ေသာၾကာေန႔ဖြားအေဟာ ေသာၾကာ သားသမီးေတြဟာ လူ႔ေလာကကို စေရာက္လာပီ ဆိုကတည္းက FACEBOOK PREV ARTICLE

56

ေသာၾကာ သားသမီး

ေသာၾကာ သားသမီးေတြဟာ လူ႔ေလာကကို စေရာက္လာပီ ဆိုကတည္းက အငိုသန္တယ္၊ ေသြးေအးေအးနဲ႔ စိတ္ျကီးတတ္တယ္။ အေနေအးတဲ႔ လူအမ်ားစု ျဖစ္ျကေပမဲ႔ ကိုယ္ခင္ရတဲ႔သူ

အရင္းႏွီးဆံုး လူေတြနဲ႔ စကားေျပာရင္ေတာ့ အင္မတန္မွ စကားမ်ားတယ္၊ ေလေျကာ မျပတ္ႏိုင္ဘူး။ သူမ်ား အေျကာင္းထက္ ကိုယ့္အေျကာင္းေတြကို ပိုပီး ေျပာျပေလ့ ႐ွိတယ္။

ည္မွန္းခ်က္ တခုကို အေကာင္အထည္ ေဖာ္ရင္ စိတ္႐ွည္တယ္။ သီးခံတယ္။ ကိုယ္မျကိုက္တဲ့ အရာကိုယ္မႏွစ္သက္ေသာ လူေတြ ဆိုရင္ေတာ့ ဘယ္ေတာ့မွ ဂ႐ုမစိုက္တတ္ဘူး။ ကိုယ္မွန္တယ္လို့ ထင္႐င္လည္း ဘယ္သူေျပာေျပာ ဂ႐ုမစိုက္တတ္တာ ေသာျကာပါ။

လူမႈေရးနဲ႔ ပတ္သတ္ပီး ဆက္ဆံ႐င္ ေဖာ္ေ႐ြတတ္တာ ေသာျကာပါ။ ကိုယ္ခင္ေသာ မိတ္ေဆြေတြရဲ႕ လူမႈေရးပြဲေတြ အတြက္ဆို႐င္ ေသာၾကာေတြဟာ မပ်က္မကြက္ သြားေ႐ာက္တတ္ပါတယ္။

အျပင္မွာ ေအးစက္စက္နဲ႔ မာနျကီးတယ္လို႔ ထင္ရေပမဲ႔ ကိုယ္ခင္တဲ့ လူေတြအေပၚမွာ ဆို႐င္ေတာ့ ပြင့္ပြင့္လင္းလင္းနဲ႔ ေျပာဆို ဆက္ဆံတတ္တာ ေသာၾကာပါ။

ကေလးေတြကိုလည္း ျကင္နာစြာနဲ႔ ခ်စ္တတ္တယ္။ စိတ္ညစ္စ႐ာ စိတ္ဆင္းရဲစရာေတြ ႐ွိ႐င္ တစ္ေယာက္ထဲ ေအးေဆး ေတြးေတာေန႐တာကို ပိုပီး ႏွစ္သက္တာ ေသာၾကာ။

ေသာၾကာေတြဟာ ကိုယ့္အနားမွာ ႐ွိေနတဲ႔သူေတြကို အရင္းနီးဆံုး ခင္မင္စြာေနတတ္ေပမဲ႔ စိတ္ထဲမွာ သိပ္ပီး အစြဲအလန္း မထားတတ္ဘူး။ ခင္မင္ရတဲ႔ လူအခ်ိဳ႕ကို အခ်ိန္ေတြ ၾကာသြားလည္း

အမွတ္ရေနတတ္တဲ့ သူေတြျဖစ္ေပမဲ႔ အစြဲအလန္းႀကီးစြာနဲ႔ တသသနဲ႔ သတိရေနတတ္တဲ႔ လူေတြေတာ့ မဟုတ္ဘူး။

ေသာၾကာေတြဟာ အားေနရင္ ကိုယ္ႀကိဳက္ေသာ အစားအစာေတြ စားေန႐တာေတြကို ေက်နပ္ျကသလို

အအိပ္လည္းမက္တယ္။ ျဖစ္ခ်င္တာေတြ မျဖစ္လာ႐င္လည္း ေဒါကန္တတ္တာ ေသာၾကာ။

အခ်စ္ေရး ကိစၥမွာ ေသာၾကာေတြဟာ အ႐ွက္ျကီးတယ္။ ကိုယ့္ရဲ႕အခ်စ္ေရး အခ်စ္႐ာ အေျကာင္းေတြကို သူငယ္ခ်င္းေတြအေပၚမွာ အေျကာင္းစံု သိပ္ပီး ေျပာျပေလ့မ႐ွိဘူး။

လ်ိဳ႕ဝွက္တတ္တာ သိပ္ေတာ္တာ ေသာျကာပါ။ ေသာၾကာေတြဟာ ပစၥဳပၸန္ထက္ အနာဂတ္ကို ပိုပီး စိတ္ကူးယဥ္ ေတြးေတာေလ့ ႐ွိတယ္။

ေသာၾကာေတြရဲ႕ မ်က္ဝန္းဟာ စြဲေဆာင္မႈ ႐ွိသလို စကားေျပာ႐င္လည္း စြဲေဆာင္မႈ အျပည့္အဝ ပိုင္ဆိုင္ထားတာ ေသာျကာေတြပါ။

ေသာၾကာေတြရဲ႕ အခ်စ္ေ႐းကေတာ့ အခ်စ္ဦးနဲ႔လြဲေနေပမဲ႔ အခ်စ္စစ္နဲ႔ ရင္ဆိုင္ျကံဳေတြ႔ေနရတဲ႔ အေနအထားေလးပါ

( myitmyat)

===============

သောကြာ သားသမီး

သောကြာ သားသမီးတွေဟာ လူ့လောကကို စရောက်လာပီ ဆိုကတည်းက အငိုသန်တယ်၊ သွေးအေးအေးနဲ့ စိတ်ကြီးတတ်တယ်။ အနေအေးတဲ့ လူအများစု ဖြစ်ကြပေမဲ့ ကိုယ်ခင်ရတဲ့သူ

အရင်းနှီးဆုံး လူတွေနဲ့ စကားပြောရင်တော့ အင်မတန်မှ စကားများတယ်၊ လေကြော မပြတ်နိုင်ဘူး။ သူများ အကြောင်းထက် ကိုယ့်အကြောင်းတွေကို ပိုပီး ပြောပြလေ့ ရှိတယ်။

ည်မှန်းချက် တခုကို အကောင်အထည် ဖော်ရင် စိတ်ရှည်တယ်။ သီးခံတယ်။ ကိုယ်မကြိုက်တဲ့ အရာကိုယ်မနှစ်သက်သော လူတွေ ဆိုရင်တော့ ဘယ်တော့မှ ဂရုမစိုက်တတ်ဘူး။ ကိုယ်မှန်တယ်လို့ ထင်ရင်လည်း ဘယ်သူပြောပြော ဂရုမစိုက်တတ်တာ သောကြာပါ။

လူမှုရေးနဲ့ ပတ်သတ်ပီး ဆက်ဆံရင် ဖော်ရွေတတ်တာ သောကြာပါ။ ကိုယ်ခင်သော မိတ်ဆွေတွေရဲ့ လူမှုရေးပွဲတွေ အတွက်ဆိုရင် သောကြာတွေဟာ မပျက်မကွက် သွားရောက်တတ်ပါတယ်။

အပြင်မှာ အေးစက်စက်နဲ့ မာနကြီးတယ်လို့ ထင်ရပေမဲ့ ကိုယ်ခင်တဲ့ လူတွေအပေါ်မှာ ဆိုရင်တော့ ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆို ဆက်ဆံတတ်တာ သောကြာပါ။

ကလေးတွေကိုလည်း ကြင်နာစွာနဲ့ ချစ်တတ်တယ်။ စိတ်ညစ်စရာ စိတ်ဆင်းရဲစရာတွေ ရှိရင် တစ်ယောက်ထဲ အေးဆေး တွေးတောနေရတာကို ပိုပီး နှစ်သက်တာ သောကြာ။

သောကြာတွေဟာ ကိုယ့်အနားမှာ ရှိနေတဲ့သူတွေကို အရင်းနီးဆုံး ခင်မင်စွာနေတတ်ပေမဲ့ စိတ်ထဲမှာ သိပ်ပီး အစွဲအလန်း မထားတတ်ဘူး။ ခင်မင်ရတဲ့ လူအချို့ကို အချိန်တွေ ကြာသွားလည်း

အမှတ်ရနေတတ်တဲ့ သူတွေဖြစ်ပေမဲ့ အစွဲအလန်းကြီးစွာနဲ့ တသသနဲ့ သတိရနေတတ်တဲ့ လူတွေတော့ မဟုတ်ဘူး။

သောကြာတွေဟာ အားနေရင် ကိုယ်ကြိုက်သော အစားအစာတွေ စားနေရတာတွေကို ကျေနပ်ကြသလို

အအိပ်လည်းမက်တယ်။ ဖြစ်ချင်တာတွေ မဖြစ်လာရင်လည်း ဒေါကန်တတ်တာ သောကြာ။

အချစ်ရေး ကိစ္စမှာ သောကြာတွေဟာ အရှက်ကြီးတယ်။ ကိုယ့်ရဲ့အချစ်ရေး အချစ်ရာ အကြောင်းတွေကို သူငယ်ချင်းတွေအပေါ်မှာ အကြောင်းစုံ သိပ်ပီး ပြောပြလေ့မရှိဘူး။

လျို့ဝှက်တတ်တာ သိပ်တော်တာ သောကြာပါ။ သောကြာတွေဟာ ပစ္စုပ္ပန်ထက် အနာဂတ်ကို ပိုပီး စိတ်ကူးယဉ် တွေးတောလေ့ ရှိတယ်။

သောကြာတွေရဲ့ မျက်ဝန်းဟာ စွဲဆောင်မှု ရှိသလို စကားပြောရင်လည်း စွဲဆောင်မှု အပြည့်အဝ ပိုင်ဆိုင်ထားတာ သောကြာတွေပါ။

သောကြာတွေရဲ့ အချစ်ရေးကတော့ အချစ်ဦးနဲ့လွဲနေပေမဲ့ အချစ်စစ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အနေအထားလေးပါ

( myitmyat)

Facebook Comments