ကေတီဗွီ မှာ ကိုရီးယားလူမျိုးတွေရဲ့ အနိုင်ကျင့်ခံရတဲ့ မြန်မာမိန်းကလေး အဖြစ်မှန်ပြောပြီ.. (ရုပ်သံ)
54
ကေတီဗွီ မှာ ကိုရီးယားလူမျိုးတွေရဲ့ အနိုင်ကျင့်ခံရတဲ့ မြန်မာမိန်းကလေး အဖြစ်မှန်ပြောပြီ
ကိုကိုမောင်(ညောင်ကန်)
KTV မှာ ကိုရီးယားလူမျိုးတွေရဲ့ အနိုင်ကျင့်ခံရတဲ့ မြန်မာမိန်းကလေး အဖြစ်မှန်ပြောပြီ
( ကိုရီးယား လူမျိုးလူတစ်စုရဲ့ စော်ကားမှု )
မြန်မာမိန်းခလေးတစ်ဦး ကေတီဗီမှာအလုပ်လုပ် နေပါတယ် ။ ကေတီဗီက ကိုရီးယားလူမျိုးပိုင်တဲ့ ကိုရီးယားများ အတွက်ဖွင့်ထားတဲ့ ကေတီဗီ ပါ ။ ကိုရီးယားတစ်ဖွဲ့ ကေတီဗီကို ရောက်လာကြပါတယ် ။ကေတီဗီလာတာဆိုတော့ မူးတာမဆန်း မူးခွင့်ရှိတယ် ပျော်ခွင့်ရှိတယ် ။ ဒါ့အပြင် မိန်းခလေးသဘောတူရင် ကြိုက်တာ ဖြစ်ခွင့်ရှိတယ် ။
မိန်းခလေးကို ကာမစော်ကားမှုပြုလုပ်လာတယ် မိန်းခလေးက လက်မခံပါ ငြင်းဆန်တယ် ။ ရှောင်ထွက်ပြီး သီချင်းထဆိုတယ် ။ ဝတ်ထားတဲ့ စကပ်ကို လိုက်လှမ်တယ် ။ မိန်းကလေးကစိတ် ဆိုးပြီး မိုက်ကို လွှင့်ပြစ်လိုက်တယ် ။ ကိုရီးယား တစ်ကောင်က ထိုးဖို့ပြင်တယ် ။မိန်းကလေးက စားပွဲပေါ်ရှိတဲ့ ပုလင်းကိုခွဲပြီး ကိုင်ထားတယ်တဲ့ အနားကပ်ရင်ထိုးမယ်လို့ ဟန်ပြထားတယ် ။ အနောက်က တစ်ယောက်က ဝင်လုံးပြီး လက် ကိုလိမ်ချိုးပြီး ချုပ်ထားလိုက်တယ် ။ ကျန်တဲ့ကိုရီးယားတွေကပါးတွေဝင်ရိုက်ကြတယ်
အဲ့အထိကတော့ ဖြစ်တတ်တဲ့သဘောပဲ ။ ဒီမှာမပြီးပဲ ကောင်မလေး အခန်းထဲမှထွက်ပြီး နားနေဆောင်ပြန်သွားလိုက်တယ် ။ ကိုရီးယားတွေ ထပ်လိုက်သွားပြီး အမျိုးသမီးရဲ့ နားနေဆောင်ထိ လိုက်ထိုးကြတယ် ။
မန်နေဂျာ အပါအဝင် ဝန်ထမ်း မြန်မာလူမျိုးတွေရှိတယ် ။ ဝင်မတားကြဘူး ။ ရပ်ကြည့်နေကြပါ တယ်တဲ့ ။
ရသေးတယ် ထိမှာကြောက်လို့ ဝင်မတားရဲတာ နားလည်ပေးလို့ရတယ် ။
မိန်းခလေးမှ ရဲစခန်းကို သွားရောက်တိုင်ချက် ဖွင့်တယ် ။ ရဲစခန်းက အမှုဖွင့်မပေးရဲဘူးဖြစ် နေတယ် ။ ဆိုးသွားပြီ ။
သူ့ဟာသူ ပြည့်တန်ဆာ ဖြစ်ပါစေ ။ သူလက်မခံ ရင် တရားစွဲပိုင်ခွင့်ရှိကိုရှိ ရမယ် ။ မိန်းကလေး တစ်ယောက်ကို ယောကျ်ားလေး လေးယောက် ကဝိုင်းထိုးနှက်တာ ကို ဘာလို့အမှုကို ချက်ချင်း ဖွင့်မပေးနိုင်တာလဲ ?
ကိုယ့်နိုင်ငံမှာ ကိုယ့်လူမျိုးမိန်းကလေးကို လူမျိုး ခြားတွေက ကာမစော်ကားတယ် မရတဲ့ အခါ ကိုထိလက်ရောက် ထိုးကြိတ်တယ် ။
ဒီပြသနာကို ငွေမျက်နှာလား ? ရာထူးပါဝါ တွေကြောင့်လား ?
ချက်ခြင်းအရေးယူမပေးတာ ဘာကြောင့်လဲ ? မြန်မာလူမျိုး ဆိုင်ဝန်ထမ်းတွေက ရော ဘာလို့ ရှောင်ဖယ်နေကြတာလဲ ?
အမျိုးချစ်စိတ် ဆိုတာ ပြတိုက်မှာ သွားကြည့်ရ တော့မယ့် မြန်မာလူမျိုးတွေကို ကြည့်ပြီးသနား လာတယ် ။
အုပ်ချုပ်ရေးပိုင်းရဲ့ လျှော့ရဲမှု အထက်အောက် ကြောက်ရွံ့မှု အမှန်တရားကို လဘ်နဲ့လဲလှည်မှုတွေ ရှိနေတာကြားနေရတော့ မြန်မာလူမျိုးဖြစ်နေရတာကို ရှက်ရွံ့ မိတယ် ။
အမှန်တရားသည် ငွေကြေးအောက်မှာ ငုတ်လျှိုး ပျောက်ကွယ်မသွားပါစေနဲ့လို့ ဆုတောင်းရင်း NLD အစိုးရလက်ထက် အုပ်ချုပ်ရေးပိုင်းမှ ချစားမှုတွေ ချုပိငြိမ်းသွားပြီလားဆိုတာတွေးရင်းး
ကိုးမိုင် ဝိတိုရိယ ဆေးရုံ ဘေးလမ်းထဲကNAVI ကေတီဗီမှာ ၂၇ ရက်နေ့ညပိုင်းကဖြစ်ပျက်ခဲ့ကြတာလို့ သိရပါတယ် ။
ကိုကိုမောင်(ညောင်ကန်)
ဗဟုသုတ(www.bahututa)
Facebook Comments