အိမ္ေဖာ္မေလးကိုသတ္ၿပီး အေလာင္းဖ ြက္ထားခဲ့တဲ့ အလွမယ္ၿပိဳင္ပ ြဲ၀င္ေဟာင္း ေထာင္တစ္သက္တစ္ကၽြန္းက်

14
122 1
122 1

ဆယ္ေက်ာ္သက္အိမ္ေဖာ္မေလးတစ္ဦးကိုသတ္ၿပီး မိခင္ရဲ႕ေနအိမ္အနားမွာအေလာင္းကိုဖြက္ထားတဲ့့ထုိင္းအလွမယ္ၿပိဳင္ပြဲ၀င္ေဟာင္းတစ္ဦးကို ေထာင္တစ္သက္တစ္ကၽြန္းက်ခံေစဖုိ႔ အမိန္႔ ခ်မွတ္လုိက္ေၾကာင္း သိရပါတယ္။

တရား႐ံုးကေန တရားခံျဖစ္သူ ကရစ္ဆန္နာဆူ၀န္တပ္ပီ(၄၇)ႏွစ္ ကို ၂၀၁၂ခုႏွစ္တုန္းက သူမအိမ္မွာအိမ္ေဖာ္ျဖစ္လုပ္ကိုင္ေနတဲ့ဂ်ာရီးယဆရီယက္ခ္(၁၅)ႏွစ္ကို ႏွိပ္ စက္ညွင္းပမ္းၿပီး ေသဆံုးေစခဲ့ကာ အဲဒီက်ဴးလြန္မႈအတြက္ ျပစ္ဒဏ္ကို ၾကာသပေတးေန႔က ခ်မွတ္ခဲ့ တာျဖစ္ပါတယ္။အစိုးရေရွ႕ေနသံုးဦးကတရားလုိဘက္ကေနလုိက္ပါကူညီေဆာင္ရြက္ေပးခဲ့တဲ့အမႈမွာႀကံရာပါတရားခံေတြျဖစ္တဲ့ပရက္သန္နသူအမ္ဆပ္(၃၄)ႏွစ္ကိုေထာင္ဒဏ္တစ္ႏွစ္နဲ႔ေလးလ၊တရားခံကရစ္ဆန္နာရဲ႕မိခင္ ပရာမုတ္ဆူ၀န္တပ္ပီကို ေထာင္တစ္ႏွစ္က်ခံေစဖုိ႔ အသီးသီး စီရင္ခ်က္ခ်ခဲ့ပါ ေသးတယ္။

အဆိုပါႀကံရာပါႏွစ္ဦးကိုလူသတ္မႈႀကံရာပါမႈနဲ႔စြဲခ်က္တင္ထားခဲ့ေပမယ့္လည္းအမႈကိုစစ္ေဆးစဥ္တရား႐ံုးေတာ္နဲ႔အေကာင္းဆံုးပူးေပါင္းေဆာင္ရြက္ေပးခဲ့တဲ့အတြက္ သက္ညွာတဲ့ျပစ္ ဒဏ္ေတြကိုသာ ခ်မွတ္ခံခဲ့ရတာလုိ႔ သိရပါတယ္

တရားခံရဲ႕မိခင္ ပရာမုတ္က သမီးျဖစ္သူ ကရစ္ဆန္နာဟာ အိမ္ေဖာ္မေလးကိုမၾကာခဏဆိုသလုိ႐ိုက္ႏွက္ပုတ္ေမာင္းျပဳလုပ္ေနခဲ့တယ္လုိ႔ မ်က္ျမင္သက္ေသအျဖစ္ ထြက္ဆိုခ်က္ေပးခဲ့ၿပီး အ ေလာင္းေဖ်ာက္ဖ်က္မႈမွာလည္းမ်က္ျမင္သက္ေသျဖစ္ေပးခဲ့တာေၾကာင့္ ကရစ္ဆန္နာကို ႀကီးေလး တဲ့ျပစ္ဒဏ္ေတြခ်မွတ္ခဲ့တာျဖစ္ပါတယ္။

ေသဆံုးသြားခဲ့တဲ့ အိမ္ေဖာ္မိန္းကေလးရဲ႕မိခင္က ၂၀၁၂ ကစၿပီး သမီးေလးနဲ႔ အဆက္အသြယ္ျပတ္ေတာက္သြားခဲ့တာေၾကာင့္ သက္ဆုိင္ရာထံ အကူအညီ ေတာင္းခဲ့ေပမယ့္ မထူးျခားခဲ့တဲ့အတြက္ လူမႈကူညီေရးအဖြဲ႕အစည္းေတြထံ အကူအညီေတာင္းခဲ့ရာ ကေန အမႈမွန္ေပၚေပါက္ခဲ့တာျဖစ္ပါတယ္။

စစ္ေဆးမႈေတြအရ ကရစ္ဆန္နာဟာ ၂၀၁၂ခုႏွစ္၊ ဧၿပီလ(၁၁)ရက္မွာ အိမ္ေဖာ္မေလးရဲ႕ ဦး ေခါင္းကို ထု႐ိုက္ခဲ့သလုိ တစ္ကိုယ္လံုးကိုလည္းဆံပင္ေျဖာင့္စက္နဲ႔အပူေလာင္ေအာင္တုိ႔ထိကပ္ခဲ့ တာေၾကာင့္ ကေလးမေလး ဒဏ္ရာအျပင္းအထန္ရရွိခဲ့ၿပီး ေနာက္တစ္ေန႔မွာ ေသဆံုးသြားခဲ့တာလုိ႔ သိရပါတယ္။

Crd..;

Unicode

ဆယ်ကျော်သက်အိမ်ဖော်မလေးတစ်ဦးကိုသတ်ပြီး မိခင်ရဲ့နေအိမ်အနားမှာအလောင်းကိုဖွက်ထားတဲ့့ထိုင်းအလှမယ်ပြိုင်ပွဲဝင်ဟောင်းတစ်ဦးကို ထောင်တစ်သက်တစ်ကျွန်းကျခံစေဖို့ အမိန့် ချမှတ်လိုက်ကြောင်း သိရပါတယ်။

တရားရုံးကနေ တရားခံဖြစ်သူ ကရစ်ဆန်နာဆူဝန်တပ်ပီ(၄၇)နှစ် ကို ၂၀၁၂ခုနှစ်တုန်းက သူမအိမ်မှာအိမ်ဖော်ဖြစ်လုပ်ကိုင်နေတဲ့ဂျာရီးယဆရီယက်ခ်(၁၅)နှစ်ကို နှိပ် စက်ညှင်းပမ်းပြီး သေဆုံးစေခဲ့ကာ အဲဒီကျူးလွန်မှုအတွက် ပြစ်ဒဏ်ကို ကြာသပတေးနေ့က ချမှတ်ခဲ့ တာဖြစ်ပါတယ်။အစိုးရရှေ့နေသုံးဦးကတရားလိုဘက်ကနေလိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့အမှုမှာကြံရာပါတရားခံတွေဖြစ်တဲ့ပရက်သန်နသူအမ်ဆပ်(၃၄)နှစ်ကိုထောင်ဒဏ်တစ်နှစ်နဲ့လေးလ၊တရားခံကရစ်ဆန်နာရဲ့မိခင် ပရာမုတ်ဆူဝန်တပ်ပီကို ထောင်တစ်နှစ်ကျခံစေဖို့ အသီးသီး စီရင်ချက်ချခဲ့ပါ သေးတယ်။

အဆိုပါကြံရာပါနှစ်ဦးကိုလူသတ်မှုကြံရာပါမှုနဲ့စွဲချက်တင်ထားခဲ့ပေမယ့်လည်းအမှုကိုစစ်ဆေးစဉ်တရားရုံးတော်နဲ့အကောင်းဆုံးပူးပေါင်းဆောင်ရွက်ပေးခဲ့တဲ့အတွက် သက်ညှာတဲ့ပြစ် ဒဏ်တွေကိုသာ ချမှတ်ခံခဲ့ရတာလို့ သိရပါတယ်

တရားခံရဲ့မိခင် ပရာမုတ်က သမီးဖြစ်သူ ကရစ်ဆန်နာဟာ အိမ်ဖော်မလေးကိုမကြာခဏဆိုသလိုရိုက်နှက်ပုတ်မောင်းပြုလုပ်နေခဲ့တယ်လို့ မျက်မြင်သက်သေအဖြစ် ထွက်ဆိုချက်ပေးခဲ့ပြီး အ လောင်းဖျောက်ဖျက်မှုမှာလည်းမျက်မြင်သက်သေဖြစ်ပေးခဲ့တာကြောင့် ကရစ်ဆန်နာကို ကြီးလေး တဲ့ပြစ်ဒဏ်တွေချမှတ်ခဲ့တာဖြစ်ပါတယ်။

သေဆုံးသွားခဲ့တဲ့ အိမ်ဖော်မိန်းကလေးရဲ့မိခင်က ၂၀၁၂ ကစပြီး သမီးလေးနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာကြောင့် သက်ဆိုင်ရာထံ အကူအညီ တောင်းခဲ့ပေမယ့် မထူးခြားခဲ့တဲ့အတွက် လူမှုကူညီရေးအဖွဲ့အစည်းတွေထံ အကူအညီတောင်းခဲ့ရာ ကနေ အမှုမှန်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

စစ်ဆေးမှုတွေအရ ကရစ်ဆန်နာဟာ ၂၀၁၂ခုနှစ်၊ ဧပြီလ(၁၁)ရက်မှာ အိမ်ဖော်မလေးရဲ့ ဦး ခေါင်းကို ထုရိုက်ခဲ့သလို တစ်ကိုယ်လုံးကိုလည်းဆံပင်ဖြောင့်စက်နဲ့အပူလောင်အောင်တို့ထိကပ်ခဲ့ တာကြောင့် ကလေးမလေး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး နောက်တစ်နေ့မှာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

Crd..;

Facebook Comments