တစ္ပတ္စာ၇ရက္သားသမီးေဟာစာတမ္း (28.2.2019 မွ 06.3.2019 အထိ)

39
.jpg
.jpg

28.2.2019 မွ 06.3.2019 အထိ တစ္ပတ္စာ၇ရက္သားသမီးေဟာစာတမ္း

တနဂၤ​ေႏြ

ဒီကာလဟာတနဂၤ​ေႏြသားသမီး​ေတြအတြက္​ အ​ေကာင္​းအဆိုး​ေရာ​ေထြးေနတဲ့အခ်ိန္​ပါ။ ဒါ​ေပမဲ့အ​ေကာင္​းဘက္​ကိုအ​ေလးသာပါတယ္​။ ဒီကာလမွာ ​ေဆြမ်ိဳးသားခ်င္​း​ေတြ မိသားစုဝင္​​ေတြ​ေၾကာင္​့ စိတ္​ဆင္​းရဲရမဲ့ကာလပါပဲ။ မိတ္​​ေဆြအ​ေပါင္​းအသင္​း အထက္​လူႀကီး​ေတြရဲ႕ကူညီမစျခင္​းကို​ေတာ့ ရမဲ့ကာလပါ။တစိမ္​းမိန္​းမတစ္​​ေယာက္​က အကူအညီ​ေပးမဲ့အခ်ိန္​ပါ။အမ်ားနဲ႔စု​ေပါင္​းလုပ္​ရ​ေသာအလုပ္​၊အတူတကြတတ္​ညီလက္​ညီလုပ္​ရ​ေသာကိစၥရပ္​​ ေတြမွာ ​ေအာင္​ျမင္​မႈရပါလိမ္​့မယ္​။ အလုပ္​စီးပြား​ေကာင္​းလာပါၿပီ။ အလုပ္​မွာရာထူးတိုးျခင္​း၊အထက္​လူႀကီးသ​ေဘာက်ျခင္​းမ်ိဳးႀကံဳရတတ္​သလို ကိုယ္​ပိုင္​လုပ္​ငန္​းလုပ္​သူ​ေတြလဲ အက်ိဳးျဖစ္​ထြန္​းမဲ့အခ်ိန္​ပါပဲ။ က်န္းမာေရး အတြက္ကေတာ့စိတ္ပူစရာမလိုေသးတဲ့ အခ်ိန္ပါပဲ။ မိမိျဖစ္ေပၚေနတဲ့ေရာဂါရွိရင္လဲ သမားေတာ္နဲ႔ျပသအၾကံဥာဏ္ ေတာင္းလို႔အလြန္ေကာင္းတဲ့ ကာလပါ။အခ်စ္​​ေရးက​ေတာ့ ​ေမ်ွာ္​လင္​့ထားသလိုမျဖစ္​နိုင္​​ေသးပါ။ အိမ္ေထာင္ေရး မွာေတာ့ ၾကားလူေတြေၾကာင့္စိတ္၀မ္းကြဲရတတ္ပါတယ္။ပညာ​ေရး အထူး​ေကာင္​း​ေနခ်ိန္​ပါပဲ။ မိမိႀကိဳးစားထားသမွ် ေတြအရာထင္ေအာင္ျမင္မဲ့ေန႔ရက္ေတြပါပဲ။

အက်ိဳး​ေပးဂဏန္​း -၈၊၅၊၄

အထူး​ေဟာ -က်န္​းမာ​ေရး ဂရုစိုက္​ပါ။

ယၾတာ -ရဟန္​းသံဃာ​ေတြကိုအား​ေဆးလွဴလိုက္​ပါ။

တနလၤာ

စဥ္​းစားခ်င္​့ခ်ိန္​ၿပီးမွအရာရာကိုလုပ္​သင္​့တဲ့ အခ်ိန္​ပါပဲ။ ဘာကိစၥကိုမဆို​ေခါင္​း​ေအး​ေအးထားၿပီး ဆံုးျဖတ္​ခ်က္​ခ်ပါ။ အလုပ္​ထဲမွာ အလြန္​စိတ္​ညစ္​ရမဲ့ကိစၥ​ေတြႀကံဳလာရတတ္​ပါတယ္​။ စီးပြား​ေရးကံမ​ေကာင္​း​ေသးပါဘူး။​ေ႐ႊ​ေငြ လက္​ဝတ္​ရတနာ​ေတြ ထြက္​တတ္​ပါတယ္​။ မိသားစုအတြင္​း မ​ေၾကလည္​မႈ​ေတြမ်ား​ေနတတ္​တယ္​။ ​ေငြကည့ံ​ေနတဲ့အတြက္​ ရစရာရွိတာ​ေတြမရနိုင္​​ေသးသလို ​ေပးစရာရွိတာ​ေတြလဲမ​ေပးနိုင္​​ေသးတဲ့အခ်ိန္​ပါ။ ဒီကာလာဟာ မိမိစိတ္​ကူးအတိုင္​း ​​ေျဖး​ေျဖးမွန္​မွန္​လုပ္​​ေဆာင္​သြားမယ္​ဆိုရင္​​ေတာ့ အဆိုး​ေတြႀကံဳရဖို႔နည္​းမွာပါ။ ညီအကိုေမာင္ ႏွမေတြအတြက္ ေငြကုန္ရတတ္ပါတယ္။ မဂၤလာေဆာင္၊အလွဴအတန္းေတြမွာ ၀င္ေရာက္ကူညီေပးေန ရတတ္ပါတယ္။ က်န္းမာေရး အတြက္ေကာင္းေသာ ရလဒ္ေတြရွိပါလိမ့္မယ္။ ခံစားေနရတဲ့ေ၀ဒနာေတြရွိရင္ စတင္သက္သာလာမဲ့ကာလပါပဲ။ အခ်စ္​​ေရးကံေကာင္းေနခ်ိန္ပါပဲ။ ဒါေပမဲ့အလုပ္မ်ားေနတာေၾကာင့္ ခ်စ္သူနဲ႔ ဆံုရဖုိ႔ခဲယဥ္းတတ္ပါတယ္။ အိမ္ေထာင္ ဘက္နဲ႔ အေပးအယူမွ်ၿပီးနားလည္မႈရွိၾကမဲ့ ေန႔ရက္မ်ိဳးပါပဲ။ပညာရွာ​ေနသူမ်ားက​ေတာ့ လိုက္​​ေလ​ေဝး​ေလ ဆိုတာမ်ိဳး ျဖစ္​​ေနတတ္​ပါတယ္​။

အက်ိဳး​ေပးဂဏန္​း ၂၊၅၊၄

အထူး​ေဟာ ကံညံ​ေနသည္​။

ယၾတာ ကိတ္​မုန္​႔ဝယ္​ၿပီး​ေခြးစာ​ေကြၽးလိုက္​ပါ။

အဂၤါ

ဒီကာလဟာအလုပ္​တာဝန္​​ေတြပိ​ေနခ်ိန္​ပါပဲ။ ဒါ​ေၾကာင္​့ပဲ လူလဲပင္​ပန္​းရသလို စိတ္​လဲပင္​ပန္​းရတတ္​ပါတယ္​။ အိပ္​ခ်ိန္​ကလြဲၿပီးက်န္​အခ်ိန္​​ေတြအလုပ္​ရႈပ္​​ေနတတ္​သူပါ။ က်န္​းမာ​ေရးက​ေတာ့ အထူး​ေကာင္​း​ေနခ်ိန္​ပါပဲ လိုအပ္တဲ့ ေဆး၀ါးမ်ား စတင္မွီ၀ဲျခင္းမ်ိဳးက ေဆာင္ရြက္သင့္တဲ့ေန႔ပါ။ ​ေငြ​ေၾကးလာဘ္​လာဘ​ေတြလဲ ​ေပါမ်ား​ေနခ်ိန္​ပါပဲ။ ဒါ​ေပမဲ့ ဘာပဲလုပ္​လုပ္​​ေငြနဲ႔ခင္​းၿပီးလုပ္​ရတဲ့အခ်ိန္​ျဖစ္​တဲ့အတြက္​ ​ေငြကုန္​​ေၾကးက်လဲမ်ား​ေနတတ္​ပါတယ္​။ တစ္​​ေယာက္​ထဲလုပ္​တဲ့အလုပ္​မွာ အဆင္​​ေျပ​ေန​ေပမဲ့အဖြဲ႕အစည္​းနဲ႔လုပ္​ရင္​​ေတာ့ တလြဲတစ္​​ေခ်ာ္​​ေတြ အလြန္​ပဲျဖစ္​တတ္​တဲ့အခ်ိန္​ပါဗ်။ အိမ္ေထာင္ေရးမွာေတာ့ အဆင္ေျပသာယာတာမ်ား ပါလိမ့္မယ္။ အထူးသျဖင့္အႏုစိပ္အေသးစိပ္လုပ္ရ တဲ့အလုပ္ေတြ၊ေခါင္းစားရတဲ့အလုပ္ေတြ ပိုမုိတိုးတတ္ႏိုင္ပါ တယ္။ လွ်ိဳ႕၀ွက္အပ္တဲ့စကားေတြကို တတ္ႏိုင္သမွ်ဘယ္မိတ္ေဆြကိုမွထုတ္မေျပာလိုက္ပါနဲ႔။ အခ်စ္​​ေရးအဆင္​​ေျပ​ေပမဲ့​ေတြ႕ဖို႔ အခ်ိန္​မ​ေပးနိုင္​တာ​ေၾကာင္​့ ခ်စ္​သူရဲ႕စိတ္​​ေကာက္​ျခင္​းခံရပါလိမ္​့မယ္​။ ဒါေၾကာင့္အခ်စ္​​ေရးကံက ​ေကာင္​းလိုက္​မ​ေကာင္​းလိုက္​ျဖစ္​​ေနတတ္​ပါတယ္​။ ပညာ​ေရးက​ေတာ့ ဝီရယထားႀကိဳးစားမွအဆင္​​ေျပပါလိမ္​့မယ္​။

အက်ိဳး​ေပးဂဏန္​း ၇၊၆၊၃

အထူး​ေဟာ အလုပ္​ရႈပ္​မည္​။

ယၾတာ ႐ြက္​လွ​ေလးၫႊန္​႔ ဘုရားလွဴ ပါ။

ဗုဒၶဟူး/ရာဟု

ကံၾကမၼာအထူး​ေကာင္​း​ေနခ်ိန္​ပါပဲ။ လုပ္​သမ်ွအဆင္​​ေျပ​ေနလိမ္​့မယ္​။ ​ေပ်ာ္​႐ႊင္​စရာ စိတ္​ၾကည္​ႏူးစရာ​ေတြ ဆက္​တိုက္​ႀကံဳရမဲ့ OASISကာလပါပဲ။ အလုပ္​စီးပြားလဲ အထူး​ေကာင္​း​ေနခ်ိန္​ပါပဲ။ ​ေ႐ႊ​ေငြ လက္​ဝတ္​ရတနာ​ေတြလဲဝင္​လာတတ္​သလို ဘာသာ​ေရးနဲ႔ ပက္သက္​​ေသာ ပစၥည္​းအသံုးအ​ေဆာင္​​ေတြလဲ လက္​​ေဆာင္​ရတတ္​ပါတယ္​။အဘက္​ဘက္​က ​ေငြ​ေၾကးလာဘ္​လာဘ​ေတြလဲ ဝင္​လာပါလိမ္​့မယ္​။ ​ေငြကံ​ေကာင္​းခ်ိန္​ပါပဲ ။ဘာသာေရးႏွင့္ပက္သက္ေသာ အလွဴအတန္းႏွင့္ပက္သက္ေသာကိစၥမ်ားလဲ ပါ၀င္ကူညီရတတ္ပါတယ္။ ရပ္ေ၀းမွ ဧည့္ေကာင္းေဆာင္ေကာင္းမ်ားလဲ ေရာက္လာတတ္ပါတယ္။ စီးပြား​ေရး​ေတြ ခ်ဲ့ထြင္​ႏိုင္​ပါလိမ္​့မယ္​။ အထိုင္​အလုပ္​မ်ား၊ကိုယ္​ပိုင္​စီးပြား​ေရးမ်ား အထူးပဲ အက်ိဳးျဖစ္​ထြန္​းမဲ့အခ်ိန္​ပါပဲ။ အိမ္​တြင္​း​ေရး ၊အိမ္​​ေထာင္​​ေရးျပႆနာ​ေတြက​ေတာ့ အနည္​းငယ္​ႀကံဳရနိုင္​ဖြယ္​ရွိပါတယ္​။ ​ေကာင္​း​ေသာခရီး​ေတြလဲသြားရတတ္​ပါတယ္​။လူငယ္​​ေတြအတြက္​ အခ်စ္​​ေရးက​ေတာ့ ​ေအးစက္​စက္​နဲ႔ ​ေသြး​ေအး​ေနမဲ့အခ်ိန္​ပါပဲပညာ​ေရးအား​ေကာင္​း​ေနခ်ိန္​ပါပဲ။ ပညာ​ေရးနဲ႔ပက္​သက္​ၿပီး အ​ေထာက္​အပ့ံအကူအညီ​ေတြလဲ ရပါလိမ္​့မယ္​။

အက်ိဳး​ေပးဂဏန္​း ၇​၊၄၊၈

အထူး​ေဟာ ဆြတ္​ပ်ံၾကည္​ႏူးစရာ​ေကာင္​းတဲ့အခ်ိန္​ပါ။

ယၾတာ ရဟန္​းသံဃာ​ေတြကို ထန္​းလ်က္​မ်ားမ်ားလွဴပါ။

ၾကာသပ​ေတး

အလုပ္​ကံ​ေတြျမင္​့မား​ေနပါၿပီ။ ရွယ္ယာအလုပ္မ်ားအထူးအလုပ္မ်ား​ရမဲ့အခ်ိန္​ပါပဲ။အရာရာကိုအမွန္​အတိုင္​း​ေျပာဆိုတာက အ​ေကာင္​းဆံုးအ​ေျခအ​ေနတစ္​ခုကုိဖန္​တီး​ေပးပါလိမ္​့မယ္​။ အိုးအိမ္​ကိစၥ ၊​ေနရာထိုင္​ခင္​းကိစၥ ၊ အ​ေမြကိစၥ​ေတြ အဆင္​​ေျပမဲ့အခ်ိန္​ပါ။ ရာထူးတိုးျခင္​း​ေတြႀကံဳ ရနိုင္​သလို အလုပ္​သစ္​စတင္လို႔လဲ ​ေကာင္​းတဲ့အခ်ိန္​ပါ။ အထိုင္​လုပ္​ငန္​းမ်ား ၊မ​ေ႐ြ႕မ​ေျပာင္​းနိုင္​​ေသာစီးပြား​ေရးအလုပ္​မ်ားအထူး​ေကာင္​း​ေနခ်ိန္​ပါ။အထက္လူႀကီးေတြရဲ့ အကူအညီအေထာက္အပံ့ေတြလဲ ရလာတတ္ပါတယ္။ ဖခင္ဆီကလဲ ေငြအားလူအားေတြရလာ တတ္ပါတယ္။ အလုပ္သစ္ေလ်ွာက္ျခင္း၊ အင္တာဗ်ဴးေျဖျခငး္မ်ား ရလဒ္ေကာင္းေတြရလာႏုိင္မဲ့ကာလပါပဲ။က်န္​းမာ​ေရးက​ေတာ့ အနည္​းငယ္​ဂရုစိုက္​ပါ။ ​ေပၿပီး​ေနျခင္​းျဖင္​့ ​ေရာဂါတိုးလာတတ္​ပါတယ္​။လူငယ္​​ေတြအ​ေနနဲ႔စန္​းပြင္​့​ေနခ်ိန္​ပါပဲ။ ခ်စ္​သူနဲ႔အနာဂတ္​လက္​တြဲဖို႔ ကိစၥ​ေတြအတြက္​အထူးတိုင္​ပင္​လို႔​ေကာင္​းတဲ့အခ်ိန္​ပါပဲ။ အိမ္ေထာင္ေရးမွာလဲ တတ္ညီလက္ညီနဲ႔ေရွ႕ခ်ီတတ္သြားႏိုင္မဲ့ ကာလပါပဲ။ပည​ာေရးၿဂိဳဟ္​လဲအထူးအား​ေကာင္​း​ေနတဲ့အတြက္​ မိမိႀကိဳး စားသ​ေလာက္​ထြန္​း​ေပါက္​မဲ့အခ်ိန္​ပါ။

အကိ်ဳး​ေပးဂဏန္​း ၂၊၁၊၅

အထူး​ေဟာ စုတ္​​ေရာ လာဘ္​​ေရာဝင္​မည္​။

ယၾတာ ​ေျမပဲ​ေၾကာ္​ ဘုရားကပ္​ပါ။

ေသာၾကာ

​ေျပာဆို ဆံုးမရခက္​တဲ့ သားသမီး​ေတြ​ေၾကာင္​့ စိတ္​ညစ္​ရမယ္​။ မိသားစုအတြင္​း မ​ေျပလည္​မႈ​ေတြမ်ား​ေနမယ္​။ စကားအ​ေျပာအဆိုမဆင္​ျခင္​တာမ်ိဳး ၊သတိမမူဘဲ ​ေျပာမိလိုက္​​ေသာစကားတစ္​ခြန္​း​ေၾကာင္​့​ေျဖရွင္​းရလိမ္​့မယ္​။ ကံၾကမၼာ အနည္​းငယ္​ည႔ံ​ေနခ်ိန္​ပါပဲ။ အနီးကပ္​လူ​ေတြရဲ႕ ဒုကၡ​ေပးျခင္​းခံရမည္​။ လုပ္​​ေဖာ္​ကိုင္​ဖက္​​ေတြနဲ႔ အဆင္​မ​ေျပျဖစ္​မယ္​။ ​ေနာက္​​ေက်ာကို ဓားနဲ႔ထိုးမဲ့သူ​ေတြ ဝန္​းရံ​ေနတတ္​တဲ့အတြက္​သတိထားပါ။ ​ေသခ်ာႀကံစည္​လုပ္​ကိုင္​ထား​ေသာအလုပ္​​ေတြပ်က္​ရတတ္​တယ္​။ ခရီး​ေဝးသြားျခင္​း ​ေရွာင္​ရွားသင္​့တဲ့ကာလပါ။ က်န္းမာေရးက ေတာ့ အဆိုးႀကီးမဟုတ္ေပမဲ့ သြားကိုက္၊ခါးနာဆိုတာမ်ိဳးေလာက္ေတာ့ ျဖစ္ရတတ္ပါတယ္။ ေမ့လြယ္တဲ့ကာလျဖစ္ တာေၾကာင့္ ပိုက္ဆံအိတ္မ်ား၊ဖုန္းမ်ားေမ့က်န္ေပ်ာက္ရွတတ္တာကိုေတြ႔ရပါတယ္။အခ်စ္ေရးမွာေတာ့ ခ်စ္သူႏွစ္ဦး ၾကားကေနေျပာလာတဲ့ ေသြးထုိးစကားေတြကိုခ်င့္ခ်ိန္ၿပီးမွယံုၾကည္ေစခ်င္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ အိမ္ ေထာင္ဘက္က မိမိအခက္အခဲေတြကို အားေပးကူညီပါလိမ့္မယ္။ ပညာေရးေကာင္းပါတယ္။ ဒါေပမဲ့စာေမးပြဲခန္း ထဲေရာက္မွ ရွန္းတာ၊ေမ့တာျဖစ္တတ္ပါတယ္။

အက်ိဳး​ေပးဂဏန္​း ၈၊၄၊၅

အထူး​ေဟာ စကား​ေျပာဆင္​ျခင္​တာအည႔ံအဆိုး​ေတြ ကင္​းပါလိမ္​့မယ္​။

ယၾတာ ဘုရားကို ​ေ႐ႊသကၤန္​းကပ္​လွဴ ​ေပးပါ။

စ​ေန

အ​ေတြးမွန္​ အျမင္​မွန္​ အယူအဆမွန္​ကန္​မႈ​ေၾကာင္​့ ​ေကာင္​းက်ိဳး​ေတြျဖစ္​ထြန္​း​ေနမွာပါပဲ။ ခရီးသြားဖို႔လဲအ​ေၾကာင္​းဖန္​လာပါလိမ္​့မယ္​။ အယူအဆမတူ အ​ေတြးအ​ေခၚမတူသူ​ေတြၾကား ​မိမိကေစ့စပ္​ညႇိုႏွိုင္​း​ေပးလိုက္​ျခင္​းျဖင္​့​ေအာင္​ျမင္​ပါလိမ္​့မယ္​။ ဒီကာလအတြင္​း အမႈကိစၥႀကံဳရသူ​ေတြ အမႈအခင္​းနိုင္​ပါလိမ္​့မယ္​။ စိတ္​ဝမ္​းကြဲ​ေနသူမ်ား အား နားဝင္​​ေအာင္​​ေျပာျပျခင္​းျဖင္​့အဆင္​​ေျပပါလိ္​မ့္​မယ္​။ က်န္​းမာ​ေရးအလြန္​​ေကာင္​း​ေနခ်ိန္​ပါပဲ။ေဆးစစ္ျခငး္၊ က်န္းမာေရးနဲ႔ပက္သက္တဲ့ အားကစားလုိက္စားျခင္းမ်ား စတင္ေဆာင္ရြက္သင့္တဲ့ ကာလပါပဲ၊ လူအမ်ားၾကား ထင္​​ေပၚပါလိမ္​့မယ္​။ လူအမ်ားရဲ႕ယံုၾကည္​ျခင္​းခံရမည္​။ဒီကာလအတြင္းမိမိတုိ႔ျဖစ္ခ်င္တာေတြကိုျဖစ္ေအာင္စြမ္းေဆာင္ ႏုိင္ပါလိမ့္မယ္။ ကိုယ္ပိုင္အလုပ္မ်ားအလုပ္ေအာ္ဒါေတြမ်ားၿပီး မအားလပ္ႏိုင္ေအာင္ျဖစ္ရတတ္ပါတယ္။ မိတ္​​ေကာင္​း​ေဆြ​ေကာင္​း​ေတြရဲ႕အကူအညီလဲရပါလိမ္​့မယ္​။ အခ်စ္​​ေရးအဆင္​​ေျပမဲ့အခ်ိန္​ပါပဲ။ ခ်စ္​သူကို​ေတာ့မလိမ္​မိပါ​ေစနဲ႔။ အိမ္ေထာင္ေရးသာယာေပ်ာ္ရႊင္ရပါလိမ့္မယ္။ ပညာေရးကံအထူးေကာင္းပါတယ္။ ဥာဏ္ရွိရွိနဲ႔ပါးပါးနပ္နပ္ ႀကိဳးစားသြားဖုိ႔လိုပါတယ္။

အက်ိဳး​ေပးဂဏန္​း ၇၊၀၊၄

အထူး​ေဟာ လိမ္​​မ​ေျပာပါနဲ႔။

ယၾတာ ​​ေပါင္​မုန္​႔ ၅ခ်ပ္​ဘုရားကပ္​လွဴပါ။

၇ရက္သားသမီး အေပါင္း ေကာင္းက်ိဳးလိုအင္ဆႏၵေတြ ျပည့္ဝၾကပါေစ။

ဆရာၿငိမ္းေအးလူ ( ေဗဒင္သုေတသီ ) viber only -09775555695

Unicode

28.2.2019 မှ 06.3.2019 အထိ တစ်ပတ်စာရရက်သားသမီးဟောစာတမ်း

တနင်္ဂ​နွေ

ဒီကာလဟာတနင်္ဂ​နွေသားသမီး​တွေအတွက်​ အ​ကောင်​းအဆိုး​ရော​ထွေးနေတဲ့အချိန်​ပါ။ ဒါ​ပေမဲ့အ​ကောင်​းဘက်​ကိုအ​လေးသာပါတယ်​။ ဒီကာလမှာ ​ဆွေမျိုးသားချင်​း​တွေ မိသားစုဝင်​​တွေ​ကြောင်​့ စိတ်​ဆင်​းရဲရမဲ့ကာလပါပဲ။ မိတ်​​ဆွေအ​ပေါင်​းအသင်​း အထက်​လူကြီး​တွေရဲ့ကူညီမစခြင်​းကို​တော့ ရမဲ့ကာလပါ။တစိမ်​းမိန်​းမတစ်​​ယောက်​က အကူအညီ​ပေးမဲ့အချိန်​ပါ။အများနဲ့စု​ပေါင်​းလုပ်​ရ​သောအလုပ်​၊အတူတကွတတ်​ညီလက်​ညီလုပ်​ရ​သောကိစ္စရပ်​​ တွေမှာ ​အောင်​မြင်​မှုရပါလိမ်​့မယ်​။ အလုပ်​စီးပွား​ကောင်​းလာပါပြီ။ အလုပ်​မှာရာထူးတိုးခြင်​း၊အထက်​လူကြီးသ​ဘောကျခြင်​းမျိုးကြုံရတတ်​သလို ကိုယ်​ပိုင်​လုပ်​ငန်​းလုပ်​သူ​တွေလဲ အကျိုးဖြစ်​ထွန်​းမဲ့အချိန်​ပါပဲ။ ကျန်းမာရေး အတွက်ကတော့စိတ်ပူစရာမလိုသေးတဲ့ အချိန်ပါပဲ။ မိမိဖြစ်ပေါ်နေတဲ့ရောဂါရှိရင်လဲ သမားတော်နဲ့ပြသအကြံဉာဏ် တောင်းလို့အလွန်ကောင်းတဲ့ ကာလပါ။အချစ်​​ရေးက​တော့ ​မျှော်​လင်​့ထားသလိုမဖြစ်​နိုင်​​သေးပါ။ အိမ်ထောင်ရေး မှာတော့ ကြားလူတွေကြောင့်စိတ်ဝမ်းကွဲရတတ်ပါတယ်။ပညာ​ရေး အထူး​ကောင်​း​နေချိန်​ပါပဲ။ မိမိကြိုးစားထားသမျှ တွေအရာထင်အောင်မြင်မဲ့နေ့ရက်တွေပါပဲ။

အကျိုး​ပေးဂဏန်​း -၈၊၅၊၄

အထူး​ဟော -ကျန်​းမာ​ရေး ဂရုစိုက်​ပါ။

ယတြာ -ရဟန်​းသံဃာ​တွေကိုအား​ဆေးလှူလိုက်​ပါ။

တနင်္လာ

စဉ်​းစားချင်​့ချိန်​ပြီးမှအရာရာကိုလုပ်​သင်​့တဲ့ အချိန်​ပါပဲ။ ဘာကိစ္စကိုမဆို​ခေါင်​း​အေး​အေးထားပြီး ဆုံးဖြတ်​ချက်​ချပါ။ အလုပ်​ထဲမှာ အလွန်​စိတ်​ညစ်​ရမဲ့ကိစ္စ​တွေကြုံလာရတတ်​ပါတယ်​။ စီးပွား​ရေးကံမ​ကောင်​း​သေးပါဘူး။​ရွှေ​ငွေ လက်​ဝတ်​ရတနာ​တွေ ထွက်​တတ်​ပါတယ်​။ မိသားစုအတွင်​း မ​ကြေလည်​မှု​တွေများ​နေတတ်​တယ်​။ ​ငွေကည့ံ​နေတဲ့အတွက်​ ရစရာရှိတာ​တွေမရနိုင်​​သေးသလို ​ပေးစရာရှိတာ​တွေလဲမ​ပေးနိုင်​​သေးတဲ့အချိန်​ပါ။ ဒီကာလာဟာ မိမိစိတ်​ကူးအတိုင်​း ​​ဖြေး​ဖြေးမှန်​မှန်​လုပ်​​ဆောင်​သွားမယ်​ဆိုရင်​​တော့ အဆိုး​တွေကြုံရဖို့နည်​းမှာပါ။ ညီအကိုမောင် နှမတွေအတွက် ငွေကုန်ရတတ်ပါတယ်။ မင်္ဂလာဆောင်၊အလှူအတန်းတွေမှာ ဝင်ရောက်ကူညီပေးနေ ရတတ်ပါတယ်။ ကျန်းမာရေး အတွက်ကောင်းသော ရလဒ်တွေရှိပါလိမ့်မယ်။ ခံစားနေရတဲ့ဝေဒနာတွေရှိရင် စတင်သက်သာလာမဲ့ကာလပါပဲ။ အချစ်​​ရေးကံကောင်းနေချိန်ပါပဲ။ ဒါပေမဲ့အလုပ်များနေတာကြောင့် ချစ်သူနဲ့ ဆုံရဖို့ခဲယဉ်းတတ်ပါတယ်။ အိမ်ထောင် ဘက်နဲ့ အပေးအယူမျှပြီးနားလည်မှုရှိကြမဲ့ နေ့ရက်မျိုးပါပဲ။ပညာရှာ​နေသူများက​တော့ လိုက်​​လေ​ဝေး​လေ ဆိုတာမျိုး ဖြစ်​​နေတတ်​ပါတယ်​။

အကျိုး​ပေးဂဏန်​း ၂၊၅၊၄

အထူး​ဟော ကံညံ​နေသည်​။

ယတြာ ကိတ်​မုန်​့ဝယ်​ပြီး​ခွေးစာ​ကျွေးလိုက်​ပါ။

အင်္ဂါ

ဒီကာလဟာအလုပ်​တာဝန်​​တွေပိ​နေချိန်​ပါပဲ။ ဒါ​ကြောင်​့ပဲ လူလဲပင်​ပန်​းရသလို စိတ်​လဲပင်​ပန်​းရတတ်​ပါတယ်​။ အိပ်​ချိန်​ကလွဲပြီးကျန်​အချိန်​​တွေအလုပ်​ရှုပ်​​နေတတ်​သူပါ။ ကျန်​းမာ​ရေးက​တော့ အထူး​ကောင်​း​နေချိန်​ပါပဲ လိုအပ်တဲ့ ဆေးဝါးများ စတင်မှီဝဲခြင်းမျိုးက ဆောင်ရွက်သင့်တဲ့နေ့ပါ။ ​ငွေ​ကြေးလာဘ်​လာဘ​တွေလဲ ​ပေါများ​နေချိန်​ပါပဲ။ ဒါ​ပေမဲ့ ဘာပဲလုပ်​လုပ်​​ငွေနဲ့ခင်​းပြီးလုပ်​ရတဲ့အချိန်​ဖြစ်​တဲ့အတွက်​ ​ငွေကုန်​​ကြေးကျလဲများ​နေတတ်​ပါတယ်​။ တစ်​​ယောက်​ထဲလုပ်​တဲ့အလုပ်​မှာ အဆင်​​ပြေ​နေ​ပေမဲ့အဖွဲ့အစည်​းနဲ့လုပ်​ရင်​​တော့ တလွဲတစ်​​ချော်​​တွေ အလွန်​ပဲဖြစ်​တတ်​တဲ့အချိန်​ပါဗျ။ အိမ်ထောင်ရေးမှာတော့ အဆင်ပြေသာယာတာများ ပါလိမ့်မယ်။ အထူးသဖြင့်အနုစိပ်အသေးစိပ်လုပ်ရ တဲ့အလုပ်တွေ၊ခေါင်းစားရတဲ့အလုပ်တွေ ပိုမိုတိုးတတ်နိုင်ပါ တယ်။ လျှို့ဝှက်အပ်တဲ့စကားတွေကို တတ်နိုင်သမျှဘယ်မိတ်ဆွေကိုမှထုတ်မပြောလိုက်ပါနဲ့။ အချစ်​​ရေးအဆင်​​ပြေ​ပေမဲ့​တွေ့ဖို့ အချိန်​မ​ပေးနိုင်​တာ​ကြောင်​့ ချစ်​သူရဲ့စိတ်​​ကောက်​ခြင်​းခံရပါလိမ်​့မယ်​။ ဒါကြောင့်အချစ်​​ရေးကံက ​ကောင်​းလိုက်​မ​ကောင်​းလိုက်​ဖြစ်​​နေတတ်​ပါတယ်​။ ပညာ​ရေးက​တော့ ဝီရယထားကြိုးစားမှအဆင်​​ပြေပါလိမ်​့မယ်​။

အကျိုး​ပေးဂဏန်​း ၇၊၆၊၃

အထူး​ဟော အလုပ်​ရှုပ်​မည်​။

ယတြာ ရွက်​လှ​လေးညွှန်​့ ဘုရားလှူ ပါ။

ဗုဒ္ဓဟူး/ရာဟု

ကံကြမ္မာအထူး​ကောင်​း​နေချိန်​ပါပဲ။ လုပ်​သမျှအဆင်​​ပြေ​နေလိမ်​့မယ်​။ ​ပျော်​ရွှင်​စရာ စိတ်​ကြည်​နူးစရာ​တွေ ဆက်​တိုက်​ကြုံရမဲ့ OASISကာလပါပဲ။ အလုပ်​စီးပွားလဲ အထူး​ကောင်​း​နေချိန်​ပါပဲ။ ​ရွှေ​ငွေ လက်​ဝတ်​ရတနာ​တွေလဲဝင်​လာတတ်​သလို ဘာသာ​ရေးနဲ့ ပက်သက်​​သော ပစ္စည်​းအသုံးအ​ဆောင်​​တွေလဲ လက်​​ဆောင်​ရတတ်​ပါတယ်​။အဘက်​ဘက်​က ​ငွေ​ကြေးလာဘ်​လာဘ​တွေလဲ ဝင်​လာပါလိမ်​့မယ်​။ ​ငွေကံ​ကောင်​းချိန်​ပါပဲ ။ဘာသာရေးနှင့်ပက်သက်သော အလှူအတန်းနှင့်ပက်သက်သောကိစ္စများလဲ ပါဝင်ကူညီရတတ်ပါတယ်။ ရပ်ဝေးမှ ဧည့်ကောင်းဆောင်ကောင်းများလဲ ရောက်လာတတ်ပါတယ်။ စီးပွား​ရေး​တွေ ချဲ့ထွင်​နိုင်​ပါလိမ်​့မယ်​။ အထိုင်​အလုပ်​များ၊ကိုယ်​ပိုင်​စီးပွား​ရေးများ အထူးပဲ အကျိုးဖြစ်​ထွန်​းမဲ့အချိန်​ပါပဲ။ အိမ်​တွင်​း​ရေး ၊အိမ်​​ထောင်​​ရေးပြဿနာ​တွေက​တော့ အနည်​းငယ်​ကြုံရနိုင်​ဖွယ်​ရှိပါတယ်​။ ​ကောင်​း​သောခရီး​တွေလဲသွားရတတ်​ပါတယ်​။လူငယ်​​တွေအတွက်​ အချစ်​​ရေးက​တော့ ​အေးစက်​စက်​နဲ့ ​သွေး​အေး​နေမဲ့အချိန်​ပါပဲပညာ​ရေးအား​ကောင်​း​နေချိန်​ပါပဲ။ ပညာ​ရေးနဲ့ပက်​သက်​ပြီး အ​ထောက်​အပ့ံအကူအညီ​တွေလဲ ရပါလိမ်​့မယ်​။

အကျိုး​ပေးဂဏန်​း ၇​၊၄၊၈

အထူး​ဟော ဆွတ်​ပျံကြည်​နူးစရာ​ကောင်​းတဲ့အချိန်​ပါ။

ယတြာ ရဟန်​းသံဃာ​တွေကို ထန်​းလျက်​များများလှူပါ။

ကြာသပ​တေး

အလုပ်​ကံ​တွေမြင်​့မား​နေပါပြီ။ ရှယ်ယာအလုပ်များအထူးအလုပ်များ​ရမဲ့အချိန်​ပါပဲ။အရာရာကိုအမှန်​အတိုင်​း​ပြောဆိုတာက အ​ကောင်​းဆုံးအ​ခြေအ​နေတစ်​ခုကိုဖန်​တီး​ပေးပါလိမ်​့မယ်​။ အိုးအိမ်​ကိစ္စ ၊​နေရာထိုင်​ခင်​းကိစ္စ ၊ အ​မွေကိစ္စ​တွေ အဆင်​​ပြေမဲ့အချိန်​ပါ။ ရာထူးတိုးခြင်​း​တွေကြုံ ရနိုင်​သလို အလုပ်​သစ်​စတင်လို့လဲ ​ကောင်​းတဲ့အချိန်​ပါ။ အထိုင်​လုပ်​ငန်​းများ ၊မ​ရွေ့မ​ပြောင်​းနိုင်​​သောစီးပွား​ရေးအလုပ်​များအထူး​ကောင်​း​နေချိန်​ပါ။အထက်လူကြီးတွေရဲ့ အကူအညီအထောက်အပံ့တွေလဲ ရလာတတ်ပါတယ်။ ဖခင်ဆီကလဲ ငွေအားလူအားတွေရလာ တတ်ပါတယ်။ အလုပ်သစ်လျှောက်ခြင်း၊ အင်တာဗျူးဖြေခြငး်များ ရလဒ်ကောင်းတွေရလာနိုင်မဲ့ကာလပါပဲ။ကျန်​းမာ​ရေးက​တော့ အနည်​းငယ်​ဂရုစိုက်​ပါ။ ​ပေပြီး​နေခြင်​းဖြင်​့ ​ရောဂါတိုးလာတတ်​ပါတယ်​။လူငယ်​​တွေအ​နေနဲ့စန်​းပွင်​့​နေချိန်​ပါပဲ။ ချစ်​သူနဲ့အနာဂတ်​လက်​တွဲဖို့ ကိစ္စ​တွေအတွက်​အထူးတိုင်​ပင်​လို့​ကောင်​းတဲ့အချိန်​ပါပဲ။ အိမ်ထောင်ရေးမှာလဲ တတ်ညီလက်ညီနဲ့ရှေ့ချီတတ်သွားနိုင်မဲ့ ကာလပါပဲ။ပည​ာရေးဂြိုဟ်​လဲအထူးအား​ကောင်​း​နေတဲ့အတွက်​ မိမိကြိုး စားသ​လောက်​ထွန်​း​ပေါက်​မဲ့အချိန်​ပါ။

အကျိုး​ပေးဂဏန်​း ၂၊၁၊၅

အထူး​ဟော စုတ်​​ရော လာဘ်​​ရောဝင်​မည်​။

ယတြာ ​မြေပဲ​ကြော်​ ဘုရားကပ်​ပါ။

သောကြာ

​ပြောဆို ဆုံးမရခက်​တဲ့ သားသမီး​တွေ​ကြောင်​့ စိတ်​ညစ်​ရမယ်​။ မိသားစုအတွင်​း မ​ပြေလည်​မှု​တွေများ​နေမယ်​။ စကားအ​ပြောအဆိုမဆင်​ခြင်​တာမျိုး ၊သတိမမူဘဲ ​ပြောမိလိုက်​​သောစကားတစ်​ခွန်​း​ကြောင်​့​ဖြေရှင်​းရလိမ်​့မယ်​။ ကံကြမ္မာ အနည်​းငယ်​ည့ံ​နေချိန်​ပါပဲ။ အနီးကပ်​လူ​တွေရဲ့ ဒုက္ခ​ပေးခြင်​းခံရမည်​။ လုပ်​​ဖော်​ကိုင်​ဖက်​​တွေနဲ့ အဆင်​မ​ပြေဖြစ်​မယ်​။ ​နောက်​​ကျောကို ဓားနဲ့ထိုးမဲ့သူ​တွေ ဝန်​းရံ​နေတတ်​တဲ့အတွက်​သတိထားပါ။ ​သေချာကြံစည်​လုပ်​ကိုင်​ထား​သောအလုပ်​​တွေပျက်​ရတတ်​တယ်​။ ခရီး​ဝေးသွားခြင်​း ​ရှောင်​ရှားသင်​့တဲ့ကာလပါ။ ကျန်းမာရေးက တော့ အဆိုးကြီးမဟုတ်ပေမဲ့ သွားကိုက်၊ခါးနာဆိုတာမျိုးလောက်တော့ ဖြစ်ရတတ်ပါတယ်။ မေ့လွယ်တဲ့ကာလဖြစ် တာကြောင့် ပိုက်ဆံအိတ်များ၊ဖုန်းများမေ့ကျန်ပျောက်ရှတတ်တာကိုတွေ့ရပါတယ်။အချစ်ရေးမှာတော့ ချစ်သူနှစ်ဦး ကြားကနေပြောလာတဲ့ သွေးထိုးစကားတွေကိုချင့်ချိန်ပြီးမှယုံကြည်စေချင်ပါတယ်။ အိမ်ထောင်ရေးကတော့ အိမ် ထောင်ဘက်က မိမိအခက်အခဲတွေကို အားပေးကူညီပါလိမ့်မယ်။ ပညာရေးကောင်းပါတယ်။ ဒါပေမဲ့စာမေးပွဲခန်း ထဲရောက်မှ ရှန်းတာ၊မေ့တာဖြစ်တတ်ပါတယ်။

အကျိုး​ပေးဂဏန်​း ၈၊၄၊၅

အထူး​ဟော စကား​ပြောဆင်​ခြင်​တာအည့ံအဆိုး​တွေ ကင်​းပါလိမ်​့မယ်​။

ယတြာ ဘုရားကို ​ရွှေသင်္ကန်​းကပ်​လှူ ​ပေးပါ။

စ​နေ

အ​တွေးမှန်​ အမြင်​မှန်​ အယူအဆမှန်​ကန်​မှု​ကြောင်​့ ​ကောင်​းကျိုး​တွေဖြစ်​ထွန်​း​နေမှာပါပဲ။ ခရီးသွားဖို့လဲအ​ကြောင်​းဖန်​လာပါလိမ်​့မယ်​။ အယူအဆမတူ အ​တွေးအ​ခေါ်မတူသူ​တွေကြား ​မိမိကစေ့စပ်​ညှိုနှိုင်​း​ပေးလိုက်​ခြင်​းဖြင်​့​အောင်​မြင်​ပါလိမ်​့မယ်​။ ဒီကာလအတွင်​း အမှုကိစ္စကြုံရသူ​တွေ အမှုအခင်​းနိုင်​ပါလိမ်​့မယ်​။ စိတ်​ဝမ်​းကွဲ​နေသူများ အား နားဝင်​​အောင်​​ပြောပြခြင်​းဖြင်​့အဆင်​​ပြေပါလိ်​မ့်​မယ်​။ ကျန်​းမာ​ရေးအလွန်​​ကောင်​း​နေချိန်​ပါပဲ။ဆေးစစ်ခြငး်၊ ကျန်းမာရေးနဲ့ပက်သက်တဲ့ အားကစားလိုက်စားခြင်းများ စတင်ဆောင်ရွက်သင့်တဲ့ ကာလပါပဲ၊ လူအများကြား ထင်​​ပေါ်ပါလိမ်​့မယ်​။ လူအများရဲ့ယုံကြည်​ခြင်​းခံရမည်​။ဒီကာလအတွင်းမိမိတို့ဖြစ်ချင်တာတွေကိုဖြစ်အောင်စွမ်းဆောင် နိုင်ပါလိမ့်မယ်။ ကိုယ်ပိုင်အလုပ်များအလုပ်အော်ဒါတွေများပြီး မအားလပ်နိုင်အောင်ဖြစ်ရတတ်ပါတယ်။ မိတ်​​ကောင်​း​ဆွေ​ကောင်​း​တွေရဲ့အကူအညီလဲရပါလိမ်​့မယ်​။ အချစ်​​ရေးအဆင်​​ပြေမဲ့အချိန်​ပါပဲ။ ချစ်​သူကို​တော့မလိမ်​မိပါ​စေနဲ့။ အိမ်ထောင်ရေးသာယာပျော်ရွှင်ရပါလိမ့်မယ်။ ပညာရေးကံအထူးကောင်းပါတယ်။ ဉာဏ်ရှိရှိနဲ့ပါးပါးနပ်နပ် ကြိုးစားသွားဖို့လိုပါတယ်။

အကျိုး​ပေးဂဏန်​း ၇၊၀၊၄

အထူး​ဟော လိမ်​​မ​ပြောပါနဲ့။

ယတြာ ​​ပေါင်​မုန်​့ ၅ချပ်​ဘုရားကပ်​လှူပါ။

ရရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ ) viber only -09775555695

Facebook Comments