Line Walker (2) ရိုက်ကွင်းရောက် ထားထက်ထက်ပြောပြတဲ့ မြန်မာလူမျိုးတွေရဲ့အားနည်းချက်

20
aq22 7
aq22 7







Source – Htar Htet Htet


===============

ပရိသတ်ကြီးရေ လက်ရှိရိုက်ကူးလျက်ရှိတဲ့ Line Walker (2) ရုပ်ရှင်ကားကြီးဟာ ပြည်တွင်းမှာဝေဖန်မှုတွေရှိနေသလို အားပေးမှုတွေလည်းကြုံတွေ့နေရတာပါ ။

မြန်မာနိုင်ငံ က အလှမယ် တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ထားထက်ထက် တစ်ယောက်ကတော့ အဆိုပါ Line Walker ရိုက်ကွင်းကို သွားရောက်လေ့လာရင်း မြန်မာလူမျိုးတွေရဲ့ အားနည်းချက်တစ်ခုကိုထောက်ပြလိုက်ပါတယ်။

ထားထက်ထက်တစ်ယောက် Line walker နဲ့ ပတ်သက်တဲ့ ရိုက်ကွင်းအပြင်အဆင် ၊ အနေအထားေ တွကို အသေးစိတ်ပြောပြထားသလို သင်ယူစရာတွေလည်း အများကြီးရှိနေတယ် လို့ ဆို ထားပါ တယ်/

ထားထက်ထက်ကတော့ “တကယ်တမ်း မြန်မာလူမျိုးတွေက အရမ်းတော်ကြပါတယ် ။ အရမ်း သတ္တိရှိကြပါတယ်။

တခုပဲ………အကျင့်မကောင်းကြတာ…….တခြားနိုင်ငံသားဆိုတာနဲ့ ဇွတ်တွေအထင်ကြီး နေရာတွေပေး အချင်း ချင်းတွေ ဆို တက်လာမယ့် သူကို နေရာတွေမပေးချင် ဆွဲမခေါ်ချင် တကယ်အရည်အချင်းရှိသူတွေဆို အခွင့်အရေးမပေး နောက်တွေမရောက်ရောက်အောင် ဆွဲချ တွန်းချ ကန်ချတဲ့သူတွေ များနေတာ အဓိက…..” လို့ရေးသားထားတာကိုတွေ့ရပါတယ်။

ပရိသတ်ကြီးလည်း ထားထက်ထက်ရဲ့ ပြောစကားအတွက် မှတ်ချက်ပေးခဲ့ကြပါဦးနော်။

Source – Htar Htet Htet

credit-Nay Madhuri @ Cele Gabar

Facebook Comments