မီတာခ ေပးစရာမလိုဘဲ ညဘက္ဆုိ အလုိအေလ်ာက္ မီးလင္းလာမယ့္ လမ္းမီးတုိင္ေတြ လာေတာ့မယ္

29
09 78yt
09 78yt

၂၀၅၀ ခုႏွစ္ေလာက္ဆိုရင္ ကမၻာ့ ၿမိဳ႕ျပေတြမွာေနတဲ့ လူဦးေရက စုစုေပါင္းလူဦးေရရဲ့ ၃ ပုံ ၂ ပုံ ေက်ာ္ျဖစ္လာမွာမို႔ သိပၸံပညာရွင္ေတြ၊ နည္းပညာ ကုမၸဏီေတြက လက္ရွိ ရွိေနတဲ့ ဝန္းက်င္အေနအထားမွာပဲ ျပည့္ၿဖိဳးျမဲစြမ္းအင္ကို ဘယ္လိုရယူမလဲ ဆိုတဲ့ နည္းလမ္းသစ္ေတြကို စဥ္းစားတီထြင္ေနၾကပါၿပီ။

တေန႔က်ရင္ သင့္ရဲ့ ႐ုံးျပဴတင္းတံခါးမွာတပ္ထားတဲ့ ဆိုလာျပားကေန ေနစြမ္းအင္ကို ရယူၿပီး အလင္းဓာတ္ ရယူၾကမွာျဖစ္သလို လမ္းမီးတိုင္ေအာက္ေျခမွာရွိတဲ့ ကြန္ကရစ္တုံးက စြမ္းအင္ကို သိုမွီးထားနိုင္ေတာ့မွာပါ။

ကားလမ္းေဘးမွာ ကားေတြ ဝွီးကနဲျဖတ္သြားတဲ့ အရွိန္ကေန ကားလမ္းေဘးမွာ ေထာင္ထားတဲ့ ဆုံလည္သလို လည္မယ့္ ေလရဟတ္စက္ Vertical wind turbines ကို လည္ေစၿပီး စြမ္းအင္ထုတ္မယ္၊ ပလက္ေဖာင္း ေပၚမွာ လမ္းေလၽွာက္တဲ့သူေတြရဲ့ ေျခလွမ္းကေန ျဖစ္လာတဲ့ နင္းအား၊ လမ္းေပၚမွာ ျဖတ္သြားတဲ့ ကားေတြ၊ ဘတ္စကားေတြ၊ ကုန္တင္ကားႀကီးေတြ ရဲ့ ဖိအားေတြ ကေနလည္း စြမ္းအင္ေတြ ထြက္လာ ေစမွာပါ။

ေမာင္းသူမဲ့ တကၠစီ ကားေတြ ကားလမ္းေပၚ ေမာင္းသြားတဲ့အခါ ပင္မဓာတ္အားေပးလိုင္းထဲကို လၽွပ္စစ္ဓာတ္အားေတြ စီးဝင္ ေပါင္းထည့္ေပးဦးမွာပါ။ ဒါေတြက အမ်ားအျပားေသာ နည္းပညာရွင္ေတြ၊ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးသမားေတြ၊ ၿမိဳ႕ျပစီမံကိန္း ပညာရွင္ေတြ ရဲ့ အျမင္ေတြပါ။

ဘယ္ေလာက္အထိ လက္ေတြ႕က်ပါေလရဲ့။

လမ္းမီးတိုင္ ေအာက္ခံ ကြန္ကရစ္ တုံး က ဘက္ထရီေတြလို အလုပ္လုပ္လာၿပီး တညလုံး လင္းေအာင္ မီးေပးနိုင္ပါမယ္

ေတြ႕ရွိခ်က္ အသစ္ေတြက ေမၽွာ္လင့္ခ်က္ အသစ္ေတြ ေပးေနပါတယ္။ ေလာင္စာထုတ္ စက္႐ုံေတြက စြန္႔ထုတ္လိုက္တဲ့ အညစ္အေၾကးေတြနဲ႔ ဘိလပ္ေၿမ ေပါင္းစပ္ထားတဲ့ potassium-geopolymetric (KGP) ကြန္ကရစ္တုံးေတြ က အဲဒါေတြနဲ႔ေဆာက္လုပ္တဲ့ အေဆာက္ အအုံေတြအတြက္ ဘက္ထရီအိုးေတြ ျဖစ္လာမယ္ဆိုတာ ဥပမာ တစ္ခုပါ။

အဲဒီ KGP ကြန္ကရစ္ေတြ က သာမန္ ဘိလပ္ေျမထက္ ပိုေစ်းသက္သာမွာ ျဖစ္ၿပီး လၽွပ္စစ္စြမ္းအင္ကို ထိန္းသိမ္းထားနိုင္ပါတယ္။ ၆ မီတာ ေလာက္ျမင့္ၿပီး KGP နဲ႔ လုပ္တဲ့ မီးတိုင္ ကလည္း ဆိုလာျပားေတြ နဲ႔ ခ်ိတ္ဆက္ ထားမွာျဖစ္ၿပီး ေနေရာင္ျခည္က ရလာတဲ့ စြမ္းအင္ကို လၽွပ္စစ္စြမ္းအင္ အျဖစ္ေျပာင္းလဲေပးမွာပါ။ အဲဒီလို လုပ္ရင္ လမ္းမီးတိုင္ တစ္တိုင္မွာ တေန႔တာ ရတဲ့ စြမ္းအင္က တစ္ညလုံး အဲဒီ လမ္းမီးတိုင္ မီးလင္း ေနေစမယ္လို႔ သုေတသီေတြ က ဆိုပါတယ္။

ၿဗိတိန္နိုင္ငံ Lancaster University က ပါေမာကၡ Mohamed Saafi က “KGP ကြန္ကရစ္ အေပါင္းအစပ္က တျခား ေစ်းႀကီးတဲ့ ဒါမွမဟုတ္ အႏၲရာယ္မ်ားတဲ့ အရာေတြ ဘာမွ မလိုအပ္ဘဲ လၽွပ္စစ္ စြမ္းအင္ကို ထိန္းသိမ္း ထားနိုင္တယ္၊ ေနာက္ အဲဒီ လၽွပ္စစ္စြမ္းအင္ကို သယ္ေဆာင္ပို႔လႊတ္ ေပးနိုင္တယ္ ဆိုတာ ကၽြန္ေတာ္တို႔ သက္ေသျပနိုင္ပါၿပီ” လို႔ ေျပာပါတယ္။

ဒီလို ကြန္ကရစ္တုံးငယ္ေလးေတြ က အနာဂတ္ၿမိဳ႕ျပမွာ စြမ္းအင္ အတြက္ ကူညီနိုင္ပါသတဲ့

KGP ကြန္ကရစ္ေတြ အမ်ားအျပားထည့္သုံးမယ့္ အေဆာက္အအုံေတြမွာလည္း စြမ္းအင္ကို ထိန္းသိမ္းထားနိုင္သလို ပိုေနတဲ့ စြမ္းအင္ေတြကိုလည္း တျခားကို ပို႔ေဆာင္ေပးနိုင္မွာပါ။

ဆိုလာစြမ္းအင္ဟာ ျပည့္ၿဖိဳးျမဲစြမ္းအင္ေတြထဲ အသုံးအမ်ားဆုံးျဖစ္ၿပီး ဆိုလာျပားေတြ ပို ေစ်းသက္သာလာေအာင္လည္း အသစ္ေတြ႕ထားတဲ့ အရာေတြက အကူအညီေပးေနပါတယ္။

ဆိုလာစြမ္းအင္အတြက္ အရင္ ၁၀ ႏွစ္ေလာက္က လၽွပ္စစ္အား ၁ ၀ပ္ (Watt) အတြက္ စတာလင္ေပါင္ေငြ ၁ ေပါင္ ကုန္က်ေပမယ့္ အခုေတာ့ ၄၀ ဆင့္ ပဲ ကုန္က်ပါေတာ့တယ္။

အိမ္အမိုးေတြမွာ ဆိုလာျပားတပ္ဆင္ၿပီး လၽွပ္စစ္ဓာတ္အားထုတ္ယူၾကတာကလည္း ေခတ္စားလာပါတယ္။

ဆီလီကြန္အေျခခံတဲ့ ဆိုလာျပားေတြက စြမ္းအင္ကို ပိုထိန္းထားနိုင္ပါတယ္။ ဆီလီကြန္သန္႔စင္မွုကေတာ့ ၉၉.၉၉၉၉% သန္႔စင္ဖို႔ လိုပါတယ္။

ဆိုလာျပားေတြထဲ perovskites လို႔ေခၚတဲ့ ဆိုလာျပားေတြက ပိုပါးလႊာသလို ေနအပူခ်ိန္လည္း ႏွိုင္းယွဥ္မွုအရ နည္းနည္းပဲ လိုအပ္တယ္လို႔ အေမရိကန္နိုင္ငံ Brown University က ပါေမာကၡ Nitin Padture က ေျပာပါတယ္။

ရိုးရိုးဆိုလာျပားေတြထက္ ပိုၾကည္ၿပီး ျပဴတင္းေပါက္တံခါးေတြအတြက္ သုံးလို႔ သင့္ေတာ္တယ္လို႔လည္း ဆိုပါတယ္။

အားနည္းခ်က္တခုကေတာ့ သူ႔မွာ အဆိပ္ရွိတဲ့ ခဲဓာတ္ ပါဝင္တာပါ။

ၿမိဳ႕ျပေတြမွာ ဆိုလာ စြမ္းအင္ကို သုံးစြဲတာက ျပည့္ၿဖိဳးျမဲစြမ္းအင္ေတြ အထဲ အသုံးအမ်ားဆုံး ျဖစ္လာပါတယ္

ဒါေပမဲ့ ပါေမာကၡ Padture က ခဲအစား တိုင္ေတနီယမ္ေတြကို အစားထိုးသုံးဖို႔ ေလ့လာေနၾကတယ္လို႔ ေျပာပါတယ္။

ေလ က ေနာက္ထပ္ အသုံးမ်ားၾကတဲ့ ျပည့္ၿဖိဳးျမဲစြမ္းအင္ အရင္းအျမစ္ တစ္ခုပါ။ ဒါေပမဲ့ ပုံမွန္ေလရဟတ္ႀကီးေတြ သုံးၿပီး စြမ္းအင္ထုတ္တဲ့နည္းက အေဆာက္အအုံထူထပ္တဲ့ေနရာေတြ မွာ သိပ္ဟန္မက်ပါဘူးတဲ့။ အဲဒီ ေလရဟတ္ ႀကီးေတြ က ေလလမ္းေၾကာင္းကို အႀကီးအမား ေျပာင္းလဲေစတတ္လို႔ပါ။

ဒါ့ေၾကာင့္ သုေတသီ Nicolas Orellana နဲ႔ Yaseen Noorani တို႔က အလုံးလိုက္လည္မယ့္ ေလရဟတ္ spherical wind turbine ေတြ ထြင္ၿပီး ေလေၾကာင္းေျပာင္းတဲ့ ျပႆနာမတက္ေအာင္ လုပ္ေန ၾကပါတယ္။

သူတို႔က O-Wind turbine လို႔ အမည္ေပးထားတဲ့ အလုံးလိုက္လည္မယ့္ ေလရဟတ္ တာဘိုင္စက္ က ၿဗိတိန္ရဲ့ ၂၀၁၈ James Dyson Award ဆု ကို ရရွိေစခဲ့ပါတယ္။

ေလ က ဘယ္ဘက္ကတိုက္တိုက္ ဒီ တာဘိုင္စက္ က လည္ပတ္မွာပါ။

တူရကီ ကုမၸဏီတခုျဖစ္တဲ့ Devici Tech က ဆုံလည္သလို လည္ေစမယ့္ ေလရဟတ္ တာဘိုင္စက္ Vertical wind turbines ကို ထြင္ၿပီး ကားလမ္းေဘးေတြမွာ ထားကာ ကားေတြျဖတ္သြားတဲ့အရွိန္နဲ႔ လည္ေစကာ စြမ္းအင္ထုတ္ယူမွာပါ။

သူတို႔ရဲ့ အဲဒီ တာဘိုင္စက္ Enlil turbines ကို အီစတန္ဘူမွာ စမ္းၿပီး သုံးစြဲၾကည့္ေတာ့ တာဘိုင္စက္တခုက ရတဲ့ စြမ္းအင္က အိမ္ ၂ အိမ္ သုံးလို႔ေလာက္ပါသတဲ့။

ၿမိဳ႕ျပေတြအတြက္ ႀကံဆေနၾကတဲ့ စြမ္းအင္ထုတ္ စီမံကိန္းေတြ အားလုံးေတာ့ စီးပြားေရးအရ တြက္ေျခမကိုက္ၾကေသးပါဘူး။

ဥပမာ – ျပင္သစ္နိုင္ငံ Colas ကုမၸဏီက လုပ္တဲ့ photovoltaic လမ္းမ အစီအစဥ္ လိုေပါ့။ ဒါမ်ိဳး ဂ်ပန္နဲ႔ အေမရိကန္မွာလည္း ျပင္ေနတာပါ။ သူက လမ္းေပၚမွာ ဆိုလာဆဲလ္ျပားေတြ ခင္းထားၿပီး စြမ္းအင္ ထုတ္ယူတဲ့ နည္းပါ။

Colas ရဲ့ ဒီ စြမ္းအင္ထုတ္မယ့္ လမ္းအစီအစဥ္က ေနာ္မန္ဒီ ဘက္မွာ မိုင္ဝက္ေက်ာ္ရွည္မယ့္ တလမ္းသြားလမ္းေဖာက္မယ္၊ စတာလင္ ေပါင္ ၄ သန္း ၃ သိန္း ကုန္ပါလိမ့္မယ္၊ အေမရိကန္မွာ ၁ မိုင္ အရွည္ ၂ လမ္းသြား ေဖာက္မယ္၊ ေပါင္ ၃ သန္း ၈ သိန္း က်ပါလိမ့္မယ္။

ၿပီးေတာ့ ထြက္လာမယ့္ စြမ္းအင္ က ဘယ္ေလာက္မ်ားမလဲဆိုတာလည္း ေမးခြန္းထုတ္စရာျဖစ္ေနပါေသးတယ္။

ပါးလႊာတဲ့ perovskite ဆိုလာျပားမွာ တိုင္ေတနီယမ္ ပါရင္ ပိုၿပီးအားေကာင္းပါတယ္
ဆိုလာျပားေတြ က ေနရွိရာ လွည့္မထားပဲ အျပားလိုက္ထားရတာဆိုေတာ့ လမ္းေပၚမွာ ကားေတြ ျပည့္က်ပ္ေနရင္ ေနေရာင္ အရနည္းမွာ၊ ႏွင္းတို႔ ရႊံ့တို႔ ေရတို႔ အေပၚက ဖုံးမွာကို ပူရမွာေတြ ရွိပါတယ္။

၀၁၄ တုန္း က နယ္သာလန္ နိုင္ငံ အမ္စတာဒမ္မွာ အဲဒီလို ဆိုလာ စနစ္ခင္းထားတဲ့ ၇၀ မီတာ အရွည္ စက္ဘီးလမ္းတခု ခင္းပါတယ္။ အဲဒီကေန ပထမႏွစ္မွာ ၃၀၀၀ kilowatt-hours (kWh) စြမ္းအင္ထုတ္လို႔ ရပါတယ္။

ဒါေပမဲ့ ဒီကုန္က်ေငြနဲ႔ အျပင္စြမ္းအင္ေစ်းကြက္က စြမ္းအင္ဝယ္ရင္ ၆၅ သန္း kWh (kilowatt-hours) ရနိုင္ပါတယ္။

စီးပြားေရးအရတြက္ေျခမကိုက္ေသးတဲ့ ျပည့္ၿဖိဳးျမဲစြမ္းအင္ထုတ္ ေနာက္နည္းပညာကေတာ့ piezo-electricity နည္းပညာပါ။ piezo-electric ကိရိယာေတြနဲ႔ ခင္းထားတဲ့ လမ္းမေတြမွာ ကားေတြ၊ ကုန္တင္ကားေတြ သြားလာလို႔ထြက္ေပၚလာတဲ့ တုန္ခါမွုကေန စြမ္းအင္ထုတ္မွာပါ။ အဲဒါေတြ ခင္းထားတဲ့ လမ္းေဘး ပလက္ေဖာင္းေတြေပၚမွာ လမ္းေလ်ာက္ၾကတဲ့ ခရီးသြားေတြရဲ့ ေျခလွမ္းက လည္း စြမ္းအင္ကို ထြက္လာေစပါတယ္။

၂၀၀၉ ခုႏွစ္ က အစၥေရး ကုမၸဏီ Innowattech နဲ႔ အခုေလာေလာဆယ္ အေမရိကန္ ကုမၸဏီ Pyro-E တို႔က ဒီလမ္းေတြကို စမ္းသပ္ ျပခဲ့ပါတယ္။

နည္းပညာအရ ေကာင္းေပမယ့္ ေစ်းကသိပ္ႀကီးေနပါတယ္။

အေမရိကန္မွာ လုပ္တဲ့တခုမွာ ၁ ကီလိုမီတာေလာက္ရွည္တဲ့ ၂ လမ္းသြား လမ္းမွာ ခင္းထည့္ဖို႔ piezo-electric ကိရိယာ ၁၃၀၀၀ လိုၿပီး ေဒၚလာ ၄ သိန္း တည္ေဆာက္ခ က်ပါသတဲ့။

Colas ကုမၸဏီ က ၁ ကီလိုမီတာ ရွည္တဲ့ photovoltaic ကားလမ္းမ က ေန လူ ၅၀၀၀ ေနတဲ့ ၿမိဳ႕က အမ်ားျပည္သူသုံးေနရာေတြ အတြက္ လၽွပ္စစ္မီးအလင္း ေပးနိုင္တယ္ လို႔ ဆိုပါတယ္

ၿဗိတိန္ ကုမၸဏီ Pavegen ကလည္း လၽွပ္စစ္စြမ္းအင္ထုတ္ေပးနိုင္တဲ့ ပလက္ေဖာင္းေတြ ထြင္ပါတယ္။ အဲဒီေပၚ လူ႔ေျခလွမ္း တလွမ္းလွမ္းတိုင္း စြမ္းအင္ ၂ joules က ေန ၄ joules အထိ ထြက္ပါတယ္။

ဒါေပမဲ့ ကုန္က်စရိတ္ က ၁ စတုရန္း မီတာ အကြက္ အတြက္ စတာလင္ေပါင္ ၂၃၅၀ ကုန္က်ပါတယ္။

ဒါေတြက သိပ္ေစ်းႀကီးေနပါသလား၊ ဆိုလာျပားေတြ စထုတ္တုန္းကလည္း အခုလို ေစ်းႀကီးခဲ့တာပါပဲ။

Pavegen ကုမၸဏီ တည္ေထာင္သူလည္းျဖစ္ အလုပ္အမွုေဆာင္အရာရွိခ်ဳပ္လည္း ျဖစ္တဲ့ Laurence Kemball-Cook က “က်ေနာ္တို႔ၿမိဳ႕ေတြကို ပိုေကာင္းဖို႔ နည္းပညာတခုတည္းနဲ႔ ရတာ မဟုတ္ပါဘူး၊ လူေတြကပါ ေျပာင္းလဲလာလို႔ ၿမိဳ႕ေတြ ပိုေကာင္းလာတယ္ဆိုတာကို ယုံၾကည္တယ္” လို႔ ေျပာပါတယ္။

ref ; BBC

ဗဟုသုတ (www.bahututa)

==================

၂၀၅၀ ခုနှစ်လောက်ဆိုရင် ကမ္ဘာ့ မြို့ပြတွေမှာနေတဲ့ လူဦးရေက စုစုပေါင်းလူဦးရေရဲ့ ၃ ပုံ ၂ ပုံ ကျော်ဖြစ်လာမှာမို့ သိပ္ပံပညာရှင်တွေ၊ နည်းပညာ ကုမ္ပဏီတွေက လက်ရှိ ရှိနေတဲ့ ဝန်းကျင်အနေအထားမှာပဲ ပြည့်ဖြိုးမြဲစွမ်းအင်ကို ဘယ်လိုရယူမလဲ ဆိုတဲ့ နည်းလမ်းသစ်တွေကို စဉ်းစားတီထွင်နေကြပါပြီ။

တနေ့ကျရင် သင့်ရဲ့ ရုံးပြူတင်းတံခါးမှာတပ်ထားတဲ့ ဆိုလာပြားကနေ နေစွမ်းအင်ကို ရယူပြီး အလင်းဓာတ် ရယူကြမှာဖြစ်သလို လမ်းမီးတိုင်အောက်ခြေမှာရှိတဲ့ ကွန်ကရစ်တုံးက စွမ်းအင်ကို သိုမှီးထားနိုင်တော့မှာပါ။

ကားလမ်းဘေးမှာ ကားတွေ ဝှီးကနဲဖြတ်သွားတဲ့ အရှိန်ကနေ ကားလမ်းဘေးမှာ ထောင်ထားတဲ့ ဆုံလည်သလို လည်မယ့် လေရဟတ်စက် Vertical wind turbines ကို လည်စေပြီး စွမ်းအင်ထုတ်မယ်၊ ပလက်ဖောင်း ပေါ်မှာ လမ်းလျှောက်တဲ့သူတွေရဲ့ ခြေလှမ်းကနေ ဖြစ်လာတဲ့ နင်းအား၊ လမ်းပေါ်မှာ ဖြတ်သွားတဲ့ ကားတွေ၊ ဘတ်စကားတွေ၊ ကုန်တင်ကားကြီးတွေ ရဲ့ ဖိအားတွေ ကနေလည်း စွမ်းအင်တွေ ထွက်လာ စေမှာပါ။

မောင်းသူမဲ့ တက္ကစီ ကားတွေ ကားလမ်းပေါ် မောင်းသွားတဲ့အခါ ပင်မဓာတ်အားပေးလိုင်းထဲကို လျှပ်စစ်ဓာတ်အားတွေ စီးဝင် ပေါင်းထည့်ပေးဦးမှာပါ။ ဒါတွေက အများအပြားသော နည်းပညာရှင်တွေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ၊ မြို့ပြစီမံကိန်း ပညာရှင်တွေ ရဲ့ အမြင်တွေပါ။

ဘယ်လောက်အထိ လက်တွေ့ကျပါလေရဲ့။

လမ်းမီးတိုင် အောက်ခံ ကွန်ကရစ် တုံး က ဘက်ထရီတွေလို အလုပ်လုပ်လာပြီး တညလုံး လင်းအောင် မီးပေးနိုင်ပါမယ်

တွေ့ရှိချက် အသစ်တွေက မျှော်လင့်ချက် အသစ်တွေ ပေးနေပါတယ်။ လောင်စာထုတ် စက်ရုံတွေက စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေနဲ့ ဘိလပ်မြေ ပေါင်းစပ်ထားတဲ့ potassium-geopolymetric (KGP) ကွန်ကရစ်တုံးတွေ က အဲဒါတွေနဲ့ဆောက်လုပ်တဲ့ အဆောက် အအုံတွေအတွက် ဘက်ထရီအိုးတွေ ဖြစ်လာမယ်ဆိုတာ ဥပမာ တစ်ခုပါ။

အဲဒီ KGP ကွန်ကရစ်တွေ က သာမန် ဘိလပ်မြေထက် ပိုစျေးသက်သာမှာ ဖြစ်ပြီး လျှပ်စစ်စွမ်းအင်ကို ထိန်းသိမ်းထားနိုင်ပါတယ်။ ၆ မီတာ လောက်မြင့်ပြီး KGP နဲ့ လုပ်တဲ့ မီးတိုင် ကလည်း ဆိုလာပြားတွေ နဲ့ ချိတ်ဆက် ထားမှာဖြစ်ပြီး နေရောင်ခြည်က ရလာတဲ့ စွမ်းအင်ကို လျှပ်စစ်စွမ်းအင် အဖြစ်ပြောင်းလဲပေးမှာပါ။ အဲဒီလို လုပ်ရင် လမ်းမီးတိုင် တစ်တိုင်မှာ တနေ့တာ ရတဲ့ စွမ်းအင်က တစ်ညလုံး အဲဒီ လမ်းမီးတိုင် မီးလင်း နေစေမယ်လို့ သုတေသီတွေ က ဆိုပါတယ်။

ဗြိတိန်နိုင်ငံ Lancaster University က ပါမောက္ခ Mohamed Saafi က “KGP ကွန်ကရစ် အပေါင်းအစပ်က တခြား စျေးကြီးတဲ့ ဒါမှမဟုတ် အန္တရာယ်များတဲ့ အရာတွေ ဘာမှ မလိုအပ်ဘဲ လျှပ်စစ် စွမ်းအင်ကို ထိန်းသိမ်း ထားနိုင်တယ်၊ နောက် အဲဒီ လျှပ်စစ်စွမ်းအင်ကို သယ်ဆောင်ပို့လွှတ် ပေးနိုင်တယ် ဆိုတာ ကျွန်တော်တို့ သက်သေပြနိုင်ပါပြီ” လို့ ပြောပါတယ်။

ဒီလို ကွန်ကရစ်တုံးငယ်လေးတွေ က အနာဂတ်မြို့ပြမှာ စွမ်းအင် အတွက် ကူညီနိုင်ပါသတဲ့

KGP ကွန်ကရစ်တွေ အများအပြားထည့်သုံးမယ့် အဆောက်အအုံတွေမှာလည်း စွမ်းအင်ကို ထိန်းသိမ်းထားနိုင်သလို ပိုနေတဲ့ စွမ်းအင်တွေကိုလည်း တခြားကို ပို့ဆောင်ပေးနိုင်မှာပါ။

ဆိုလာစွမ်းအင်ဟာ ပြည့်ဖြိုးမြဲစွမ်းအင်တွေထဲ အသုံးအများဆုံးဖြစ်ပြီး ဆိုလာပြားတွေ ပို စျေးသက်သာလာအောင်လည်း အသစ်တွေ့ထားတဲ့ အရာတွေက အကူအညီပေးနေပါတယ်။

ဆိုလာစွမ်းအင်အတွက် အရင် ၁၀ နှစ်လောက်က လျှပ်စစ်အား ၁ ဝပ် (Watt) အတွက် စတာလင်ပေါင်ငွေ ၁ ပေါင် ကုန်ကျပေမယ့် အခုတော့ ၄၀ ဆင့် ပဲ ကုန်ကျပါတော့တယ်။

အိမ်အမိုးတွေမှာ ဆိုလာပြားတပ်ဆင်ပြီး လျှပ်စစ်ဓာတ်အားထုတ်ယူကြတာကလည်း ခေတ်စားလာပါတယ်။

ဆီလီကွန်အခြေခံတဲ့ ဆိုလာပြားတွေက စွမ်းအင်ကို ပိုထိန်းထားနိုင်ပါတယ်။ ဆီလီကွန်သန့်စင်မှုကတော့ ၉၉.၉၉၉၉% သန့်စင်ဖို့ လိုပါတယ်။

ဆိုလာပြားတွေထဲ perovskites လို့ခေါ်တဲ့ ဆိုလာပြားတွေက ပိုပါးလွှာသလို နေအပူချိန်လည်း နှိုင်းယှဉ်မှုအရ နည်းနည်းပဲ လိုအပ်တယ်လို့ အမေရိကန်နိုင်ငံ Brown University က ပါမောက္ခ Nitin Padture က ပြောပါတယ်။

ရိုးရိုးဆိုလာပြားတွေထက် ပိုကြည်ပြီး ပြူတင်းပေါက်တံခါးတွေအတွက် သုံးလို့ သင့်တော်တယ်လို့လည်း ဆိုပါတယ်။

အားနည်းချက်တခုကတော့ သူ့မှာ အဆိပ်ရှိတဲ့ ခဲဓာတ် ပါဝင်တာပါ။

မြို့ပြတွေမှာ ဆိုလာ စွမ်းအင်ကို သုံးစွဲတာက ပြည့်ဖြိုးမြဲစွမ်းအင်တွေ အထဲ အသုံးအများဆုံး ဖြစ်လာပါတယ်

ဒါပေမဲ့ ပါမောက္ခ Padture က ခဲအစား တိုင်တေနီယမ်တွေကို အစားထိုးသုံးဖို့ လေ့လာနေကြတယ်လို့ ပြောပါတယ်။

လေ က နောက်ထပ် အသုံးများကြတဲ့ ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ် တစ်ခုပါ။ ဒါပေမဲ့ ပုံမှန်လေရဟတ်ကြီးတွေ သုံးပြီး စွမ်းအင်ထုတ်တဲ့နည်းက အဆောက်အအုံထူထပ်တဲ့နေရာတွေ မှာ သိပ်ဟန်မကျပါဘူးတဲ့။ အဲဒီ လေရဟတ် ကြီးတွေ က လေလမ်းကြောင်းကို အကြီးအမား ပြောင်းလဲစေတတ်လို့ပါ။

ဒါ့ကြောင့် သုတေသီ Nicolas Orellana နဲ့ Yaseen Noorani တို့က အလုံးလိုက်လည်မယ့် လေရဟတ် spherical wind turbine တွေ ထွင်ပြီး လေကြောင်းပြောင်းတဲ့ ပြဿနာမတက်အောင် လုပ်နေ ကြပါတယ်။

သူတို့က O-Wind turbine လို့ အမည်ပေးထားတဲ့ အလုံးလိုက်လည်မယ့် လေရဟတ် တာဘိုင်စက် က ဗြိတိန်ရဲ့ ၂၀၁၈ James Dyson Award ဆု ကို ရရှိစေခဲ့ပါတယ်။

လေ က ဘယ်ဘက်ကတိုက်တိုက် ဒီ တာဘိုင်စက် က လည်ပတ်မှာပါ။

တူရကီ ကုမ္ပဏီတခုဖြစ်တဲ့ Devici Tech က ဆုံလည်သလို လည်စေမယ့် လေရဟတ် တာဘိုင်စက် Vertical wind turbines ကို ထွင်ပြီး ကားလမ်းဘေးတွေမှာ ထားကာ ကားတွေဖြတ်သွားတဲ့အရှိန်နဲ့ လည်စေကာ စွမ်းအင်ထုတ်ယူမှာပါ။

သူတို့ရဲ့ အဲဒီ တာဘိုင်စက် Enlil turbines ကို အီစတန်ဘူမှာ စမ်းပြီး သုံးစွဲကြည့်တော့ တာဘိုင်စက်တခုက ရတဲ့ စွမ်းအင်က အိမ် ၂ အိမ် သုံးလို့လောက်ပါသတဲ့။

မြို့ပြတွေအတွက် ကြံဆနေကြတဲ့ စွမ်းအင်ထုတ် စီမံကိန်းတွေ အားလုံးတော့ စီးပွားရေးအရ တွက်ခြေမကိုက်ကြသေးပါဘူး။

ဥပမာ – ပြင်သစ်နိုင်ငံ Colas ကုမ္ပဏီက လုပ်တဲ့ photovoltaic လမ်းမ အစီအစဉ် လိုပေါ့။ ဒါမျိုး ဂျပန်နဲ့ အမေရိကန်မှာလည်း ပြင်နေတာပါ။ သူက လမ်းပေါ်မှာ ဆိုလာဆဲလ်ပြားတွေ ခင်းထားပြီး စွမ်းအင် ထုတ်ယူတဲ့ နည်းပါ။

Colas ရဲ့ ဒီ စွမ်းအင်ထုတ်မယ့် လမ်းအစီအစဉ်က နော်မန်ဒီ ဘက်မှာ မိုင်ဝက်ကျော်ရှည်မယ့် တလမ်းသွားလမ်းဖောက်မယ်၊ စတာလင် ပေါင် ၄ သန်း ၃ သိန်း ကုန်ပါလိမ့်မယ်၊ အမေရိကန်မှာ ၁ မိုင် အရှည် ၂ လမ်းသွား ဖောက်မယ်၊ ပေါင် ၃ သန်း ၈ သိန်း ကျပါလိမ့်မယ်။

ပြီးတော့ ထွက်လာမယ့် စွမ်းအင် က ဘယ်လောက်များမလဲဆိုတာလည်း မေးခွန်းထုတ်စရာဖြစ်နေပါသေးတယ်။

ပါးလွှာတဲ့ perovskite ဆိုလာပြားမှာ တိုင်တေနီယမ် ပါရင် ပိုပြီးအားကောင်းပါတယ်
ဆိုလာပြားတွေ က နေရှိရာ လှည့်မထားပဲ အပြားလိုက်ထားရတာဆိုတော့ လမ်းပေါ်မှာ ကားတွေ ပြည့်ကျပ်နေရင် နေရောင် အရနည်းမှာ၊ နှင်းတို့ ရွှံ့တို့ ရေတို့ အပေါ်က ဖုံးမှာကို ပူရမှာတွေ ရှိပါတယ်။

၀၁၄ တုန်း က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှာ အဲဒီလို ဆိုလာ စနစ်ခင်းထားတဲ့ ၇၀ မီတာ အရှည် စက်ဘီးလမ်းတခု ခင်းပါတယ်။ အဲဒီကနေ ပထမနှစ်မှာ ၃၀၀၀ kilowatt-hours (kWh) စွမ်းအင်ထုတ်လို့ ရပါတယ်။

ဒါပေမဲ့ ဒီကုန်ကျငွေနဲ့ အပြင်စွမ်းအင်စျေးကွက်က စွမ်းအင်ဝယ်ရင် ၆၅ သန်း kWh (kilowatt-hours) ရနိုင်ပါတယ်။

စီးပွားရေးအရတွက်ခြေမကိုက်သေးတဲ့ ပြည့်ဖြိုးမြဲစွမ်းအင်ထုတ် နောက်နည်းပညာကတော့ piezo-electricity နည်းပညာပါ။ piezo-electric ကိရိယာတွေနဲ့ ခင်းထားတဲ့ လမ်းမတွေမှာ ကားတွေ၊ ကုန်တင်ကားတွေ သွားလာလို့ထွက်ပေါ်လာတဲ့ တုန်ခါမှုကနေ စွမ်းအင်ထုတ်မှာပါ။ အဲဒါတွေ ခင်းထားတဲ့ လမ်းဘေး ပလက်ဖောင်းတွေပေါ်မှာ လမ်းလျောက်ကြတဲ့ ခရီးသွားတွေရဲ့ ခြေလှမ်းက လည်း စွမ်းအင်ကို ထွက်လာစေပါတယ်။

၂၀၀၉ ခုနှစ် က အစ္စရေး ကုမ္ပဏီ Innowattech နဲ့ အခုလောလောဆယ် အမေရိကန် ကုမ္ပဏီ Pyro-E တို့က ဒီလမ်းတွေကို စမ်းသပ် ပြခဲ့ပါတယ်။

နည်းပညာအရ ကောင်းပေမယ့် စျေးကသိပ်ကြီးနေပါတယ်။

အမေရိကန်မှာ လုပ်တဲ့တခုမှာ ၁ ကီလိုမီတာလောက်ရှည်တဲ့ ၂ လမ်းသွား လမ်းမှာ ခင်းထည့်ဖို့ piezo-electric ကိရိယာ ၁၃၀၀၀ လိုပြီး ဒေါ်လာ ၄ သိန်း တည်ဆောက်ခ ကျပါသတဲ့။

Colas ကုမ္ပဏီ က ၁ ကီလိုမီတာ ရှည်တဲ့ photovoltaic ကားလမ်းမ က နေ လူ ၅၀၀၀ နေတဲ့ မြို့က အများပြည်သူသုံးနေရာတွေ အတွက် လျှပ်စစ်မီးအလင်း ပေးနိုင်တယ် လို့ ဆိုပါတယ်

ဗြိတိန် ကုမ္ပဏီ Pavegen ကလည်း လျှပ်စစ်စွမ်းအင်ထုတ်ပေးနိုင်တဲ့ ပလက်ဖောင်းတွေ ထွင်ပါတယ်။ အဲဒီပေါ် လူ့ခြေလှမ်း တလှမ်းလှမ်းတိုင်း စွမ်းအင် ၂ joules က နေ ၄ joules အထိ ထွက်ပါတယ်။

ဒါပေမဲ့ ကုန်ကျစရိတ် က ၁ စတုရန်း မီတာ အကွက် အတွက် စတာလင်ပေါင် ၂၃၅၀ ကုန်ကျပါတယ်။

ဒါတွေက သိပ်စျေးကြီးနေပါသလား၊ ဆိုလာပြားတွေ စထုတ်တုန်းကလည်း အခုလို စျေးကြီးခဲ့တာပါပဲ။

Pavegen ကုမ္ပဏီ တည်ထောင်သူလည်းဖြစ် အလုပ်အမှုဆောင်အရာရှိချုပ်လည်း ဖြစ်တဲ့ Laurence Kemball-Cook က “ကျနော်တို့မြို့တွေကို ပိုကောင်းဖို့ နည်းပညာတခုတည်းနဲ့ ရတာ မဟုတ်ပါဘူး၊ လူတွေကပါ ပြောင်းလဲလာလို့ မြို့တွေ ပိုကောင်းလာတယ်ဆိုတာကို ယုံကြည်တယ်” လို့ ပြောပါတယ်။

ref ; BBC

ဗဟုသုတ (www.bahututa)

Facebook Comments