ဗိုလ္မွဴးအျငိမ္းစားနဲ႔ ဒုဝန္ႀကီးအျငိမ္းစား စီးလားတဲ့ကားကို ခ်လန္ျဖတ္လိုက္မိတဲ့ ရဲတစ္ယာက္

5

ဝိတ္သုံးျပီးစကားဆိုခ့ဲသူကိုဥပေဒေဘာင္တြင္းကျပန္လွန္နိွမ္ကြပ္ခ့ဲေသာ ရဲတေယာက္

ငါ ! ဗိုလ္မွဴးအျငိမ္းစားကြ ။ေနာက္ခန္းထဲမွာ ဒုဝန္ႀကီးအျငိမ္းစားပါတယ္ ။စသည့္ဝိတ္သုံးျပီးစကားဆိုခ့ဲသူကိုဥပေဒေဘာင္တြင္းကျပန္လွန္နိွမ္ကြပ္ခ့ဲေသာ ရဲတေယာက္ ။ ။

“ေဟ့ေကာင္ ငါ ဗိုလ္မွဴးအၿငိမ္းစားေနာ္” တဲ႔

ၾကည့္ ဘာမွေတာင္မေျပာရေသးဘူးကားေလးတားမိတာနဲ႔တန္းေျပာတာ ငါဗိုလ္မွဴးအၿငိ္မ္းစားေနာ္တဲ႔ ဝိတ္သံုးတဲ႔သေဘာလား ေျခာက္လွန္႔လိုက္တဲ႔သေဘာလားေတာ့မသိ

x”ဟုတ္ကဲ႔ ဗိုလ္မွဴးခင္ဗ်ာ လိုင္စင္နဲ႔ဝွီးတတ္ေလး ျပေပးပါဗ်”

ထိုလူကအေမာင္းလိုင္စင္ထုတ္ျပတယ္ ဝွီးတတ္ကေတာ့မပါဘူးတဲ႔ဝွီးတက္ပါမလာဘူးဆိုေတာ့ ထံုစံအတိုင္းကြ်န္ေတာ္ကေတာ့ ယာဥ္တစ္စီးမွာပါလာရမဲ႔ လိုင္စင္ဝွီးတတ္တို႔အေၾကာင္းရွင္းျပမိတယ္ xမပါလာခဲ႔ျပန္ရင္လဲ ခ်လန္ေလးေတြျဖတ္ၾကရပီး သက္ဆိုင္ရာရံုးမွာျပန္လည္ေရြးယူရမဲ႔အေၾကာင္းေရာေပါ့

x” မင္းခ်လန္ျဖတ္မလို႔လား”

x”ဟုတ္ကဲ႔ဗိုလ္မွဴးခင္ဗ် တပည့္တို႔ဒီလိုတာဝန္ထမ္းေဆာင္ရတာပါဗ်”

x”မင္းျဖတ္စရာမလိုဘူး ငါ ဖုန္းဆက္မယ္”

ထိုသူဖုန္းဆက္တယ္ ကြ်န္ေတာ္ေစာင့္ေနေပးပါတယ္ ဘာမွေတာ့ထးူူမလာပါဘူး

ဗိုလ္မွဴးအျငိမ္းစားနဲ႔ ဒုဝန္ႀကီးအျငိမ္းစား စီးလားတဲ့ကားကို ခ်လန္ျဖတ္လိုက္မိတဲ့ ရဲတစ္ယာက္ 2

x” မင္းတို႔ကိုဝွီးတတ္မပါရင္ခ်လန္ျဖတ္ဖို႔ ဘယ္သူကခိုင္းတာလဲ” တဲ႔

x”ဗိုလ္မွဴးခင္ဗ်ာ ဒါခ်မွတ္ထားတဲ႔ဥပေဒပါခင္ဗ်ာ”

x”ဒါဆိုသတင္းစာထဲကေနေျငာ္ျငာေလ” တဲ႔

ဒါေတာ့နည္းနည္းမ်ားသြားပီ ကြ်န္ေတာ္ကိုတင္မဟုတ္ လည္ပတ္ေနတဲ႔စည္းကမ္းစနစ္ကိုပါအျပစ္ေျပာခ်င္တဲ႔သေဘာဆက္ေျပာေနရင္လဲဆန္႔က်င္ဘက္ေတြခ်ည္ပဲ ျဖစ္လာမွာမို႔လို႔ကြ်န္ေတာ္ၿမိဳသိပ္ေနလိုက္တယ္ဒါေပမဲ႔ခ်လန္ေလးေတာ့ေရးလိုက္ပါပီထိုလူကဆက္ေျပာတယ္

x” ေနာက္ခန္းမွာဘယ္သူလဲသိလား”

x”ခင္ဗ်ာ”

x”ေနာက္မွာ ဒုဝန္ႀကီးအၿငိမ္းစားကြ မင္းခ်လန္ျဖတ္ခ်င္ရင္ ဒုဝန္ႀကီးနာမည္နဲ႔ျဖတ္”

x” ဗိုလ္မွဴးကလက္ရွိယာဥ္ေမာင္းသူပါခင္ဗ် ယာဥ္ေမာင္းသူမွာ တာဝန္ရွိတာပါဗ်”

x” မင္းျဖတ္ခ်င္ရင္ ဒုဝန္ႀကီးနာမည္နဲ႔ျဖတ္” တဲ႔

ကြ်န္ေတာ္ေရးပီးသားခ်လန္ေလးကို ကားထဲ ထည့္ေပးလိုက္တယ္ ေတာ္ပီေလေပါ့ ရွင္းေလရႈပ္ေလလုပ္ေနသူမို႔ ဆက္မေျပာခ်င္ေတာ့ပါဘူး အျခားကားေတြဘက္စစ္ဖို႔ထြက္ခဲ႔လိုက္တယ္မၾကားပါဘူူ ထိုလူလိုက္လာတယ္

x” ငါ့ရဲ႕လိုက္စင္မင္းယူထားတာလား”

ု” ဟုတ္ကဲ႔ ရံုးမွာေစာေစာကခ်လန္နဲ႔ ျပန္ေရြးူရမွာပါဗ်”

x”ငါကရန္ကုန္ကကြေနာက္တစ္ေခါက္မလာႏိုင္ဘူး မင္းမွာအဲ႔လိုလုပ္ပိုင္ခြင့္ရွိလားကြ” တဲ႔

ဲကဲ နည္းနည္းမဟုတ္ေတာ့ဘူး မ်ားသြားပီဗ်ာသီးခံႏွိမ့္ခ်လို႔ ဆက္ဆံႏိုင္တဲ႔အတိုင္းအတာ ေဘာင္ေက်ာ္သြားပါပီ

x” ခင္ဗ်ားကဗိုလ္မွဴးအၿငိမ္းစားလား”

x”ေအး”

x”ဒါကခင္ဗ်ားအေျပာေလ ထားပါဗိုလ္မွဴးအၿငိမ္းစားတစ္ေယာက္ျဖစ္ခဲ႔ပါလွ်က္နဲ႔ ဒီေလာက္ေလးေတာင္ ေလ့လာမႈ အသိပညာနည္းလွခ်ည္လား လက္ရွိႏိုင္ငံေတာ္မွာ ဘယ္လိုစည္းကမ္း ဘယ္လိုဥပေဒေတြနဲ႔ ေဆာင္ရြက္က်င့္သံုးေနတယ္ဆိုတာေလာက္က္ိုမွ ခင္ဗ်ားေလ့လာမထားဘူးလားေျပာေတာ့ဗိုလ္မွဴးအၿငိမ္းစား ကားေလးေမာင္းတာေလာက္ေတာင္ စည္းမရွိ ကမ္းမရွိ ဟိုရာထူးနဲ႔ေျခာက္ ဒီရာထူးနဲ႔ေျခာက္ စည္းကမ္းမဲ႔သူေျခာက္တဲ႔စကား ဘယ္သူမွ အေၾကာက္တရားမရွိေတာ့ဘူးဆိုတာခင္ဗ်ားမွတ္ထား”

ကြ်န္ေတာ္အသံေလးနည္းနည္းက်ယ္လာေတာ့ ကားေပၚကအျခားသူေတြပါဆင္းလာၾကတယ္ဒါေပမဲ႔မ်က္ႏွာထားေတြကေတာ့ ဒီလူနဲ႔တျခားစီေျပာမွေတာ့မထူးဘူးဆိုပီး အရင္ကေျပာခဲ႔တဲ႔စကားေတြကိုပါတစ္ခုခ်င္းျပန္ေျဖေျပာပစ္လိုက္တယ္ ဗိုလ္မွဴးဆိုပီးမထမဝိတ္သံုး ဒုဝန္ႀကီးအၿငိမ္းစားဆိုပီးဒုတိယၿခိမ္းေျခာက္ကြ်န္ေတာ္ကမေၾကာက္တတ္တဲ႔အျပင္ ကိုနားလည္တဲ႔ဘာသာရပ္မို႔ ကေလာင္သြားထက္ထက္ေတြနဲ႔ ျပန္ထိုးနပ္ပါတယ္

နည္းနည္းေလွ်ာ့သြားတယ္ပိုေပ်ာ့လာတယ္ညွင္ညွင္သာသာေလးျဖစ္သြားတယ္

ငါ့ညီတဲ႔

ေတာ္ပါဗ်ာ လို႔

ကားေပၚကအမႀကီးကေတာ့ အမတို႔ဘယ္အခ်ိန္မွာေရြးလို႔ရပါသလဲတဲ႔ ယဥ္ယဥ္ေလးေမးတာပါ

ငါ့အမေရ ရံုးဖြင့္ရက္ႀကိဳက္တဲ႔အခ်ိန္သြားေရြးပါ

ေမာင္ေလးတို႔မွာ အမ်ားနဲ႔တာဝန္ထမ္းေဆာင္ရတာမို႔ လုပ္ငန္းသေဘာေလးကိုနားလည္ေပးပါေနာ္အမ လို႔

ဒါ ဒီေန႔အေတြ႔အႀကံဳေလးပါ

သူငယ္ခ်င္းေတြဒီစာေလးဖတ္ပီးစကားအေျပာအဆိုအတြက္ ေရြးခ်ယ္တတ္ေစခ်င္ပါတယ္ ယဥ္ယဥ္ေက်းေက်းေျပာလဲဒီပါးစပ္ ၾကမ္းၾကမ္းတမ္းတမ္းေျပာလဲဒီပါးစပ္
ခ်ိဳခ်ိဳေလးစေျပာလဲဒီပါးစပ္ မာထန္ထန္စေျပာလဲဒီပါးစပ္ပဲေလလူဆိုတာ သူသူကိုကို ခ်ိဳခ်ိဳေလးေျပာတာႀကိဳက္ၾကတာမို႔ ဘယ္လိုအေနအထားပဲျဖစ္ျဖစ္ ခ်ိဳခ်ိဳသာသာေျပာဆိုေျဖရွင္းၾကရမယ္ေလ

ေနာက္တစ္ခုကရာထူးနိမ့္တဲ႔ေအာက္ေျခဝန္ထမ္းဆိုတာ အထက္လူႀကီးေတြရဲ႕ ေႏြးေထြးတဲ႔ဆက္ဆံေရးကို သိပ္ေမွ်ာ္လင့္တာေအးျမတဲ႔စကားေလးတစ္ခြန္းေျပာထားခဲ႔ရင္ ၾကည္ႏူးပီတိျဖစ္လို႔ကိုမဆံုးႏိုင္ဘူးေလဒါေၾကာင့္ ဒီ post ရဲ႕သာဓကေလးကိုယူပီးမွာယြင္းတဲ႔ေျဖရွင္းနည္း မွားယြင္းတဲ႔ဆက္ဆံေရးကို ေရွာင္လႊဲႏိုင္ပါေစအမွားသရုပ္ျပဆက္ဆံေျဖရွင္းသြားတဲ႔ ဗိုလ္မွဴး(အၿငိမ္းစား)ကို ေက်းဇူးတင္ရင္း အဆိုး အေကာင္း ခြဲျခားမွတ္ယူႏိုင္ပါေစ

ယခုေလာက္ဆိုလွ်င္အဆိုပါဗိုလ္မွဴးအၿငိမ္းစားသည္ ကြ်န္ေတာ္ေရးေပးလိုက္သည့္ခ်လန္အား ၾကည့္ရႈကာ ေဒါသထြက္ေနမည္လား အမွန္ျမင္ႏိုင္မည္လား ကြ်န္ေတာ္မသိ ကြ်န္ေတာ္ကေတာ့ ထိုအျဖစ္အပ်က္အား မွတ္တမ္းတင္ဖမ္းယူထားသည့္ ကားအတြင္းမွ cctv မွတ္တမ္းေလးအားျပန္လည္ၾကည့္ရႈလွ်က္

္ ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

Crd

#ခရီးသည္​

=====================

ဝိတ်သုံးပြီးစကားဆိုခဲ့သူကိုဥပဒေဘောင်တွင်းကပြန်လှန်နှိမ်ကွပ်ခဲ့သော ရဲတယောက်

ငါ ! ဗိုလ်မှူးအငြိမ်းစားကွ ။နောက်ခန်းထဲမှာ ဒုဝန်ကြီးအငြိမ်းစားပါတယ် ။စသည့်ဝိတ်သုံးပြီးစကားဆိုခဲ့သူကိုဥပဒေဘောင်တွင်းကပြန်လှန်နှိမ်ကွပ်ခဲ့သော ရဲတယောက် ။ ။

“ဟေ့ကောင် ငါ ဗိုလ်မှူးအငြိမ်းစားနော်” တဲ့

ကြည့် ဘာမှတောင်မပြောရသေးဘူးကားလေးတားမိတာနဲ့တန်းပြောတာ ငါဗိုလ်မှူးအငြိ်မ်းစားနော်တဲ့ ဝိတ်သုံးတဲ့သဘောလား ခြောက်လှန့်လိုက်တဲ့သဘောလားတော့မသိ

x”ဟုတ်ကဲ့ ဗိုလ်မှူးခင်ဗျာ လိုင်စင်နဲ့ဝှီးတတ်လေး ပြပေးပါဗျ”

ထိုလူကအမောင်းလိုင်စင်ထုတ်ပြတယ် ဝှီးတတ်ကတော့မပါဘူးတဲ့ဝှီးတက်ပါမလာဘူးဆိုတော့ ထုံစံအတိုင်းကျွန်တော်ကတော့ ယာဉ်တစ်စီးမှာပါလာရမဲ့ လိုင်စင်ဝှီးတတ်တို့အကြောင်းရှင်းပြမိတယ် xမပါလာခဲ့ပြန်ရင်လဲ ချလန်လေးတွေဖြတ်ကြရပီး သက်ဆိုင်ရာရုံးမှာပြန်လည်ရွေးယူရမဲ့အကြောင်းရောပေါ့

x” မင်းချလန်ဖြတ်မလို့လား”

x”ဟုတ်ကဲ့ဗိုလ်မှူးခင်ဗျ တပည့်တို့ဒီလိုတာဝန်ထမ်းဆောင်ရတာပါဗျ”

x”မင်းဖြတ်စရာမလိုဘူး ငါ ဖုန်းဆက်မယ်”

ထိုသူဖုန်းဆက်တယ် ကျွန်တော်စောင့်နေပေးပါတယ် ဘာမှတော့ထူးူမလာပါဘူး

ဗိုလ်မှူးအငြိမ်းစားနဲ့ ဒုဝန်ကြီးအငြိမ်းစား စီးလားတဲ့ကားကို ချလန်ဖြတ်လိုက်မိတဲ့ ရဲတစ်ယာက် 2

x” မင်းတို့ကိုဝှီးတတ်မပါရင်ချလန်ဖြတ်ဖို့ ဘယ်သူကခိုင်းတာလဲ” တဲ့

x”ဗိုလ်မှူးခင်ဗျာ ဒါချမှတ်ထားတဲ့ဥပဒေပါခင်ဗျာ”

x”ဒါဆိုသတင်းစာထဲကနေငြော်ငြာလေ” တဲ့

ဒါတော့နည်းနည်းများသွားပီ ကျွန်တော်ကိုတင်မဟုတ် လည်ပတ်နေတဲ့စည်းကမ်းစနစ်ကိုပါအပြစ်ပြောချင်တဲ့သဘောဆက်ပြောနေရင်လဲဆန့်ကျင်ဘက်တွေချည်ပဲ ဖြစ်လာမှာမို့လို့ကျွန်တော်မြိုသိပ်နေလိုက်တယ်ဒါပေမဲ့ချလန်လေးတော့ရေးလိုက်ပါပီထိုလူကဆက်ပြောတယ်

x” နောက်ခန်းမှာဘယ်သူလဲသိလား”

x”ခင်ဗျာ”

x”နောက်မှာ ဒုဝန်ကြီးအငြိမ်းစားကွ မင်းချလန်ဖြတ်ချင်ရင် ဒုဝန်ကြီးနာမည်နဲ့ဖြတ်”

x” ဗိုလ်မှူးကလက်ရှိယာဉ်မောင်းသူပါခင်ဗျ ယာဉ်မောင်းသူမှာ တာဝန်ရှိတာပါဗျ”

x” မင်းဖြတ်ချင်ရင် ဒုဝန်ကြီးနာမည်နဲ့ဖြတ်” တဲ့

ကျွန်တော်ရေးပီးသားချလန်လေးကို ကားထဲ ထည့်ပေးလိုက်တယ် တော်ပီလေပေါ့ ရှင်းလေရှုပ်လေလုပ်နေသူမို့ ဆက်မပြောချင်တော့ပါဘူး အခြားကားတွေဘက်စစ်ဖို့ထွက်ခဲ့လိုက်တယ်မကြားပါဘူူ ထိုလူလိုက်လာတယ်

x” ငါ့ရဲ့လိုက်စင်မင်းယူထားတာလား”

ု” ဟုတ်ကဲ့ ရုံးမှာစောစောကချလန်နဲ့ ပြန်ရွေးူရမှာပါဗျ”

x”ငါကရန်ကုန်ကကွနောက်တစ်ခေါက်မလာနိုင်ဘူး မင်းမှာအဲ့လိုလုပ်ပိုင်ခွင့်ရှိလားကွ” တဲ့

ဲကဲ နည်းနည်းမဟုတ်တော့ဘူး များသွားပီဗျာသီးခံနှိမ့်ချလို့ ဆက်ဆံနိုင်တဲ့အတိုင်းအတာ ဘောင်ကျော်သွားပါပီ

x” ခင်ဗျားကဗိုလ်မှူးအငြိမ်းစားလား”

x”အေး”

x”ဒါကခင်ဗျားအပြောလေ ထားပါဗိုလ်မှူးအငြိမ်းစားတစ်ယောက်ဖြစ်ခဲ့ပါလျှက်နဲ့ ဒီလောက်လေးတောင် လေ့လာမှု အသိပညာနည်းလှချည်လား လက်ရှိနိုင်ငံတော်မှာ ဘယ်လိုစည်းကမ်း ဘယ်လိုဥပဒေတွေနဲ့ ဆောင်ရွက်ကျင့်သုံးနေတယ်ဆိုတာလောက်က်ိုမှ ခင်ဗျားလေ့လာမထားဘူးလားပြောတော့ဗိုလ်မှူးအငြိမ်းစား ကားလေးမောင်းတာလောက်တောင် စည်းမရှိ ကမ်းမရှိ ဟိုရာထူးနဲ့ခြောက် ဒီရာထူးနဲ့ခြောက် စည်းကမ်းမဲ့သူခြောက်တဲ့စကား ဘယ်သူမှ အကြောက်တရားမရှိတော့ဘူးဆိုတာခင်ဗျားမှတ်ထား”

ကျွန်တော်အသံလေးနည်းနည်းကျယ်လာတော့ ကားပေါ်ကအခြားသူတွေပါဆင်းလာကြတယ်ဒါပေမဲ့မျက်နှာထားတွေကတော့ ဒီလူနဲ့တခြားစီပြောမှတော့မထူးဘူးဆိုပီး အရင်ကပြောခဲ့တဲ့စကားတွေကိုပါတစ်ခုချင်းပြန်ဖြေပြောပစ်လိုက်တယ် ဗိုလ်မှူးဆိုပီးမထမဝိတ်သုံး ဒုဝန်ကြီးအငြိမ်းစားဆိုပီးဒုတိယခြိမ်းခြောက်ကျွန်တော်ကမကြောက်တတ်တဲ့အပြင် ကိုနားလည်တဲ့ဘာသာရပ်မို့ ကလောင်သွားထက်ထက်တွေနဲ့ ပြန်ထိုးနပ်ပါတယ်

နည်းနည်းလျှော့သွားတယ်ပိုပျော့လာတယ်ညှင်ညှင်သာသာလေးဖြစ်သွားတယ်

ငါ့ညီတဲ့

တော်ပါဗျာ လို့

ကားပေါ်ကအမကြီးကတော့ အမတို့ဘယ်အချိန်မှာရွေးလို့ရပါသလဲတဲ့ ယဉ်ယဉ်လေးမေးတာပါ

ငါ့အမရေ ရုံးဖွင့်ရက်ကြိုက်တဲ့အချိန်သွားရွေးပါ

မောင်လေးတို့မှာ အများနဲ့တာဝန်ထမ်းဆောင်ရတာမို့ လုပ်ငန်းသဘောလေးကိုနားလည်ပေးပါနော်အမ လို့

ဒါ ဒီနေ့အတွေ့အကြုံလေးပါ

သူငယ်ချင်းတွေဒီစာလေးဖတ်ပီးစကားအပြောအဆိုအတွက် ရွေးချယ်တတ်စေချင်ပါတယ် ယဉ်ယဉ်ကျေးကျေးပြောလဲဒီပါးစပ် ကြမ်းကြမ်းတမ်းတမ်းပြောလဲဒီပါးစပ်
ချိုချိုလေးစပြောလဲဒီပါးစပ် မာထန်ထန်စပြောလဲဒီပါးစပ်ပဲလေလူဆိုတာ သူသူကိုကို ချိုချိုလေးပြောတာကြိုက်ကြတာမို့ ဘယ်လိုအနေအထားပဲဖြစ်ဖြစ် ချိုချိုသာသာပြောဆိုဖြေရှင်းကြရမယ်လေ

နောက်တစ်ခုကရာထူးနိမ့်တဲ့အောက်ခြေဝန်ထမ်းဆိုတာ အထက်လူကြီးတွေရဲ့ နွေးထွေးတဲ့ဆက်ဆံရေးကို သိပ်မျှော်လင့်တာအေးမြတဲ့စကားလေးတစ်ခွန်းပြောထားခဲ့ရင် ကြည်နူးပီတိဖြစ်လို့ကိုမဆုံးနိုင်ဘူးလေဒါကြောင့် ဒီ post ရဲ့သာဓကလေးကိုယူပီးမှာယွင်းတဲ့ဖြေရှင်းနည်း မှားယွင်းတဲ့ဆက်ဆံရေးကို ရှောင်လွှဲနိုင်ပါစေအမှားသရုပ်ပြဆက်ဆံဖြေရှင်းသွားတဲ့ ဗိုလ်မှူး(အငြိမ်းစား)ကို ကျေးဇူးတင်ရင်း အဆိုး အကောင်း ခွဲခြားမှတ်ယူနိုင်ပါစေ

ယခုလောက်ဆိုလျှင်အဆိုပါဗိုလ်မှူးအငြိမ်းစားသည် ကျွန်တော်ရေးပေးလိုက်သည့်ချလန်အား ကြည့်ရှုကာ ဒေါသထွက်နေမည်လား အမှန်မြင်နိုင်မည်လား ကျွန်တော်မသိ ကျွန်တော်ကတော့ ထိုအဖြစ်အပျက်အား မှတ်တမ်းတင်ဖမ်းယူထားသည့် ကားအတွင်းမှ cctv မှတ်တမ်းလေးအားပြန်လည်ကြည့်ရှုလျှက်

် ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Crd

#ခရီးသည်​

Facebook Comments