ပန္းခ်ီပါရမီရွင္ ဒုတိယတန္း ေက်ာင္းသားေလးရဲ႕ ပန္းခ်ီလက္ရာမ်ား

7

ေအာင္လံၿမိဳ႕နယ္ အ.လ.က တလုပ္ပင္ေက်ာင္းမွ ဒုတိယတန္း ေက်ာင္းသားေလး ေမာင္သန္႔ဇင္ျဖဳိးရဲ႕ လက္ရာေလးေတြပါ

ပုံအားလုံး ခဲဖ်က္မသုံး ႏွစ္ခါထပ္မဆြဲ..တစ္ၾကိမ္ထဲနဲ႔ စိတ္ကူးထဲကအတိုင္း ျပီးေအာင္ဆြဲထားတာပါ…..တစ္ပုံကုိ ၁၀မိနစ္ခန္႔သာ ၾကာပါတယ္

သူဆြဲထားတဲ႔ ပံုေလးေတြကို သူ႔ဆရာက ေတြ႔သြားျပီး သေဘာက်လို႔ Facebook မွာ တင္ေပးခဲ႔တာျဖစ္ပါတယ္. .. ဒီသားငယ္ေလးဟာ ပန္းခ်ီအႏုပညာမွာ ပါရမီရွိတယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္

တတ္ကၽြမ္းတဲ႔ ပန္းခ်ီဆရာၾကီးေတြနဲ႕ စနစ္တက် သင္ေပးလိုက္မယ္ဆိုရင္ ေနာင္တစ္ခ်ိန္မွာ ပန္းခ်ီအႏုပညာရွင္ တစ္ေယာက္ျဖစ္လာႏိုင္ပါတယ္

ျမန္မာႏိုင္ငံမွာ မိဘအမ်ားစုက ကိုယ့္သားသမီးကို ကိုယ္ျဖစ္ေစခ်င္တာကိုပဲ ဖိအားေပးျပီး အတင္းလုပ္ခိုင္းေလ့ရွိၾကပါတယ္. . ကေလးေတြရဲ႕ ၀ါသနာေတြ ပါရမီေတြကို လစ္လ်ူရႈျပီး ေရပန္းစားေနတဲ႔ အလုပ္ေတြျဖစ္တဲ႔ ဆရာ၀န္၊အင္ဂ်င္နီယာ၊စစ္ဗိုလ္၊သေဘၤာသား စတဲ႔၀င္ေငြေကာင္းမယ့္ အလုပ္ေတြကိုပဲ လုပ္ေစခ်င္ၾကတာပါ …ဒီေတာ့ လူငယ္ေတြက မိဘသေဘာအတိုင္း လိုက္လုပ္ရတဲ႔ အခါ ၀ါသနာနဲ႔ အလုပ္နဲ႔ ကိုက္ညီမႈမရွိတဲ႔ျပသနာကို ရင္ဆိုင္ၾကရတာပါတယ္

 

ေနာက္ဆံုးမွာ အလုပ္ထဲမွာ စိတ္မပါေတာ့တဲ႔အခါ မျဖစ္သင့္တဲ႔ ဆိုးက်ိဳးေတြ ျဖစ္လာတတ္ပါတယ္. ..ဆရာ၀န္ကေန မင္းသားမင္းသမီး၊ အဆိုေတာ္၊ အင္ဂ်င္နီယာကေန ကုန္သည္၊ပြဲစား စတာေတြ ျဖစ္ကုန္တာေတြ မနည္းပါဘူး. .

 

ဒါေၾကာင့္ ဒီလိုကေလးကို သူ၀ါသနာပါရာ လမ္းေၾကာင္းမွာ မွန္ကန္စြာ ေလွ်ာက္လွမ္းျပီး ထူးခၽြန္တဲ႔ ပညာရွင္ျဖစ္ဖို႔ ဆိုတာ ျမန္မာႏိုင္ငံက မိဘေတြရဲ႕ ခံယူခ်က္နဲ႔ ဆိုရင္ေတာ့ ေတာ္ေတာ္ခက္ခဲမွာ ျဖစ္ပါတယ္. . .

သားငယ္ေလးေရ . . .၀ါသနာပါရာအလုပ္ကို ေအာင္ျမင္စြာ လုပ္ႏိုင္ျပီး ေနာင္တစ္ခ်ိန္မွာ ထူးခၽြန္တဲ႔ ပန္းခ်ီပညာရွင္ၾကီး ျဖစ္ပါေစလို႔ ဆုေတာင္းေပးပါတယ္ေနာ္…..

 

ဗဟုသုတ(www.bahututa)

=====================

အောင်လံမြို့နယ် အ.လ.က တလုပ်ပင်ကျောင်းမှ ဒုတိယတန်း ကျောင်းသားလေး မောင်သန့်ဇင်ဖြိုးရဲ့ လက်ရာလေးတွေပါ

ပုံအားလုံး ခဲဖျက်မသုံး နှစ်ခါထပ်မဆွဲ..တစ်ကြိမ်ထဲနဲ့ စိတ်ကူးထဲကအတိုင်း ပြီးအောင်ဆွဲထားတာပါ…..တစ်ပုံကို ၁ဝမိနစ်ခန့်သာ ကြာပါတယ်

 

သူဆွဲထားတဲ့ ပုံလေးတွေကို သူ့ဆရာက တွေ့သွားပြီး သဘောကျလို့ Facebook မှာ တင်ပေးခဲ့တာဖြစ်ပါတယ်. .. ဒီသားငယ်လေးဟာ ပန်းချီအနုပညာမှာ ပါရမီရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်

တတ်ကျွမ်းတဲ့ ပန်းချီဆရာကြီးတွေနဲ့ စနစ်တကျ သင်ပေးလိုက်မယ်ဆိုရင် နောင်တစ်ချိန်မှာ ပန်းချီအနုပညာရှင် တစ်ယောက်ဖြစ်လာနိုင်ပါတယ်

 

မြန်မာနိုင်ငံမှာ မိဘအများစုက ကိုယ့်သားသမီးကို ကိုယ်ဖြစ်စေချင်တာကိုပဲ ဖိအားပေးပြီး အတင်းလုပ်ခိုင်းလေ့ရှိကြပါတယ်. . ကလေးတွေရဲ့ ၀ါသနာတွေ ပါရမီတွေကို လစ်လျူရှုပြီး ရေပန်းစားနေတဲ့ အလုပ်တွေဖြစ်တဲ့ ဆရာဝန်၊အင်ဂျင်နီယာ၊စစ်ဗိုလ်၊သင်္ဘောသား စတဲ့ဝင်ငွေကောင်းမယ့် အလုပ်တွေကိုပဲ လုပ်စေချင်ကြတာပါ …ဒီတော့ လူငယ်တွေက မိဘသဘောအတိုင်း လိုက်လုပ်ရတဲ့ အခါ ၀ါသနာနဲ့ အလုပ်နဲ့ ကိုက်ညီမှုမရှိတဲ့ပြသနာကို ရင်ဆိုင်ကြရတာပါတယ်

နောက်ဆုံးမှာ အလုပ်ထဲမှာ စိတ်မပါတော့တဲ့အခါ မဖြစ်သင့်တဲ့ ဆိုးကျိုးတွေ ဖြစ်လာတတ်ပါတယ်. ..ဆရာဝန်ကနေ မင်းသားမင်းသမီး၊ အဆိုတော်၊ အင်ဂျင်နီယာကနေ ကုန်သည်၊ပွဲစား စတာတွေ ဖြစ်ကုန်တာတွေ မနည်းပါဘူး. .

ဒါကြောင့် ဒီလိုကလေးကို သူဝါသနာပါရာ လမ်းကြောင်းမှာ မှန်ကန်စွာ လျှောက်လှမ်းပြီး ထူးချွန်တဲ့ ပညာရှင်ဖြစ်ဖို့ ဆိုတာ မြန်မာနိုင်ငံက မိဘတွေရဲ့ ခံယူချက်နဲ့ ဆိုရင်တော့ တော်တော်ခက်ခဲမှာ ဖြစ်ပါတယ်. . .

သားငယ်လေးရေ . . .၀ါသနာပါရာအလုပ်ကို အောင်မြင်စွာ လုပ်နိုင်ပြီး နောင်တစ်ချိန်မှာ ထူးချွန်တဲ့ ပန်းချီပညာရှင်ကြီး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်နော်…..

ဗဟုသုတ(www.bahututa)

Facebook Comments