းရာမွန်ရာဘုံဘဝကိုရောက်ရှိနိုင်ဘို့အတွက် သရုပ်ဆောင်မအေးဝတ်ရည် သောင်းမှကျပ ်၅ သိန်းတိတိ မတည်ကာဒါရိုက်တာသားညီအကယ်ဒမီမင်းမော်ကွန်း / မန်နေဂျာကိုဆွေတို့နှင့်အတူ အဖွဲ့သားများစုပေါင်းပြီးကိုမျိုးကျော်ရဲ့မိသားစုထံသို့ကျပ် ၁၀ သိန်းတိတိကူညီထောက်ပံ့ပေးခဲ့ပါတယ်။ ကိုမျိုးကျော်ကောင်းရာမွန်ရာဘုံဘဝကို ရောက်ရှိ ပါစေလို့အဖွဲ့သားအားလုံးကဆုတောင်းပေးလိုက်ပါတယ်ကိုမျိုးကျော်။ ” ဆိုပြီး တင်ထားတာ ပဲဖြစ်ပါတယ်။

မအေးသောင်းကလည်း သူမရဲ့ရင်တွင်းခံစားချက်ကို ” စက်မှု အဖွဲ့ကပါ။ ရှူတင်အတူတူ ရိုက်နေရင်းနဲ့ပဲ ဆုံးသွားတာပါ။ ယုံတောင်မယုံနိုင်ဘူး။ ဘေးမှာရှိတဲ့ သူတွေကိုတန်ဖိုး ထားကြရအောင်နော်။ ” ဆိုပြီး ရေးသားထားကာ အတော်လေးစိတ်မကောင်းဖြစ်နေရတာပဲ ဖြစ်ပါတယ်။ ကွယ်လွန်သူလည်း ကောင်းရာဘဝမှာ အေးအေးချမ်းချမ်း ရှိနေစေဖို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

Photo – အောင်မိုးဆွေ

Credit – myanmarload

Facebook Comments